ဦးပိုင် လီမိတက် လုပ်ငန်းများ အခွန်ဆောင်ရန် မလို

E-mail Print
ထိပ်တန်း စစ်ဗိုလ်ချုပ်များနှင့် စစ်တပ် အသိုင်းအ၀ိုင်း အတွက် ၀င်ငွေအဓိက ရှာပေးနေသော ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်သည် နိုင်ငံတော်သို့ အခွန်ဆောင်ရန် မလိုဘဲ ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို စိတ်ကြိုက်လုပ်ပိုင်ခွင့် အထူး အခွင့်အရေး ရရှိထားကြောင်း သိရသည်။

a-ship-of-5-Star-Line-seen-as-Yangon-Riverဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက်ရှိ ပြည်တွင်း အခွန်များဦးစီးဌာနသည် အခွန်တိမ်းရှောင်မှု လျော့ကျစေရန် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစပြီး ပင်ရင်းမှ နုတ်ယူ ပေးသွင်းသည့် အခွန် (သို့) ဝင်ငွေခွန် (Withholding Tax) စနစ်သစ် စတင် ကျင့်သုံးပြီဖြစ်သော်လည်း စီးပွားရေးဦးပိုင် လီမိတက်သည် အခွန်ကင်းလွတ်ခွင့်ရသော စီးပွားရေး အဖွဲ့အစည်းဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးကြည်က ပြောသည်။

“နိုင်ငံတော် အဖွဲ့အစည်းတွေရယ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်က အခွန်ကင်းလွတ်ခွင့် ရှိတယ်” ဟု ၎င်းက ရှင်းပြသည်။

နိုင်ငံတော် အဖွဲ့အစည်းများသည် နိုင်ငံတော် စာရင်းစစ်အဖွဲ့မှတဆင့် စစ်ဆေးပြီး လိုအပ်သောအခွန်များ ပေးဆောင်မည် ဖြစ်သည့်အတွက် တခြားစီးပွားရေး လုပ်ငန်းများကဲ့သို့ အခွန်ပေးဆောင်ရန် မလိုအပ်ကြောင်း၊ သို့ရာတွင် စီးပွားရေးဦးပိုင် လီမိတက်မှာမူ အခွန်ပေးဆောင်ရန် မလိုသော စစ်တပ်ပိုင် စီးပွားရေးကုမ္ပဏီဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အရာရှိတဦးက ပြောသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ စီးပွားရေး သမားတဦးက စီးပွားရေးဦးပိုင် လီမိတက်သည် လက်ရှိ ပြည်တွင်းစီးပွားရေး လုပ်ငန်းပေါင်း မြောက်မြားစွာကို ပိုင်ဆိုင်ခွင့် ရရှိထားသော အဖွဲ့အစည်းဖြစ်သောကြောင့် အခွန်ပေးသင့်ကြောင်း၊ စီးပွားရေးလုပ်ငန်း ဆောင်ရွက်သည့် မည်သည့်အဖွဲ့အစည်းမဆို အခွန်ပေးဆောင်ရန် တာဝန်ရှိပြီး အဆိုပါအခွန်ငွေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် တိုင်းပြည်ရေးရာ ကိစ္စများ ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် တပြေးညီ မျှတသော အခွန်ထမ်းစနစ် ပေါ်ပေါက်မှသာ နိုင်ငံသားအားလုံး အခွန်ဆောင်လိုကြမည်ဖြစ်ကြောင်း သုံးသပ်သည်။

