နအဖ စစ်တပ်နှင့် ရခိုင်တပ် တိုက်ပွဲဖြစ်

E-mail Print
ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ၌ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALA) နှင့် နအဖ စစ်တပ်တို့ ဇန်န၀ါရီလ ၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ စစ်တပ်မှ ၄ ဦးကျဆုံးခဲ့ပြီး ALA မှ ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ချင်းပြည်နယ် ပလက်ဝ မြို့နယ်၌ အခြေစိုက်ကာ နယ်စပ် တလျောက်လှုပ်ရှားနေသော နအဖ၏ ခလရ ၅၅ တပ် မှတပ်သားအင်အား ၃၀ ၀န်းကျင်နှင့် ALA တပ်သားအင်အား ၄၀ ၀န်းကျင်တို့သည် ဇန်န၀ါရီလ ၃ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က အပြန်အလှန်ပစ်ခတ်ခဲ့ ကြကြောင်း၊ ALA က စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ALA အဖွဲ့ဝင် တဦးကပြောသည်။

၁ နာရီနီးပါး တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး နအဖ ဘက်မှ တပ်အင်အားများ တိုးချဲ့ကာ ထိုးစစ်ဆင် တိုက်ခိုက်လာ၍ ALA က နောက်ဆုတ် လိုက်ရကြောင်း၊ နအဖ၏ စစ်စခန်း အားလုံးနီးပါး ပျက်စီးသွားပြီး ALA ဘက်ကလည်း ပျက်စီးမှုများ ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားချိန်သည် နေ့ခင်းဘက်ဖြစ်၍  နအဖ စစ်တပ်ဘက်မှ သေဆုံးသူ ၄ ဦးနှင့် ဒဏ်ရာရသူ ၂ ဦး ဆိုသည်ကို အတိအကျ ပြောဆိုနိုင်ခြင်းဖြစ်ကြောင်း၊ ALA တပ်မှ သေဆုံးသွားသူ ရဲဘော်မှာ ခိုင်မြ၀င်း ဖြစ်ကြောင်း ALA ဗဟို အဖွဲ့ဝင် တဦးဖြစ်သူ ကိုသုခက ဧရာဝတီကို ပြောသည်။

“ဒီနှစ်အတွင်းမှာ တိုက်ခိုက်မှုတွေကို ပြောက်ကျားစနစ်နဲ့ အရှိန်မြှင့် လုပ်ဆောင်သွားမှာပါ။ လွတ်လပ်ရေးနဲ့ တိုင်းရင်းသားအားလုံး တန်းတူ အခွင့်အရေး ရတဲ့အချိန်ထိပေါ့” ဟု ကိုသုခက ပြောဆိုသည်။

ရခိုင်တိုင်းရင်းသားများအပြင် တခြားသော တိုင်းရင်းသား အားလုံးနှင့်ပူးပေါင်း၍ စစ်အာဏာရှင် စနစ် ပပျောက်ရေး၊ ကိုယ်ပိုင်လွတ်လပ်ရေး၊ တန်းတူ အခွင့်အရေးရရှိရေး တို့ကို ဆောင်ရွက်သွားမည် ဟုလည်း ဆိုသည်။

ဇန်န၀ါရီလ ၃ ရက်နေ့တွင် တိုက်ခိုက်ရခြင်းမှာ ၄ ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးသည် စစ်အစိုးရ အတွက်သာဖြစ်ပြီး တခြားသော တိုင်းရင်းသားများ၊ ပြည်သူများအတွက် လွတ်လပ်ရေးမရသေး၍ တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ယခုတိုက်ပွဲသည် ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော် (ALA) နှင့်နအဖ တပ်တို့အကြား ယခုနှစ်အတွင်း ပထမဆုံးဖြစ်ပွားသော တိုက်ပွဲ တခုဖြစ်ပြီး တိုက်ခိုက်မှုကို အရှိန်မြှင့် လုပ်ဆောင်သွားမည်ဟု ALA အဖွဲ့ဝင်က ဆိုသည်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင်လည်း နအဖ တပ်ဖွဲ့နှင့်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖ ဘက်က သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။

ALA သည် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်၌ အခြေပြုကာ စစ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် တခုတည်းသော ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။

ALA အား ၁၉၇၃ ခုနှစ်တွင် ထိုင်း-မြန်မာ နယ်စပ်၌ တည်ထောင်ခဲ့ပြီး အိန္ဒိယနိုင်ငံ၌ အခြေစိုက်ကာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် အိန္ဒယ နယ်စပ်တို့တွင် စစ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

နအဖ စစ်အစိုးရတပ်များနှင့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အကြား တိုက်ခိုက်မှု သည် ၂၀၁၀ ခုနှစ် နှောင်း ပိုင်းတွင် ဆက်တိုက် ဖြစ်ပွားလျက် ရှိသည်။ နအဖ စစ်တပ်နှင့် ထိုင်း-မြန်မာ နယ်စပ်ရှိ  DKBA တပ်ဖွဲ့တို့ အကြား တိုက်ခတ်မှု သည် ဆက်တိုက် ဖြစ်ပွား နေပြီး ယခု ရက်ပိုင်းတွင် ပိုမို ပြင်းထန်လျက် ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်