ထာဝရနှင်းဆီ အငြိမ့် မလေးရှားနှင့် စင်္ကာပူတွင် ဖျော်ဖြေမည်

E-mail Print
မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင် ဖျော်ဖြေမည့် ထာဝရနှင်းဆီ အငြိမ့် အတွက် ပရိသတ်များ အထူးစိတ်ဝင်စားနေပြီး ကြိုတင် လက်မှတ်များ ၀ယ်ယူသူ များပြားနေကြောင်း သိရှိရသည်။

Htar_wa_ya_hnin_si400“လက်မှတ်တွေကတော့ ရောင်းနေရပြီ။ အများဆုံးကတော့ အထူးတန်းတွေရောင်းနေရတယ်။ ပရိသတ်တွေက အတော်လေးကို စိတ်ဝင်စားကြတယ်”ဟု မလေးရှားတွင် ထာဝရနှင်းဆီ ရုပ်ရှင်၊ ဂီတ ပဒေသာ ကပွဲဖြစ်မြောက်ရေး အတွက် ဦးဆောင်သူ မြန်မာ့ ဥယျာဉ် ကုမ္ပဏီမှ ကိုစိုးသန်းက ပြောသည်။

ယခုဖျော်ဖြေမည့် ထာဝရနှင်းဆီတွင် နိုင်ငံခြားရောက်မြန်မာများအတွက် ရိုးရာယဉ်ကျေးမှုကို အဓိက ပြသမည့် အစီအစဉ်များ ပါဝင် မည်ဖြစ်ကြောင်း၊ ပြက်လုံးများကို အကောင်းဆုံး ကြိုးစားတင်ဆက် သွားမည်ဖြစ်ကြောင်း လူရွှင်တော်အဖြစ် ဖျော်ဖြေမည့် သရုပ်ဆောင် ကျော်ကျော်ဗိုကလည်း ပြောဆိုသည်။

“ပြည်ပက ပရိသတ်တွေ အခုလို စိတ်ဝင်စားကြတဲ့အတွက် ၀မ်းသာပါတယ်။ ရေခြား၊ မြေခြားက ပရိသတ်တွေကို ဖျော်ဖြေခွင့်ရဖို့က မလွယ်ပါဘူး။ အကောင်းဆုံးဖြစ်အောင် ကြိုးစားတင်ဆက်သွားမှာပါ”ဟု ၎င်းက ဆိုသည်။

မလေးရှားရှိ မြန်မာ့ဥယျာဉ်က စီစဉ်သည့် ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) ၏ ထာဝရ နှင်းဆီ ရုပ်ရှင်၊ ဂီတ ပဒေသာ ကပွဲကို မင်းသမီးအဖြစ် မေကဗျာ၊ ဂျင်းနီ နှင့် ဖူးစုံတို့က လည်းကောင်း၊  လူရွှင်တော်များ အဖြစ် သရုပ်ဆောင် နေတိုး၊ ကျော်ကျော်ဗို၊ ရဲလေး၊ ထွန်းထွန်းနှင့် မိုးမိုးတို့ကလည်းကောင်း ကပြဖျော်ဖြေကြမည်ဖြစ်သည်။

အဆိုပါပွဲများအတွက် လွန်ခဲ့သည့် ၃ လခန့်ကတည်းက ပါဝင်ဖျော်ဖြေမည့် အနုပညာရှင်များနှင့် သဘောတူစာချုပ် ချုပ်ဆိုထားပြီး ဖြစ် ကြောင်းနှင့် ပွဲမကမီ အချိန်အတွင်း မလေးရှားနိုင်ငံအတွင်း မည်သည့်ပွဲကိုမှ လက်ခံကပြမည်မဟုတ်ကြောင်းကိုလည်း သဘော တူ ထားကြောင်း သိရသည်။

မလေးရှားနိုင်ငံ ထာဝရနှင်းဆီ ရုပ်ရှင်၊ ဂီတ ပဒေသာ ကပွဲကို၂၀၁၁ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကွာလာလမ်ပူ၌ လည်းကောင်း၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပီနန်၌ လည်းကောင်း ၂ နေရာ ကျင်းပမည်ဖြစ်သည်။

