လွှတ်တော်သတင်းကို အစိုးရ သတင်းစာအတိုင်းသာ ဖော်ပြရ

E-mail Print
ပုဂ္ဂလိက သတင်းဂျာနယ် များတွင် ရေးသားဖော်ပြမည့် လွှတ်တော်နှင့် သက်ဆိုင်သည့် သတင်းများကို နိုင်ငံပိုင်သတင်းစာ အတိုင်းသာ ရေးသားဖော်ပြ၍ ဓာတ်ပုံကို မြန်မာ့ရုပ်သံ သတင်းမှ ယူသုံး ရမည်ဖြစ်ကြောင်း သိရသည်။

extra400နှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကျင်းပနေသော လွှတ်တော်အစည်း အဝေးသတင်းကို သတင်းစာတွင် ပါရှိသည့်အတိုင်း ဖော်ပြခွင့် ရှိသော်လည်း နိုင်ငံရေးပါတီများ၏ လွှတ်တော်အပေါ် ယူဆသုံးသပ်ချက်၊ လွှတ်တော် အစည်းအဝေး တက်ရောက် နေသော ကိုယ်စားလှယ်များ၏ ပြောဆို သုံးသပ်ချက် အပါအ၀င် နိုင်ငံရေးသတင်းများအားလုံးကို စာပေစိစစ်ရေးက ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စတင် ပိတ်ပင်လိုက်ကြောင်း ပြည်တွင်း သတင်းဂျာနယ် အသိုင်းအ၀န်းက ပြောသည်။

“လွှတ်တော် အစည်းအဝေးနဲ့ ပတ်သက်လို့ အစိုးရ သတင်းစာထဲမှာ ပါတဲ့အတိုင်းပဲ ပေးတယ်။ သတင်းသမားတွေက လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖုန်းဆက် မေးမြန်းပြီး ရေးတဲ့ သတင်းတွေ၊ နေပြည်တော်သွားပြီး ရိုက်ထားတဲ့ ဓာတ်ပုံတွေ ဘာကိုမှ ခွင့်မပြုဘူး။ ဘာမှ ထည့်ခွင့် မပေးဘူး” ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ရှင်းပြသည်။

ထို့အပြင် ယခင်က ထည့်ခွင့်ပြုခဲ့သော နိုင်ငံရေးပါတီများ၏ လှုပ်ရှားမှုသတင်း များကိုပါ ပိတ်ပင်တားမြစ်ထားသည်ဟု သိရသည်။

“ဇန်န၀ါရီ ၃၁ ရက်နေ့က ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရုံးချုပ်မှာ နိုင်ငံရေးပါတီ ၁၁ ပါတီ တွေ့ဆုံ ဆွေးနွေးကြတယ်။ အဲဒီသတင်းကို ဂျာနယ်ထဲ ထည်ဖို့ စိစစ်ရေးတင်တာ အဖြုတ်ခံရတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သတင်းတွေ အားလုံး အဖြုတ်ခံရတယ်” ဟု နာမည်ကြီး သတင်း ဂျာနယ် တစောင်၏ အယ်ဒီတာ တဦးက ဆိုသည်။

ယခု ပြည်တွင်းသတင်းဂျာနယ် အများစု ရင်ဆိုင်နေရသော စာပေစိစစ်ရေး၏ တင်းကျပ်မှုသည် ယခင် စစ်ထောက်လှမ်းရေး ကြီးစိုးသော ခေတ်က တင်းကျပ်မှု အခြေအနေသို့ ပြန်လည်ဆိုက်ရောက်သွားပြီ ဖြစ်ကြောင်း သတင်းသမား များက သုံးသပ် ကြသည်။

“လွှတ်တော် ခေါ်လိုက်တာနဲ့ အတိုင်းအတာတခုအထိ မီဒီယာ လွတ်လပ်ခွင့် ရလာမယ်ထင်တာ။ အခုတော့ ဘာမှ ဖြစ်မလာတဲ့ အပြင် အခြေအနေက ပိုတောင်ဆိုးသွားတယ်။ လွှတ်တော် အစည်းအဝေးကိုလည်း သတင်းယူခွင့်မပေးဘူး။ ဒါ့အပြင်
သတင်း ဖော်ပြခွင့်ကိုလည်း ကန့်သတ်တယ်။ အစိုးရသစ် လက်ထက်မှာ မီဒီယာတွေ နှိပ်ကွပ်ခံရဖို့ပဲ ရှိတယ်” ဟု ၀ါရင့် သတင်းစာဆရာ တဦးက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ ပုဒ်မ ၃၅၄ တွင် နိုင်ငံသားတိုင်းသည် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ အေးချမ်း သာယာရေး အပါအ၀င် ပြဋ္ဌာန်းထားသော ဥပဒေနှင့် မဆန့်ကျင်လျှင် လွတ်လပ်စွာ ဆန္ဒပြခွင့်၊ ထုတ်ဖော် ပြောဆိုခွင့်၊
အသင်း အဖွဲ့ ဖွဲ့စည်းခွင့် အပါအ၀င် နိုင်ငံသား အခွင့်အရေးများ ရမည်ဖြစ်ကြောင်း တရားဝင် ပြဋ္ဌာန်းထားသည်။

“မီဒီယာ လွတ်လပ်ခွင့်က ဘယ်လိုမှကို လမ်းမမြင်ဘူး။ လတ်တလောမှာ နေပြည်တော်သွားတဲ့ သတင်းသမားတွေခေါ်ယူ စစ်ဆေးခံရတာမျိုး အထိတောင် ဖြစ်လာပြီ။ မီဒီယာ လွတ်လပ်ခွင့်ရှိတာ၊ မရှိတာထက် သတင်းသမားတွေ ဘေးကင်းလုံခြုံစွာနဲ့ သတင်းယူခွင့်တောင် ရပါ့မလားဆိုတာ စဉ်းစားစရာဖြစ်လာပြီ” ဟု ၀ါရင့်သတင်းစာဆရာက ပြောသည်။

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လွှတ်တော်တွင် သတင်းမီဒီယာများကို သတင်းယူခွင့်ပြုရန် လွယ်ကူ သော်လည်း ထိန်းချုပ်ရန် ခက်ခဲသည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

“ပြည်သူ့ဆန္ဒ အစစ်အမှန်နဲ့ ရွေးထားတဲ့ အစိုးရဆိုရင် မီဒီယာကို ကြောက်စရာမလိုပါဘူး။ အခု မီဒီယာကိုကြောက်တယ် ဆိုတာ သူတို့ လိမ်ထားတာ၊ ဖုံးကွယ်ထားတာတွေ ပေါ်မှာစိုးလို့ ဆိုတာ ထင်ရှားတယ်” ဟု အထက်ပါ အယ်ဒီတာက ပြောသည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိက သတင်းမီဒီယာ များကို အစိုးရက အပြည့်အ၀ ထိန်းချုပ်ထားပြီး ပုဂ္ဂလိက သတင်းစာ ယခုအထိ ထုတ်ဝေခွင့် မပေးသေးဘဲ အပတ်စဉ်ထုတ် ဂျာနယ်နှင့် မဂ္ဂဇင်းများကိုသာ စာပေစိစစ်ရေး၏ ထိန်းချုပ်မှု အောက်တွင် ထုတ်ဝေခွင့် ပြုထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်