“စစ်တပ်ကျောထောက်နောက်ခံ အဖွဲ့အစည်းဖြစ်လို့ အခွန်မဆောင်ဘူး၊ ဗိုလ်ချုပ်တွေနဲ့ အဆင်ပြေလို့ အခွန်မဆောင်ဘူး၊ နိုင်ငံတော်ဖွံ့ဖြိုးရေးလုပ်လို့ အခွန်မဆောင်ဘူးဆိုပြီး အခွန်ရှောင်ကြတာတွေ အများကြီးပဲ။ ဒီတော့ တခြား စီးပွားရေးသမားတွေကလည်း အောက်ခြေနဲ့ ညှိပြီး အခွန်ရှောင်တယ်။ အခွန် သိန်း ၁၀၀ ဆောင်ရမယ်ဆိုရင် အောက်ခြေ အခွန်ဝန်ထမ်းတွေကို သိန်း ၃၀ လောက်ပေးပြီး လုပ်ငန်းအရှုံးပြ အခွန်ရှောင်တာမျိုးတွေ ဖြစ်လာတယ်။ ဒါတွေက တရားဥပဒေ စိုးမိုးမှုမရှိလို့” ဟု ၎င်းက ထောက်ပြသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အရာရှိတဦး၏ ပြောကြားချက်အရ လူဦးရေ သန်း ၅၀ ကျော်ရှိသော မြန်မာနိုင်ငံတွင် လူဦးရေ၏ ၁.၀၉ ရာခိုင်နှုန်းကသာ အခွန်ပေးဆောင်သည်ဟု သိရသည်။

အခွန်ကင်းလွတ်ခွင့်ရှိသော စီးပွားရေးဦးပိုင် လီမိတက်သည် ပြည်သူပိုင်ပစ္စည်းများကို ၄င်းတို့ပိုင် ပစ္စည်းများအဖြစ် သိမ်းယူလျက်ရှိပြီး ကြယ်ငါးပွင့် သင်္ဘောလိုင်း၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်း၊ ပန်းဆိုးတန်းလမ်းမရှိ ကုန်သွယ်ရေး အဆောက်အအုံ၊ ကုန်သည်လမ်းရှိ ဗဟိုဘဏ် အဆောက်အအုံတို့ ပါဝင်သည်။

စီးပွားရေးဦးပိုင် လီမိတက်သည် စီးပွားရေးလုပ်ငန်းပေါင်း မြောက်မြားစွာ လုပ်ကိုင်လျက်ရှိပြီး မြ၀တီဘဏ်၊ လန်းပြီ သင်္ဘောလိုင်း၊ Ruby ကုန်တိုက်၊ ပါရမီအငှားယာဉ်လိုင်း၊ အဓိပတိ ယာဉ်လိုင်းအပါအ၀င် ခရီးသည်တင် ပို့ဆောင်ရေးလုပ်ငန်းများ၊ မြ၀တီ ကုန်သွယ်ရေးကုမ္ပဏီ၊ မြနန္ဒာ သောက်ရေသန့်၊ ရွှေ တူးဖော်ခွင့်၊ ကျောက်မျက်ရတနာ တူးဖော်ခွင့်၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စီးကရက်လုပ်ငန်း၊ ကားတင်သွင်းခွင့်၊ ကားထုတ်လုပ်ရေးလုပ်ငန်း၊ သစ်ထုတ်လုပ်ခွင့် အပါအ၀င် အကျိုးအမြတ်များသော စီးပွားရေးလုပ်ငန်းကြီးများကို အထူးအခွင့်အရေးဖြင့် လုပ်ကိုင်လျက်ရှိသည်။

စီးပွားရေးဦးပိုင် လီမိတက်၏ ယခင် ဥက္ကဋ္ဌမှာ ဒု ဗိုလ်ချုပ်ကြီးဟောင်း တင်အေးဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလမှ စ၍ စစ်ရေးချုပ် ဗိုလ်ချုပ် ခင်ဇော်ဦးကို ပြောင်းလဲခန့်အပ် တာဝန်ပေးခဲ့သည်။

စီးပွားရေး ဦးပိုင်လီမိတက်ကို စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များဖြင့် ၁၉၉၀ ခုနှစ်က စတင် တည်ထောင်ဖွဲ့စည်းခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်