စစ်အစိုးရအသံ မြဝတီ FM လွှင့်မည်

E-mail Print
စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှနေ၍ မြ၀တီ FM လိုင်းကို ကာကွယ်ရေး ၀န်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး (ကက-ပြည်) မှ တာဝန်ယူ ထုတ်လွှင့်ရန် စီစဉ်နေကြောင်း သိရသည်။

“ပုဂ္ဂလိကပိုင် FM လိုင်းတွေလို စစ်တပ်ပိုင်တဲ့ FM လိုင်း တလိုင်း ထုတ်လွှင့်သွားမှာပါ။ အခုကတည်းက စ အကောင်အထည် ဖော်နေတာ နောက်နှစ်ထဲမှာ စလွှင့်မယ်။ ဒီအတွက်လည်း အာဏာပိုင်တွေက ပုဂ္ဂလိက FM တွေကို လေ့လာဖို့ လွှတ်ထားတာ တွေလည်း ရှိတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိ တဦးက ဆိုသည်။

စစ်အစိုးရ၏ လုပ်ဆောင်ချက်များကို အဓိက ထုတ်လွှင့်မည့် မြဝတီ FM လိုင်းကို နေပြည်တော် ကာကွယ်ရေး ၀န်ကြီး ဌာန၀န်းအတွင်း အသစ် တည်ဆောက်ထားသည့် မြ၀တီ ရုပ်မြင်သံကြား အဆောက်အအုံတွင် ရုံးထိုင်၍ ထုတ်လွှင့် သွားမည်ဟု ၎င်း အရာရှိက ပြောပြသည်။

လာမည့် ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် “နေပြည်တော်” အမည်ရှိ စစ်တပ်ပိုင် သတင်းစာတစောင် ထုတ်ဝေရန် စီစဉ်နေကြောင်းလည်း ပြည်တွင်းဂျာနယ်တစောင်တွင် ယခင်လက ဖော်ပြခဲ့သည်။

အဆိုပါ နေပြည်တော် သတင်းစာကို ကာကွယ်ရေး ၀န်ကြီးဌာနပိုင် မြ၀တီ စာပေနှင့် ပုံနှိပ် ထုတ်ဝေရေးက ထုတ်ဝေ မည်ဖြစ်ပြီး FM လိုင်း ထပ်မံပေါ်ပေါက်လာပါက (ကက-ပြည်) ပိုင် မြ၀တီ ရုပ်မြင်သံကြား၊ သတင်းစာနှင့် FM ဟူ၍ မီဒီယာ ၃ ခု ဖြစ်လာမည်ဟု မြ၀တီ ရုပ်မြင်သံကြား နှင့်နီးစပ်သူတဦးက ပြောသည်။

“သတင်းစာက လာမယ့်နှစ်ထဲမှာ အကောင်အထည် ပေါ်အောင်ဆိုပြီး အခုကတည်းက စီစဉ်နေပါတယ်။ သတင်းစာ အတွက် အယ်ဒီတာတို့၊ သတင်းထောက်တို့ စုဆောင်းနေတယ်။  အလုပ်ခေါ်ထားသမျှ အကုန်လုံးကတော့ စစ်တပ်ထွက်တွေချည်းပဲ” ဟု မြ၀တီ စာပေနှင့် ပုံနှိပ်ထုတ်ဝေရေးမှ အရာရှိတဦးက ဆိုသည်။

စစ်အစိုးရသည် မြ၀တီ စာပေနှင့် ပုံနှိပ်ထုတ်ဝေရေးကို ၁၉၅၂ ခုနှစ် ဖဆပလ အစိုးရ လက်ထက်ကပင် ကာကွယ်ရေး ၀န်ကြီးဌာနက လုပ်ကိုင်ခဲ့ပြီး န၀တ အစိုးရ လက်ထက် ၁၉၉၅ ခုနှစ်တွင် မြ၀တီ ရုပ်မြင်သံကြား ဌာန ကိုပါ တိုးချဲ့ လုပ်ကိုင်ခဲ့သည်။

မြ၀တီ ရုပ်မြင်သံကြားသည်  ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ကက - ပြည် ပိုင် ရုပ်သံလိုင်း တခုဖြစ်ပြီး ၁၉၉၅ မတ်လ ၂၇ ရက်နေ့တွင် စတင် ထုတ်လွှင့်ခဲ့သည်။

ထို့အပြင် ရွှေသံလွင် မီဒီယာနှင့် ပူးပေါင်းကာ မြဝတီ အခပေး ရုပ်သံလိုင်းများကိုလည်း လာမည့် ၂၀၁၁ နှစ်ဆန်းတွင် ထုတ်လွှင့် သွားနိုင်ရန် စီစဉ်ဆောင်ရွက်နေခဲ့ပြီး MWD2 ၊ MWD3 စသည့် အခမဲ့ တိုးချဲ့လိုင်းများ ထပ်မံ ထုတ်လွှင့်ရန် ဆောင်ရွက်နေကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ လုပ်ဆောင်နိုင်ရန်  ရွေးကောက်ပွဲ မတိုင်မီ ကတည်းက  စစ်အစိုးရသည် ၎င်းပိုင် မြ၀တီ ရုပ်မြင်သံကြားအဆောက် အအုံနှင့် စက်ပစ္စည်းများကို ပုဂ္ဂလိကပိုင် ရွှေသံလွင် ကုမ္ပဏီကို ရောင်းချခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်