စရဖ နေရာများတွင် ရဲအထူး သတင်းတပ်ဖွဲ့ အစားဝင်

E-mail Print
စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) များကို လုံခြုံရေးချထားရာ နေရာများမှ မကြာသေးမီက စတင်၍ ပြန်လည် ရုပ်သိမ်းနေပြီး ရဲအထူး သတင်းတပ်ဖွဲ့ (SB) များဖြင့် အစားထိုးနေကြောင်း သိရှိရသည်။

“အခုရက်ပိုင်းအတွင်း ရပ်ကွက်အလိုက် တာဝန်ချထားတဲ့ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့တွေကို ပြန်လည်ရုပ်သိမ်းနေပါတယ်။ သူတို့အစား သတင်းတပ်ဖွဲ့ကပဲ အလုံးစုံ တာဝန်ယူတော့မယ်လို့ သိရပါတယ်” ဟု ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် (ရယက) တဦးက ပြောသည်။

နယ်မြေခံ စရဖ၊ ရဲအထူး သတင်းတပ်ဖွဲ့စသည်တို့သည် နေ့ပိုင်းတွင် ဆိုင်ရာရပ်ကွက်အလိုက် သတင်းရယူလေ့ရှိပြီး ညပိုင်းတွင် ယင်းတို့ဆိုင်ရာ ရယကရုံးများတွင် အခြေချလေ့ရှိကြောင်း သိရှိရသည်။

“လွန်ခဲ့တဲ့ သုံးရက်လောက်ကစပြီး စရဖတွေ ကျနော့်ဆီ မလာတော့ဘူး။ သတင်းတပ်ဖွဲ့ကပဲ လာတော့တယ်။ စရဖက ဒီတာဝန်တွေ ယူစရာ မလိုတော့ဘူးလို့ သတင်းတပ်ဖွဲ့က လူတွေကပြောတယ်”  ဟု အဆိုပါ ရယကအဖွဲ့ဝင်က ပြောကြားသည်။

စစ်ထောက်လှမ်းရေးများ ဖြုတ်ချခံရပြီးနောက် ထူထောင်ခဲ့သော စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့သည် နိုင်ငံရေးနှင့် တခြား ထူးခြားဖြစ်စဉ်များကို သက်ဆိုင်ရာ စစ်တိုင်းမှူးများသို့ နေ့စဉ်တင်ပြရကြောင်း၊ နိုင်ငံရေး အမှုကိစ္စများကို သတင်းယူသည့်အပြင် တရားစီရင်ရေး ကိစ္စများတွင်လည်း ဝင်ရောက်စွက်ဖက်မှုများရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိတဦးက “ဒါဟာ ရဲတပ်ဖွဲ့ရဲ့ အခန်းကဏ္ဍ ဆန်းသစ်လာတာလားဆိုတာ စောင့်ကြည့်ရပါမယ်။ ဘာကြောင့် ဒီလို ဆုတ်သွားတယ်ဆိုတာလဲ စောင့်ကြည့်ရပါဦးမယ်” ဟု ပြောသည်။

တာဝန်ကျ နယ်မြေများမှ စရဖအဖွဲ့များ ရုပ်သိမ်းလိုက်သော်လည်း စစ်ဗိုလ်ချုပ်ကြီးများ၏ လုံခြုံရေးကိုမူ စရဖကပင် ဆက်လက် တာဝန်ယူနေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

နောက်ဆုံးရရှိသည့် သတင်းများအရ ရဲအထူး သတင်းတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ရာထူးကို ဗိုလ်မှူးကြီးတင်စိုးအား လွှဲအပ်မည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်