နယ်မြို့များ၌ စက်သုံးဆီဈေး ပိုမိုမြင့်တက်

E-mail Print
ရန်ကုန်မြို့ထက် နယ်မြို့များရှိ ပုဂ္ဂလိက အရောင်းဆိုင်များတွင် စက်သုံးဆီ ဈေးနှုန်းပိုမို မြင့်တက်နေသည်ဟု ဒေသခံများက ပြောသည်။

အစိုးရ သတ်မှတ်ဈေး ဓာတ်ဆီ တဂါလန်လျှင် ကျပ် ၂၅၀၀ ရှိသော်လည်း မှောင်ခိုဈေးကွက်တွင် ရန်ကုန် မြို့၌ ၃၈၀၀ ကျပ် ၊ မန္တလေး မြို့တွင် ၅၅၀၀ကျပ်၊ မုံရွာမြို့တွင် ၄၆၀၀ ကျပ်၊ စစ်ကိုင်းမြို့တွင် ၅၅၀၀ ကျပ် အထိ ထိုးတက်နေသည်ဟု သိရသည်။

mg-mm-gas-station
ယင်းကဲ့သို့ မှောင်ခိုဈေးကွက်၌ ဈေးနှုန်းမြင့်မားလာ၍ ပုဂ္ဂလိက အရောင်းဆိုင်များတွင် တန်းစီ ထုတ်သူများ ပိုမိုများပြားလာပြီး သတ်မှတ်ရောင်းချပေးသည့် ဂါလန် နှင့် လောက်ငမှုမရှိသောကြောင့် ဈေးနှုန်းမြင့်သည့် မှောင်ခိုဈေးကွက်ကို အားကိုးနေရ သည်ဟု မန္တလေးမြို့တွင်နေထိုင်သည့် စာရေးဆရာ တဦးက ဧရာဝတီကို ပြောသည်။

“ဆိုင်ကယ် က ဓာတ်ဆီ ပဲသုံးတာ။ တခါထုတ် တဂါလန်ပဲ။ ဒီတဂါလန်လေး ရဖို့လည်း ဆိုင်တွေမှာ မြင်မကောင်းအောင် ကား တွေ ၊ ဆိုင်ကယ်တွေ အတန်းလိုက်ကြီး။ အရင်တုန်းက မှောင်ခိုဈေးနဲ့ ကွာလှ ၅၀၀ လောက်ပဲဆိုတော့ ဒုက္ခခံ မနေတော့ဘူး။ အပြင်မှာပဲ ၀ယ်လိုက်တော့တယ်။ အခုအခြေအနေကတော့ အပြင်ဈေးနဲ့ အရမ်းကွာနေတော့ တဂါလန်လေး ရဖို့လည်း ဒုက္ခခံနေရတာပေါ့”ဟု ၎င်းက ဆိုသည်။

ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်နည်းပါးသည့် နယ်မြို့များတွင် ဆီတဂါလန်ရရှိရန် ၂ နာရီ ခန့် တန်းစီနေရသည်ဟု စစ်ကိုင်း မြို့ခံ တက္ကသိုလ် ကျောင်းသား တဦးက ဧရာဝတီကို ပြောပြသည်။

“ဓာတ်ဆီ ဆိုင်မှာ မတန်းစီ နိုင်တော့လို့ ရေသန့်ဘူး နဲ့ ၁ ကွာတားဆိုပြီး ၀ယ်ထည့်တာ အရင် တဘူး ကို ကျပ် ၇၀၀ ၊ ၈၀၀ က နေ ၁၃၀၀ ဖြစ်သွားတယ်။ ဒီမြို့မှာ အကုန်လုံးက ဆိုင်ကယ်ပဲသုံးတာ။ ဒီက ကျောင်းသားတွေ မန္တလေးကို ဆိုင်ကယ်နဲ့ ကျောင်း တက်တာ။ အခု အခြေအနေ က ဓာတ်ဆီ ၀ယ်နိုင်မှ ကျောင်းသွားတက်ရတော့မယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် ပြင်ဦးလွင်မြို့မှ စစ်ကိုင်းဈေးသို့ နေ့စဉ် ဆိုင်ကယ်ဖြင့်လာရောက် ရောင်းချနေသည့် ပန်းဈေးသည်များ လျော့နည်း သွားပြီး ရောင်းချနေသည့် ပန်းဈေးများလည်း မြင့်တက်သွားသည်ဟု စစ်ကိုင်းမြို့ဈေးတွင် ကုန်စုံဆိုင် ဖွင့်လှစ်ထားသူ တဦးက ပြောဆိုသည်။

စစ်ကိုင်းမြို့တွင် ပုဂ္ဂလိက စက်သုံးဆီ ဆိုင်၂ ဆိုင်ရှိပြီး ရွှေတောင် လုပ်ငန်းစု ကုမ္ပဏီ မှ ဖွင့်လှစ်ထားသည် ဟု သိရသည်။

မန္တလေးမြို့ အနီးတ၀ိုက်ရှိ ရွာများတွင် နေထိုင်သူများသည် ထော်လာဂျီ အဓိကထား ကုန်စည် သယ်ဆောင်မှု ပြုလုပ်နေ သော ကြောင့် အဆိုပါ တရုတ်လုပ် ထော်လာဂျီများတွင် သုံးစွဲရသည့် ဒီဇယ် ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် မြိ့နှင့် ရွာအကြား သယ်ယူရောင်းချနေသည့် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်သွားသည်ဟု သိရသည်။