အနုပညာရှင်များ နှင့် မြန်မာပရိသတ်များ တွေ့ဆုံမိတ်ဆက်ပွဲကို ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ကွာလာလမ်ပူ မြန်မာ့ ဥယျာဉ် ၌ လည်းကောင်း၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပီနန် မြန်မာ့ ဥယျာဉ် ၌ လည်းကောင်း ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ကိုစိုးသန်း က ရှင်းပြသည်။

ထိုင်ခုံ လက်မှတ်များကို VIP တန်း၊ ရိုးရိုးတန်း၊ အထပ်တန်း၊ ထိုင်ခုံမပါ အဖြစ် သတ်မှတ်ထားပြီး ဈေးနှုန်းများမှာ ရမ်းဂစ် ၅၀ မှ ၁၈၀ အထိ အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။ Htar_wa_ya_hnin_si2_400
ထို့အတူ စင်္ကာပူနိုင်ငံတွင်လည်း မတ်လ ၆ ရက်နေ့တွင် ချိုင်းနားတောင်း ရပ်ကွက်ရှိ Kreta Ayer People’s Treatre ဇာတ်ရုံ တွင် ထာဝရနှင်းဆီ နှစ်ပါးသဘင် ကျင်းပ မည်ဖြစ်သည်။

မြန်မာနှစ်ကူး အတာ သင်္ကြန်ကို ကြိုဆိုသောအားဖြင့် စင်ကာပူရောက် အနုပညာချစ်သူများ စီစဉ်သော ထာဝရနှင်းဆီတွင် သစ္စာ မေတ္တာ ရွှေမန်းသဘင် မှ မင်းသား တင်မောင်ဆန်းမင်းဝင်း က ဧည့်သည် အနုပညာရှင်အဖြစ် ပါဝင်ဖျော်ဖြေမည်ဖြစ်ပြီး အဆိုပါ ပွဲအတွက် လက်မှတ် ရောင်းဈေးများကို စင်္ကာပူ ဒေါ်လာ ၅၀၊ ၄၀၊ ၃၀ သတ်မှတ်ထားကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက် တန်ဆောင်မုန်း လပြည့်နေ့က သုဝဏ္ဏ အားကစားပြိုင်ပွဲရုံ(၁) ၌ ကျင်းပသည့် ထာဝရနှင်းဆီအငြိမ့်  ဖျော်ဖြေပွဲတွင် နေတိုး၏ “မှန်ရာကို သစ္စာဆိုပါမည်။ လမ်းတွေကို အလွယ်ခင်းပါသည်။ ဒါပေမယ့်လည်း တခုတော့ ပြောချင်သည် တခြမ်းပဲ ခင်း ... တော့ သွားရ အလွန်ခက်သည်” ပြက်လုံး၊ ထွန်းထွန်း၏ “ဖုန်းတွေဟာ အလွန် ပေါပါသည်၊ ခေါ်ဆိုသော်လည်း လိုင်းက   ကျပ် ပေသည်၊ ဈေးကြီးပေမယ့် ဆက်ရ အလွန်ခက်သည်” စသည့် ပြက်လုံးများမှာ မြန်မာပြည်သူများ၏ နေ့စဉ် ဘ၀ကို ထင်ဟတ် နေသောကြောင့် အကြိုက်တွေ့ခဲ့ကြောင်း ကြည့်ရှုခဲ့သည့် ပရိသတ်များက ပြောဆိုကြသည်။

ထိုဖျော်ဖြေပွဲပြီးနောက် ရန်ပုံငွေပွဲ ကပြတင်ဆက်ပြီး အခွေထွက်ရှိမည်ဆိုပါက ဗီဒီယို ဆင်ဆာအဖွဲ့မှ ခွင့်ပြုထားသည့် အတိုင်းသာ ကပြရတော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တရားဝင် ထုတ်ပြန် ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်