ကျောင်းကား တိမ်းမှောက်မှု ၃၀ ခန့် ဒဏ်ရာရ

E-mail Print
ရန်ကုန် မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် အတွင်းရှိ အနောက်ပိုင်း တက္ကသိုလ်တွင် စာမေးပွဲဖြေရန် သွားသော ကျောင်းကားတစီး ပြီးခဲ့သည့် တပတ်က မတော်တဆ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ကားပေါ်တွင် ပါလာသည့် ကျောင်းသား ကျောင်းသူ ၃၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါကားသည် ညောင်တုန်းမြို့နှင့် လှိုင်သာယာမြို့နယ်ကြား၌ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများသည် ညောင်တုန်းမြို့နယ် သံတိုင်ကျေးရွာ ဒေသခံများဖြစ်ပြီး အနောက်ပိုင်း တက္ကသိုလ်သို့ စာမေးပွဲ ဖြေရန်အသွား၌ မတော်တဆ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း ကျောင်းသား မိသားစုဝင်များနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

“ကားပေါ်မှာ ကျောင်းသား ၃၀ လောက် တင်ပြီးတော့ မောင်းလာတာ။ သံတိုင်ဘက်မှာ လမ်းက နည်းနည်း ကျဉ်းတယ်၊ တခြား ကုန်ကားတစီးကို ကျော်တက်လိုက်တာ လမ်းဘေးကျပြီးတော့ မှောက်သွားတယ်” ဟု ၎င်းက ဆိုသည်။

ကားမှောက်၍ ဒဏ်ရာရသူ ကျောင်းသူ ကျောင်းသားများသည် အင်းစိန်ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ဒဏ်ရာ ပြင်ထန်းသူ ကျောင်းသူ ၂ ဦးကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင် ကုသရကြောင်း သိရသည်။

ကျောင်းသား ကျောင်းသူများ၏ အခြေအနေများကို သိရှိရန် အင်းစိန်ဆေးရုံသို့ စုံစမ်းမေးမြန်းခဲ့ရာ ဆေးရုံဝန်ထမ်းတဦးက ဆေးရုံမှဆင်းသွားသည့် လူနာတချို့ရှိကြောင်း၊ ကျောင်းသား ကျောင်းသူအားလုံး ဆေးရုံမှ ဆင်းမဆင်း မသိရှိရသေးကြောင်း ပြောသည်။

ဒဏ်ရာဖြင့် ဆေးရုံတင်ရသော လူနာများကို အပြင်လူ လုံးဝတွေ့ခွင့်မပေးရန် ပိတ်ထားပြီး ယင်းကျောင်းသားကျောင်းသူများကို အနောက်ပိုင်း တက္ကသိုလ် ပါမောက္ခချုပ်က ကျပ်ငွေ ၂ သောင်းစီ ထောက်ပံ့ပေးကြောင်းလည်း သိရသည်။

၂၀၀၉ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့မှ ၂၀၁၀ ပြည့်နှစ် မေလ ၆ ရက်နေ့အထိ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု ဖြစ်ရပ်ပေါင်း ၁၃၀ ရှိခဲ့သည်ဟု သိရပြီး သေဆုံးသူ ၅၇ ဦးနှင့် ဒဏ်ရာရရှိခဲ့သူ ၂၀၄ ဦး အထိရှိကြောင်း ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်