ရန်ကုန်မြို့ရှိ ပုဂ္ဂလိက အရောင်းဆိုင်များတွင် ဒီဇယ် တဂါလန် ၄၀၀၀ ကျပ် ဖြင့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က စတင် ဈေးမြှင့် ရောင်းချခဲ့ပြီး မန္တလေးမြို့ရှိ ပုဂ္ဂလိက အရောင်းဆိုင်များတွင် ၄၆၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေသည်။

မှောင်ခို ဈေးကွက်တွင် ဒီဇယ် ၁ ဂါလန် ရန်ကုန်မြို့၌ ကျပ် ၄၀၀၀၊ မန္တလေးမြို့တွင် ၅၀၀၀ ၊  မုံရွာမြို့တွင် ၅၀၀၀ ကျပ် ရှိသည် ဟု သိရသည်။

“မှောင်ခို ဈေးကွက်မှာတွင် ဈေးက တနေရာနဲ့ တနေရာတော့ မတူဘူး။ မှောင်ခို လက်ကြီး ဈေးကွက်လို့ ခေါ်မှာပေါ့။ သူက ပေပါလိုက် ၀ယ်ပြီး ပြန်ရောင်းတာ။ သူ့ဆီမှာဆို နည်းနည်း ဈေးသက်သာတယ်။ ဥပမာ ဒီဇယ် ၁ ဂါလန် ကျပ် ၄၈၀၀၊ ဆီ ပုလင်း လေးတွေ ထောင်ရောင်းတဲ့ လမ်းဘေးဆိုင်အများစုကတော့ တဂါလန် ၅၅၀၀ ပေါ့။ တနေကုန် တန်းစီရအောင် အလုပ် မသွားရတော့ဘဲ နေမယ်။ ဒီတော့ လမ်းဘေးကဟာ ၀ယ်ထည့်ရုံပေါ့”ဟု မန္တလေးမြို့တွင် နေထိုင်သူ တဦးက ပြောပြသည်။

မန္တလေးတိုင်း မတ္တရာ မြို့တွင် နေ ထိုင်သူ တဦးကလည်း“လယ်သမားအတွက်က အဓိက စပါး သယ်ဖို့ ထော်လာဂျီ မသုံးမဖြစ် သုံးတော့ ဒီဇယ် ဈေး ဒီလို တက်ပုံနဲ့ မသယ်နိုင်ဘဲ ဒီ အတိုင်း ထားတာတွေရှိတယ်။ ကံကောင်းတာ က မိုးမဖျက်လို့ မိုးသာ ရွာချလိုက်ရင် ကုန်ပြီ။ မြို့ထဲကနေ အပြင်ထွက် လိုက် တာနဲ့ ရွာလေးတွေရှိတော့ ရွာမှာ အိမ်ဆိုင်လေးတွေ ဖွင့်ပြီး တနိုင်တပိုင် ရောင်းနေတဲ့ သူဆို ၀န်စည်စလယ် သယ်ဖို့ ထော်လာဂျီပဲ သုံးတာများတယ်။ တချို့ အိမ်ဆိုင်လေးတွေလည်း မကိုက်လို့ ပိတ် လိုက်ပြီ”ဟု ပြောသည်။

ယခင် မန္တလေး - မုံရွာ ခရီးစဉ် ၁၇၀၀ ကျပ်မှ ၂၅၀၀ ကျပ် သို့ ဈေးတက်သွားပြီး ကုန်ပစ္စည်းပို့ဆောင်စရိတ်များ ၂ ဆ ခန့် မြင့် တက်သွားသည်ဟု မုံရွာမြို့ နေထိုင်သူတဦးက ပြောပြသည်။

မန္တလေးတိုင်း၊ စစ်ကိုင်း တိုင်း၊ မကွေးတိုင်း အတွင်းရှိနယ်မြို့များ၏ လမ်းပန်းဆက်သွယ်ရေးတွင် ဆိုင်ကယ် အဓိက သုံးစွဲ၍ သွားလာ ရသောကြောင့် စက်ဘီး အစားထိုး သုံးစွဲရန် စဉ်းစားနေကြသည်ဟု ၎င်းက ဆိုသည်။

ကမ္ဘာ့ရေနံစိမ်းဈေးမြင့်တက်လာသောကြောင့် ယင်းကဲ့သို့ ဈေးနှုန်းမြင့်တက်ခြင်းဖြစ်သကဲ့သို့ အရှေ့အလယ်ပိုင်း ရေနံ ထွက် ရှိရာ ဒေသတွင်ဖြစ်ပေါ်နေသည့် လူထု အုံကြွမှုများကြောင့် စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း သက်ဆိုင် ရာ အာဏာပိုင်များက ပြောဆိုသည်။

သို့သော် ရေနံစိမ်းဈေးနှုန်း မမြင့်တက်မီကပင် စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်နေခြင်း ၊ ပုဂ္ဂလိက အရောင်းဆိုင်များတွင် သတ်မှတ်ထားသည့် ပမာဏနှင့် လုံလောက်မှုမရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ စက်သုံးဆီ ဈေးကွက်သည် မှောင်ခို ဈေးကွက် ကို ပိုမိုကြီးမားကျယ်ပြန့်လာစေပြီး သုံးစွဲသူ ပြည်သူများသာ အခက်အခဲနှင့် ကြုံတွေ့ရကြောင်း၊ စစ်အစိုးရနှင့် ၎င်းတို့နှင့် နီးစပ် သည့် စီးပွားရေးကုမ္ပဏီကြီးများသာ အကျိုးဖြစ်ထွန်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန သွင်းကုန် လုပ်ငန်းဌာနမှ အရာရှိ တဦးက ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်