KIO ထိန်းချုပ်နယ်မြေတွင် အစိုးရတပ်အင်အား တိုးချ

E-mail Print
ကချင်ပြည်နယ် တ၀န်းရှိ ကချင် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (KIO) ၏ ထိန်းချုပ်ဒေသနှင့် ထိစပ်နေသော ဒေသ တလျှောက်တွင် အစိုးရက ယခုရက်ပိုင်းအတွင်း တပ်အင်အားနှင့် သံချပ်ကာ တင့်ကားများ တိုးချဲ့ချ ထားသည်။

ယခုတပတ် အင်္ဂါနေ့မှ စတင်၍ စစ်အစိုးရက ၀ိုင်းမော်မြို့သို့ သံချပ်ကာကား ၆ စီးခန့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြောက် ပိုင်းတိုင်း စစ်ဌာနချုပ်မှတဆင့် ပို့ဆောင်ထားကြောင်း ချင်းမိုင်အခြေစိုက် ကချင်သတင်းဌာန အယ်ဒီတာ ကိုလဖိုင်နော်ဒင်းက ဧရာဝတီသို့ ပြောသည်။

“ကချင်ပြည်နယ် တ၀န်းမှာရှိတဲ့ နအဖနဲ့ KIO ထိန်းချုပ်နယ်မြေတွေမှာ နအဖက ပိုပြီး စစ်ရေးလှုပ်ရှားလာတယ်။ KIOက လည်း နယ်ကျွံလာတဲ့ နအဖတပ်တွေကို ပစ်ဖို့ အမိန့်ပေးထားတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မြစ်ကြီးနားမြို့ ဒေသခံ တဦးကလည်း “မြစ်ကြီးနားမြို့မှာ လက်နက်ကြီးတွေနဲ့ စစ်သားတွေက ၀င်လိုက်ထွက်လိုက် လုပ်နေ ကြတယ်၊ တင့်ကားတွေကလည်း မနက်ဆိုရင် ထွက်သွားလိုက်၊ ညနေပြန်လာလိုက် လုပ်နေတယ်” ဟု ပြောပြသည်။ 

ဖေဖော်ဝါရီ လဆန်းပိုင်း၌ KIO ထိန်းချုပ်နယ်မြေသို့ ကျူးကျော်ဝင်ရောက်ခဲ့သော နအဖ တပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ဘက်မှ ဒု ဗိုလ်မှူးကြီးတဦး ကျဆုံးသွားပြီးနောက်ပိုင်း စစ်ရေးအရ နှစ်ဘက် တင်းမာခဲ့သည်။ 

အဆိုပါ တိုက်ပွဲသည် KIO တပ်မဟာ ၃ ၏ ထိန်းချုပ် နယ်မြေရှိ ကချင်ပြည်နယ် ဗန်းမော်မြို့ အရှေ့တောင်ဘက်တွင် နအဖ ၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်ဖြစ်သည့် ခြေလျင်တပ်ရင်း (ခလရ) ၁၅ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

KIO၏ အဆိုအရ ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၂၃ ရက်နေ့က ၎င်းတို့ ထိန်းချုပ်ထားသော ကချင်ပြည်နယ် မြစ်ကြီးနား၊ လိုင်ဇာ ဌာနချုပ် နယ်မြေ အတွင်းသို့ ပျံသန်းဝင်ရောက်လာသော ထူးကုမ္ပဏီ၏ ရဟတ်ယာဉ် တစင်းကို KIO တပ်ဖွဲ့ဝင်များက သတိ ပေး ပစ်ခတ်ခဲ့ သေးသည်။

KIOသည် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံဟု ၂၀၁၀ စက်တင်ဘာလ ၁ ရက်နေ့က ငြင်းဆိုခဲ့ပြီးနောက် ၎င်းတို့ ထိန်းချုပ်ရာနယ်မြေအတွင်း နအဖတပ်များ မကျူးကျော်ရန် သတိပေးထားသည်။

စစ်အစိုးရက အစိုးရသစ် ဖွဲ့စည်းရေးကို အာရုံစိုက်နေရသည့် အတွက် KIO ကို ထိုးစစ်ဆင်ရန် မပြုလုပ်နိုင်သေးကြောင်း၊ စစ် ရေးအရ ခြိမ်းခြောက် ရန်စမှုသာ ဖြစ်ကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောဆိုသည်။

မြန်မာ စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ကူးပြောင်းရေးအတွက် ကြိုးပမ်းလျက်ရှိရာ ၎င်းတပ်ဖွဲ့ အပါအ၀င် “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် မိုင်းလား တပ်ဖွဲ့ (NDAA) တို့သည်လည်း စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ငြင်းဆန်ထားသည်။

စစ်အစိုးရက အပစ်ရပ်တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးအတွက် ၂၀၀၉ ခုနှစ်ဧပြီလ ကတည်းက စတင် အကောင်အထည် ဖော်ခဲ့သည်။

UWSA ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင် အဖွဲ့ ၁ဝ ဖွဲ့ထက် မနည်း ငြိမ်းချမ်းရေး ယူခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်