တတိယလုပွဲတွင် မြန်မာက ဗီယက်နမ်ကို ၂ ဂိုး ၁ ဂိုးဖြင့် နိုင်

E-mail Print
၁၅ ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ အမျိုးသား ဘောလုံးပွဲစဉ်တွင် ပွဲချိန် ၅၇ မိနစ်၌ မြန်မာ အသင်းခေါင်းဆောင် စည်သူဇော်ဦး အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရ သော်လည်း ဗီယက်နမ်အား ၂ ဂိုး - ၁ ဂိုးဖြင့် အနိုင် ယူနိုင်ခဲ့သည်။

cm-mm-thai-ball-01“ဗီယက်နမ်ကို အခုလို အနိုင်ယူလိုက်တာ လက်ရွေးစင် အသင်းကြီးအတွက် ကလဲ့စား ချေနိုင်လိုက်တာပါပဲ။ မြန်မာ ပရိသတ်တွေ အတွက် ဆက်လက်ကြိုးစားသွားပါမယ်” ဟု မြန်မာအသင်းနည်းပြ ဦးဇော်ဝင်းက ပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းမှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်နေ့က ဆူဇူကီးဖလား ပြိုင်ပွဲတွင် ဗီယက်နမ်အသင်းအား ၇ ဂိုး - ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

“မြန်မာအသင်းကို အားပေးရတာ အသံတောင်နာတယ်။ တယောက်လျော့နေလို့ ရင်လေးနေတာ။ အခုလို တတိယရသွားတဲ့ အတွက် အရမ်းပျော်တာပဲ” ဟု မြန်မာပရိသတ် အမျိုးသမီးတဦးက ပြောသည်။

မြန်မာအသင်းမှာ ပွဲချိန် ၇ မိနစ်တွင် တိုက်စစ်မှူး စောစိန်ဘမြင့်က ညာတောင်ပံမှ ဖြတ်တင်ဘောကို တဘက်အသင်း ဂိုးစည်း ဘယ်ဘက်ထောင့်သို့ ခေါင်းတိုက်၍ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သည်။

အချိတ်အဆက်မိမိ ထိုးဖောက်နိုင်ခဲ့သည့်အတွက် မြန်မာအသင်းမှာ ကစားကွက် အသာစီးရခဲ့ပြီး ဗီယက်နမ် အသင်းအား ထိန်းချုပ် ကစားနိုင်ခဲ့သည်။

သို့သော် ဒုတိယပိုင်း ပွဲချိန် ၅၇ မိနစ်တွင် မြန်မာအသင်းခေါင်းဆောင် နောက်တန်းကစားသမား စည်သူဇော်ဦးမှာ ၂ ၀ါ ၁ နီဖြင့် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည့်အတွက်  မြန်မာပရိသတ်များ အနည်းငယ်စိုးရိမ်ခဲ့သည်ကို မြင်တွေ့ရသည်။

ပွဲချိန် မိနစ် ၇၀ တွင် တန်ပြန်တိုက်စစ်မှ တဆင့် တိုက်စစ်မှူး ချစ်မိုးဦးက ဂိုးသမားနှင့် အနီးကပ် လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခွင့် ရသွားခဲ့သည့်အတွက် ဒုတိယ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သည်။

နည်းပြ ဦးဇော်ဝင်းက ယခုကဲ့သို့ တတိယဆု ရရှိရန် အကောင်းဆုံး ကြိုတင်ပြင်ဆင်မှုများဖြင့် ကြိုးပမ်း ခဲ့ကြောင်း၊ ယခုကဲ့သို့ ကြေးတံဆိပ်ဆု ရရှိသည့်အတွက် ၀မ်းသာမိကြောင်း ပြောသည်။

ဗီယက်နမ်အသင်းအတွက် တလုံးတည်းသော ချေပဂိုးကို ပွဲချိန် ၈၈ မိနစ်ရောက်မှ ထောင့်ကန်ဘောမှ တဆင့် နောက်တန်း ကစားသမား  မိုင်းဗန်လတ်က ခေါင်းတိုက်သွင်းယူသွားခဲ့သည်။

ဗိုလ်လုပွဲစဉ်တွင် အိမ်ရှင်ထိုင်းအသင်းက လာအိုအသင်းအား ၂ ဂိုး - ၀ ဂိုးဖြင့်အနိုင်ရခဲ့ပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးသွားခဲ့သည်။

cm-mm-thai-ball-02ချင်းမိုင်မြို့တွင် ကျင်းပသည့် အားကစား ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက် ခဲ့ပြီး ယနေ့ ဘောလုံးပွဲကိုလည်း လာရောက် အားပေးသွားခဲ့သည်ကို တွေ့ရသည်။

အာဆီယံ တက္ကသိုလ်များ အားကစားပွဲတွင် စုစုပေါင်း အားကစားနည်း ၁၆ မျိုး ယှဉ်ပြိုင်သော်လည်း မြန်မာနိုင်ငံမှ ကစားနည်း ၈ မျိုးသာ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

ပြိုင်ပွဲများတွင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ တက္ကသိုလ်အဆင့် ကျောင်းသူ/ ကျောင်းသား အားကစားသမား ၂၀၀၀ ခန့် လာရောက် ယှဉ်ပြိုင်ခဲ့သည်။

မြန်မာနိုင်ငံမှာ ယခုယှဉ်ပြိုင်လျက်ရှိသည့် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိမှု၌ အဆင့် ၉ နေရာတွင် ရပ်တည်နေပြီး ကြေးတံဆိပ်ဆု ၃ ဆု ရရှိထားသည်။

ဆုတံဆိပ် ရရှိမှုဇယားထိပ်ဆုံးတွင် အိမ်ရှင် ထိုင်းအသင်းက စုစုပေါင်း ဆုတံဆိပ် ၁၆၁ ခုဖြင့်ရပ်တည်နေပြီး အင်ဒိုနီးရှားနိုင်ငံမှာ စုစုပေါင်း ဆုတံဆိပ် ၁၄၇ ခုဖြင့် ဒုတိယ၊ မလေးရှားအသင်းက စုစုပေါင်း ဆုတံဆိပ် ၁၁၅ ခုဖြင့် တတိယနေရာ၌ ရပ်တည် နေကြသည်။ ဇယားအောက်ဆုံးမှ ကမ္ဘောဒီးယားနိုင်ငံမှာ ဆုတံဆိပ်လုံးဝ မရရှိချေ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်