ကျောက်စိမ်း ဈေးကွက် တရုတ်ဘက် ရွေ့ပြီလား

E-mail Print
တရုတ်ပြည် ယူနန် ပြည်နယ်ရှိ ရင်ကျန်း မြို့တွင် တရုတ် အာဏာပိုင်က ပထမဆုံး ဦးစီး ကျင်းပသည့် ကျောက်စိမ်း ပြပွဲတွင် မြန်မာ ကျောက်စိမ်း ကုန်သည်များ သွားရောက် ရောင်းချ ကြောင်း သိရသည်။

ယင်းပြပွဲကို ဇန်နဝါရီလ ၈ရက်နေ့တွင် စတင်ပြီး ယမန်နေ့၁၂ရက် အထိ မဲပေးလေလံတင်စနစ် ဖြင့် အရိုင်းတုံး သက်သက်ကိုသာ ရောင်းချခြင်းဖြစ်သည်။

 

ကျောက်စိမ်းပြပွဲသည် မြန်မာနိုင်ငံဘက်မှ ကျောက်စိမ်းကုန်သည်များက ဈေးကွက်စမ်းသည့် သဘောဖြင့် သွားရောက် ပြသရောင်းချ ကြခြင်းဖြစ်သည်ဟု ကျောက်စိမ်းကုန်သည် တဦးကပြောသည်။

၎င်းပွဲတွင် တရုတ်ယွမ်ငွေ ၁၈သိန်း (မြန်မာငွေ သိန်း၃ထောင်) တန်ဖိုးရောင်းချခဲ့သည့် ကျောက်စိမ်း ကုန် သည် တဦးက“ အခု လာပြတာကျောက်တွေက ဘော်ဒီသား(ပန်းပုထုသည့်ကျောက်သား) များတယ်၊ လက်ဝတ် ရတနာ လုပ်တဲ့ ကျောက်သားနည်းတယ်။ ဒီမှာက ခုမှ စတာဆိုတော့ အစမ်းသဘောနဲ့ လာကြတာပဲပေါ့၊ ခုနောက်ဆုံး လေလံတင်ဈေးကတော့ တရုတ်ယွမ် သိန်း ၁၀၀ အထိဈေးရှိတယ်၊ တရုတ်ငွေ သိန်း ၁၀၀ ဆိုရင် မြန်မာငွေ သိန်းပေါင်း ၂သောင်း ပေါ့ အဲဒါလောက်နဲ့တော့ ဈေးကွက် ကောင်းတယ် ပြောလို့မရဘူး” ဟု ပြောသည်။

မြန်မာငွေ ကျပ် ၁ သိန်း လျှင် တရုတ်ယွမ်ငွေ ၅၉၁ ယွမ် ရှိကြောင်း သိရသည်။

ယခင် နှစ်များတွင် ဟောင်ကောင် အနီးရှိ ကွမ်ကျိုး မြို့တွင်သာ တရုတ်ကုမ္ပဏီများက၂ လလျှင် တကြိမ် ကျောက်စိမ်းပြပွဲ ပြုလုပ်လေ့ရှိသော်လည်း ပြီးခဲ့သည့်နှစ်ဆုံးပိုင်းမှ စ၍ မြန်မာ-တရုတ်နယ်စပ်နှင့် တရုတ် နယ်ထဲတွင် ယခုလို ကျောက်စိမ်းပြပွဲ ပြုလုပ်လာခြင်းဖြင့် ဈေးကွက် စမ်းဖွင့်လာခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ယခုလို ကျင်းပလာရသည့် ကျောက်စိမ်းပြပွဲနှင့် ပတ်သက်ပြီး အထက်ပါ ကျောက်စိမ်းကုန်သည်က“ဒါက တော့ တနည်းပြောရရင် မြန်မာပြည်ထဲက ဈေးကွက်ကို တရုတ်ပြည်ထဲ လှမ်းယူတဲ့သဘော ပဲလေ၊  တရုတ် က စီးပွားရေး နယ်ချဲ့လိုက်တာပဲ၊ တရုတ်လူတွေက မြန်မာပြည်ထဲဝင်ရင် ၂ရက်လောက်ကြာမယ်လေ၊ ခုလို မြန်မာပြည်က ကျောက်ကုန်သည်တွေ တရုတ်ပြည်ထဲကို ရောက်သွားခြင်းဖြင့် သူတို့ မြို့နယ်တွေမှာ လူစည် ကားမယ်၊ နောက်တခုက ဒေသခံတွေ အတွက် အဆင်ပြေမယ် ပေါ့” ဟု ပြောသည်။

ကျောက်စိမ်းပြပွဲ ကျင်းပရာ နယ်မြေတွင် တည်းခိုခန်းနှင့် စားသောက်ဆိုင်များတွင် လူစည်ကား သဖြင့် ဒေသခံများကလည်း စီးပွားဖြစ် ကြောင်းပြောသည်။

ယခု ရင်ကျန်း ကျောက်စိမ်းပြပွဲကိုသွားရောက်ပါက မြစ်ကြီးနား-လိုင်ဇာ-ရင်ကျန်း ကားလမ်းဖြင့် သုံးဆင့် စီးရပြီး ၇ နာရီ၊ ၈နာရီ ခရီးရှိကြောင်း၊ ရွှေလီ-မူဆယ် ခရီးနှင့် သွားလျှင် ၃ နာရီကျော်ကြာကြောင်း၊ ယင်းသို့ သွားရောက်လိုပါက နယ်စပ်ဂိတ်တွင် မြန်မာငွေ ကျပ် ၇၀၀၀ ပေး၍ ယာယီ ဝင်ထွက်သွားလာခွင့် ပြုလုပ်ရမည် ဖြစ်ကြောင်း ကျောက်စိမ်းကုန်သည် များက ပြောသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်