UWSA တပ်သားစုံတွဲ ၂၀၀ ကျော် မင်္ဂလာဆောင်

E-mail Print
“၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ထားသော ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ အခြေစိုက် အမှတ် ၁၇၁ စစ်ဒေသမှူး ဝေရှောက်ခမ်းက ဦးဆောင်၍ တပ်သား စုံတွဲပေါင်း ၂၀၀ ကျော်ကို ယမန်နေ့က မင်္ဂလာ ဆောင်ပေးခဲ့ကြောင်း သိရသည်။

UWSAUWSA တပ်ဖွဲ့ဝင် အမျိုးသမီးများ အပါအ၀င် ဒေသခံ တရုတ် အမျိုးသမီးနှင့် ၀အမျိုးသမီးများကို ဝေရှောက်ခမ်းက ၎င်း၏ တပ် သားများနှင့် မင်္ဂလာဆောင်ပေးခြင်း ဖြစ်ကြောင်း ၀ တပ်ဖွဲ့ဝင်နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

တခြားသော UWSA မြောက်ပိုင်း ထိန်းချုပ်ဒေသများတွင်လည်း တချို့တပ်သားများက မင်္ဂလာပွဲများ ကျင်းပနေကြောင်း ၎င်း က ဆိုသည်။ မင်္ဂလာဆောင်သည့် စုံတွဲများ အနေဖြင့် သားယောကျာ်းလေး မွေးဖွားပါက UWSA က ဆုချီးမြှင့်မည်ဖြစ် ကြောင်းလည်း ဒေသခံများက ဆိုသည်။

ဝေရှောက်ခမ်းကို မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းဝယ်မှုနှင့် ပတ်သက်ပြီး အမေရိကန် အစိုးရက ဆုငွေ ဒေါ်လာ ၂ သန်းဖြင့် ဖမ်းဝရန်း ထုတ်ထားကာ နာမည်ပျက်စာရင်း တင်သွင်းထားသည်။

UWSAက ယခုကဲ့သို့ မင်္ဂလာဆောင်ပေးခြင်းသည် အမျိုးသား ဦးရေ တိုးပွားရေးအတွက် ဖြစ်နိုင်ကြောင်း စစ်ရေး လေ့လာ သူ များက ပြောသည်။

“ယောက်ကျာ်းလေး ၇ ယောက် ၁၀ ယောက် မွေးလို့ရှိရင် တအိမ်လုံးကို ဘာမှအလုပ်လုပ် စရာမလိုဘူး၊ သေတဲ့ အထိ ကျွေးထားမယ်လို့ ကြားဖူးတယ်”ဟု သျှမ်းသံတော်ဆင့် သတင်းစဉ် အယ်ဒီတာ ဦးခွန်ဆိုင်းက ဆိုသည်။

သို့သော် UWSA တပ်သားများကို မင်္ဂလာဆောင်ပေးသည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး ရှင်းရှင်း လင်းလင်း မသိရသေး ပေ။ UWSA တပ်သားများကို မင်္ဂလာဆောင်ပေးခြင်းသည် မတ်လ ၈ ရက်နေ့တွင်ကျရောက်သည့် နိုင်ငံတကာ အမျိုးသမီးများ နေ့ နှစ် ၁၀၀ ပြည့်နှင့်လည်း တိုက်ဆိုင်နေသည်။

UWSA သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတွင် အခြေစိုက် လှုပ်ရှားလျက်ရှိသည်။

စစ်အစိုးရ၏ ၂၀၀၈ အခြေခံ ဥပဒေ တွင် ဝ ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ထည့်သွင်း ပြဋ္ဌာန်းထားသည်။

ယင်းအခြေခံဥပဒေတွင် ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း စသည့် မြို့နယ်များကို ခရိုင် ၂ ခရိုင် ဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် ဖော်ပြထားသည်။ သံလွင်မြစ် အရှေ့ဘက်ခြမ်းမှ ထို မြို့နယ် ၆ ခုမှာ တရုတ် မြန်မာ နယ်စပ်တွင် တည်ရှိသည်။

စစ်အစိုးရ၏ ဒု ဗိုလ်ချုပ်ကြီးဟောင်း ရဲမြင့်နှင့် UWSA ကိုယ်စားလှယ်တချို့တို့ ပြီးခဲ့သည့်နှစ် သြဂုတ်လက ရှမ်းပြည် မြောက် ပိုင်း တန့်ယန်းမြို့၌ နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး နောက်ဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သည်။UWSAသည် ၎င်းတို့ ၏ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် တပ် ဖွဲ့များအနက် အင်အား အတောင့်တင်းဆုံး တပ်ဖွဲ့ ဖြစ် သည်။ 

UWSA တပ်ဖွဲ့ အပါအ၀င် မိုင်းလား တပ်ဖွဲ့(NDAA) တို့သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ငြင်း ဆန်ထားသည်။ စစ်အစိုးရက အပစ်ရပ်တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ်ဧပြီလ ကတည်းက စတင် အကောင်အထည် ဖော်ခဲ့သည်။

UWSA ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင် အဖွဲ့ ၁ဝ ဖွဲ့ထက် မနည်း ငြိမ်းချမ်းရေး ယူခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်