စာအုပ်ရှိမှ စက်သုံးဆီ ၀ယ်နိုင်မည်

E-mail Print
ပုဂ္ဂလိက စက်ဆုံးဆီ အရောင်း ဆိုင်များတွင် စက်သုံးဆီများကို စာအုပ်ထုတ်ပေး ရောင်းချသည့် အစီအစဉ်ဖြင့် ပြုလုပ်သွားမည်ဟု သိရသည်။

ရန်ကုန်တိုင်း အတွင်းရှိ  ပုဂ္ဂလိက စက်သုံးဆီဆိုင် များထံသို့ “ဓာတ်ဆီစာအုပ်ထုတ်ပေးရောင်း ချပေးမည့် အစီအစဉ်”ဟု လိပ်မူ ထားပြီး စွမ်းအင်ဝန်ကြီးဌာနနှင့် ဧရာရွှေဝါ ကုမ္ပဏီတို့၏  ညွန်ကြားချက်များပါဝင်သောစာတစောင်ကို ယမန်နေ့က ပေးပို့ခဲ့ သည်ဟု စက်သုံးဆီ ရောင်းချနေသည့် ကုမ္ပဏီများက ပြောသည်။

Oi-lFollowupဧရာရွှေဝါ ကုမ္ပဏီသည် စစ်အစိုးရ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း၏သား ဦးအောင်သက်မန်းပိုင် ကုမ္ပဏီတခု ဖြစ်သည်။

“လူတွေက ဆီဆိုင်မှာ တန်းစီဖို့ အချိန်ကုန် မခံနိုင်တော့ လမ်းဘေး မှောင်ခိုဆိုင်သွားတယ်။ မှောင်ခို ဈေးကွက်က ဈေးတက် ရောင်းတယ်။ တန်းစီတဲ့အထဲမှာ တကယ် သုံးတဲ့ လူတွေပါသလို တဆိုင်ပြီး တဆိုင် လိုက်တန်းစီထုတ် အပြင်မှာ ပြန်ရောင်း စားနေတာတွေလည်း တွေ့ရတော့ ဒီလို စာအုပ်စနစ်သုံးမယ် ဆိုပြီး လုပ်တဲ့သဘောမျိုး”ဟု ပုဂ္ဂလိက ဆီဆိုင်ဖွင့်လှစ်ထားသူ တဦးက ဧရာဝတီကို ပြောသည်။ 

လက်ရှိ အခြေအနေတွင် အစိုးရသတ်မှတ်ပေးထားသည့် အတိုင်း ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များတွင် ဓာတ်ဆီ ၁ ဂါလန် ၂၅၀၀ ကျပ်ရှိပြီး မှောင်ခိုဈေးကွက်တွင် ၃၈၀၀ ကျပ် ရှိသည်။

အဆိုပါ ဓာတ်ဆီ ၀ယ်ယူခွင့်စာအုပ်ကို ယာဉ်တစီးအနေဖြင့် မည်သည့် ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင် ကုမ္ပဏီတွင်မဆို ထုတ်ယူနိုင်ပြီး ၎င်း ၀ယ်ယူခွင့်စာအုပ်ဖြင့် မည်သည့်ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် ကုမ္ပဏီမှဖြစ်စေ တနေ့လျှင် တကြိမ် သာ ၀ယ်ယူခွင့်ရရှိမည်ဟု သိရသည်။

အဆိုပါ စာမထုတ်ပြန်ခင် ရက်ပိုင်းအတွင်းက ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှ ဝယ်ယူ၍ တဆင့်ပြန်လည် ရောင်းချသူများကို  ကားလမ်းမပေါ်တွင် ထုတ်၍ရောင်းချနေခြင်း တွေ့ရှိပါက ဒဏ်ငွေ ကျပ် ၇ သောင်း ပေးဆောင်ရမည်ဟု အာဏာပိုင်များက သတိပေးထားကြောင်း မှောင်ခိုလမ်းဘေး ဓာတ်ဆီ ရောင်းချနေ သူများထံမှ သိရသည်။

ကားပိုင်ရှင်များအနေဖြင့် ထုတ်ယူထားသော ဓာတ်ဆီ ၀ယ်ယူခွင့် စာအုပ်ပျောက်ဆုံး၊ ပျက်စီးသွားပါက အဆိုပါ စာအုပ်ထုတ် ပေးခဲ့သည့် ကုမ္ပဏီသို့ သွားရောက်၍ ဓာတ်ဆီဝယ်ယူခွင့် စာအုပ်အသစ် ထပ်မံ လုပ်ထားရမည်ဖြစ်သည်။

“ကားတစီးကို ဓာတ်ဆီဝယ်ယူခွင့်စာအုပ် တအုပ်ထက် ပိုလုပ်ထားတာ စိစစ်တွေ့ရင် ဘယ်ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာမှ ၀ယ်လို့ မရအောင် ၀ယ်ယူခွင့် ၆ လပိတ်မယ်”ဟု အဆိုပါ စက်သုံးဆီ အရောင်းဆိုင် တာဝန်ရှိသူက ပြောသည်။

လက်ရှိ ကားတစီးလျှင် ဓာတ်ဆီ ၀ယ်ယူခွင့် ၃ ဂါလန်မှ ၄ ဂါလန် အထိ သတ်မှတ်ပေးထားပြီး အဆိုပါ ပမာဏ အတိုင်းဆက် လက်ရောင်းချသွားရန်နှင့် ပတ်သက်ပြီး လာမည့်အပတ်တွင် ပုဂ္ဂလိက ဓာတ်ဆီရောင်းချနေသည့် ကုမ္ပဏီများ ညှိနှိုင်းသွားရန် ရှိသည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်