ဧရာရွှေဝါဆီဆိုင်မီးလောင်၊ ကျပ်သိန်းထောင်ချီဆုံးရှုံး

E-mail Print
ပဲခူးတိုင်း ဇီးကုန်းမြို့နယ် အတွင်းရှိ ဧရာရွှေဝါ ပုဂ္ဂလိက စက်သုံးဆီဆိုင် မီးလောင်ခဲ့ သောကြောင့် တန်ဖိုး ကျပ်သိန်း ထောင်ချီ ဆုံးရှုံးခဲ့ပြီး ဆိုင်မန်နေဂျာနှင့် ဝန်ထမ်း တဦး ဒဏ်ရာရခဲ့သည်။

ပဲခူးတိုင်း ဇီးကုန်းမြို့ မြောက်ဘက် ၁ မိုင်ခန့် အကွာ ပြည်မြို့ဘက်အထွက် ရန်ကုန် - ပြည် လမ်းမကြီးဘေးတွင် ဇန်န၀ါရီ ၆ ရက်နေ့နံနက် ၁ နာရီ ၁၅ မိနစ်က စက်သုံးဆီရောင်းချနေစဉ် မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

စက်သုံးဆီ လာဝယ်သူအား အောက်တိန်း (Octane) ဆီရောင်းချရန် ဆီပေပါ အဖုံးအား ဂေါက်တံဖြင့် ဖွင့်ချိန်တွင် ဆီတိုင်ကီ ဂေါက်တံ ချော်ထွက်ရာမှ မီးပွင့်ပြီး မီးစတင် လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် ဆိုင်မန်နေဂျာ ဦးမောင်မောင်ကြီးနှင့် အလုပ်သမား ဦးသောင်းတင်မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ မီးလောင်မှုတွင် စက်သုံးဆီပေပါ ၁၄ လုံး မီးကူးစက် လောင်ကျွမ်းခဲ့ပြီး ဆီဆိုင်မျက်နှာစာ အမိုး အပါအ၀င် အနောက်ဘက်ရှိ ဆီဆိုင်နံရံနှင့်ကပ်လျက် နှစ်ထပ် အဆောက်အအုံမှာလည်း မီးကူးစက် လောင်ကျွမ်းခဲ့သည်။

မီးလောင်ရာနေရာသို့ ပြည်ခရိုင်မှ မီးသတ်ယာဉ် ၄ စီး၊ သာယာဝတီခရိုင်မှ ၁၀ စီး စုစုပေါင်း မီးသတ်ယာဉ် ၁၄ စီးတို့ ရောက်ရှိခဲ့ပြီး မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၄၅ မိနစ်တွင် လောင်ကျွမ်းမှုကို စတင် ထိန်းနိုင်ခဲ့ပြီး နံနက် ၃ နာရီတွင် မီးလုံးဝ ငြိမ်းသွားခဲ့ကြောင်း သိရသည်။

“ဆီထည့်တဲ့ အခါမှာ ကျနော်တို့မီးသတ်က မီးဘေး ကာကွယ်ရေး အတွက်ဆိုပြီး သတ်မှတ်ထားတဲ့ စည်းကမ်းတွေရှိပါတယ်။ ဒီမီးလောင်မှုရဲ့ အဓိကကတော့ မီးဘေး အသိမရှိတာရယ်၊ မီးဘေးကာကွယ်မှုကို အလေးအနက် မထားတယ်ရယ်ကြောင့်လို့ ပြောချင်ပါတယ်။ စ ဖြစ်ဖြစ်ချင်းသာ မီးဘေးကာကွယ်ရေး ပစ္စည်းတွေ သုံးတတ်ရင် ဒီလောက် ကြီးမားစရာ အကြောင်းမရှိဘူး” ဟု သာယာဝတီခရိုင် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တဦးက ဆိုသည်။

ထို့အပြင် ယင်းမီးလောင်နေရာနှင့် အနီးဝန်းကျင်တွင် လူနေအိမ် အဆောက်အအုံများ မရှိခြင်းကြောင့် ပတ်ဝန်းကျင်သို့ မီးကူးစက် လောင်ကျွမ်းခြင်း မရှိခဲ့ခြင်း ဖြစ်ကြောင်း၊ မီးလောင်ကျွမ်းသည့် နေ့က တခြားသော ဆီဆိုင်ဝန်ထမ်းများ မရှိသဖြင့် ဆိုင်ရှိ လူ ၂ ဦးသာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ထို ၂ ဦးမှာလည်း စိုးရိမ်စရာအခြေအနေ မရှိတော့ကြောင်း ဧရာရွှေဝါနှင့် နီးစပ်သူ တဦးက ပြောသည်။

မီးလောင်ခဲ့သည့် ဧရာရွှေဝါ စက်သုံးဆီဆိုင်မှာ ဒီဇယ်နှင့် အောက်တိန်းဆီ ရောင်းချနေသည့် ပုဂ္ဂလိက စက်သုံးဆီဆိုင်ကြီး တဆိုင်ဖြစ်ပြီး ယင်းမီးလောင်ကျွမ်းမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာက (ပ) ၅/ ၂၀၁၁ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ ဖြင့် ဆိုင်မန်နေဂျာ ဦးမောင်မောင်ကြီးအား အမှုဖွင့် ထားကြောင်း သိရသည်။

ဒေသခံများက ကျပ် သိန်းထောင်ချီ ဆုံးရှုံးနိုင်သည်ဟု ဆိုသော်လည်း မီးသတ်ဌာနများကမူ ကျပ် ၃၄ သိန်းသာ ဆုံးရှုံးမှု ရှိသည်ဟု ထုတ်ပြန်ထားသည်။

ဧရာရွှေဝါ ကုမ္ပဏီသည် စစ်အစိုးရ ဗိုလ်ချုပ်ကြီးဟောင်း ဦးသူရရွှေမန်း၏သား ဦးအောင်သက်မန်းပိုင် ကုမ္ပဏီတခု ဖြစ်သည်။

ဇီးကုန်းမြို့တွင် တရားမ၀င် ဆီဆိုင် အသေးစားများလည်း ရှိပြီး ယင်းဆိုင်များကို အာဏာပိုင်များနှင့် ညှိနှိုင်း၍ မြို့ပြင်တွင် ဖွင့်လှစ် ထားကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်