ဧရာဝတီ ရေလုပ်သားများ လေဘေးသင့်

E-mail Print
လေပြင်း မုန်တိုင်း တိုက်ခတ်မှုကြောင့် ပင်လယ်ထဲတွင် မျောနေသော မြန်မာရေလုပ်သား ၉၀၀ ကျော်ကို ပြီးခဲ့သည့် တပတ်က မြန်မာ့ရေတပ်နှင့် ငါးဖမ်းသင်္ဘာကြီးများက ကယ်တင်ခဲ့ပြီး တနင်္သာရီတိုင်း ကော့သောင်းမြို့နှင့် ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့ သည်။

fisherman11အစိုးရအာဏာပိုင်များက ပင်လယ်ထဲတွင် ပျောက်ဆုံးနေသည့် ရေလုပ်သားများကို ဆက်လက်၍ ရှာဖွေလျက်ရှိကြောင်း၊ ဒါဇင် ပေါင်းများစွာ ပျောက်ဆုံးနိုင်ကြောင်းလည်း ဒေသခံများက ပြောဆိုနေကြသည်။  

“ရေလုပ်သားတွေ ပြောပြချက်အရ ဆိုရင် သေတဲ့လူတွေလည်း တော်တော် များများရှိတယ်၊ အခုထိမျောနေတဲ့ လူတွေလည်း ရှိသေးတယ်၊ ငါးဖမ်း သင်္ဘောတွေ ထပ်ဝင်လာရင်လည်း ပါလာဦးမယ်လို့ ပြောတယ်”ဟု ဒုက္ခရောက်နေသည့် ရေလုပ်သား တဦးနှင့် စကားပြောခွင့်ရခဲ့သော ကော့သောင်းမြို့ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

အစိုးရစစ်ရေယာဉ်များက ရေလုပ်သား ၆၀၀ ခန့်ကို သွားရောက်ကူညီခဲ့ပြီး ရန်ကုန်မြို့ရှိ နန်းသီတာ ဆိပ်ကမ်းသို့ ပို့ဆောင်ပေး ခဲ့ကြောင်း၊ ပင်လယ်ထဲတွင် ငါးဖမ်းနေသော သင်္ဘာကြီးများက ရေလုပ်သား ၃၅၀ ခန့်ကို တနင်္သာရီတိုင်း ကော့သောင်းမြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မတ်လ ၁၁ ရက်နေ့က ရေလုပ်သားများသည် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်၌ ၀ါးဖောင်များဖြင့် ငါးဖမ်းနေစဉ် လေပြင်းမုန် တိုင်း တိုက်ခတ်မှု ဒဏ်ခံခဲ့ရပြီး ပင်လယ်ထဲ၌ ၀ါးဖောင်များဖြင့် မျောနေရာ ယခုကဲ့သို့ ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။

ကော့သောင်းမြို့သို့ ရောက်ရှိနေသော ရေလုပ်သားများကို ဂျွန်နသန် ငါးဖမ်း ကုမ္ပဏီက ကယ်တင်ပေးခဲ့ပြီး ယခုအခါ ကော့
သောင်း မြို့ရှိ အောင်သုခ ရပ်ကွက် အမှတ် (၁) အထက်တန်းကျောင်းတွင် မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင် စီ(မယက)နှင့် ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ(ခယက) အာဏာပိုင်များက ယာယီ နေရာချပေးထားကြောင်း သိရသည်။

ရေလုပ်သားများသည် ဧရာဝတီတိုင်း အတွင်းရှိ ဖျာပုံ၊ ဒေးဒရဲ၊ လပွတ္တာ၊ မြောင်းမြ မြို့နယ်များမှ ဒေသခံများဖြစ်ပြီး အသက် ၂၀ ကျော်မှ ၅၀ ၀န်းကျင် ရှိကြောင်း အစားအသောက်များကို လတ်တလော ကော့သောင်း ဒေသခံများက ကူညီထားကြောင်း ဒေသခံတဦးက ပြောသည်။

“ရေထဲမှာ လေး ငါး ရက်လောက် မျောနေတယ် ဆိုတော့၊ လူတွေက နည်းနည်း အာဟာရ ပိုင်းလေးတွေတော့ နည်းနည်း ချို့ တဲ့ နေတဲ့ ပုံစံလေးတွေတော့ ရှိတယ်၊ ဒါပေမယ့် သူတို့ သွားနိုင် လာနိုင်ပါတယ်”ဟု ၎င်းက ဆိုသည်။ 

အာဏာပိုင်များက ရေလုပ်သားဒုက္ခသည်များအား မည်သို့ ရှေ့ဆက် ဆောင်ရွက်ပေးသွားမည်ကို မသိရှိရသေးပေ။ သို့သော် ဒေသခံများ ပြောဆိုချက်အရ အာဏာပိုင်များက လူဦးရေစာရင်း ကောက်ခံ၍ ကော့သောင်းမြို့တွင် ပြေးဆွဲနေသော ခရီးသည် တင် သင်္ဘာများဖြင့် မိမိနေထိုင်ရာ ဒေသများသို့ မကြာခင် ပြန်ပို့နိုင်ဖွယ်ရှိကြောင်း သိရသည်။

မတ်လ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် လေပြင်း တိုက်ခတ်မှုများကြောင့် ရန်ကုန်တိုင်း အတွင်း နေအိမ် အလုံး ၁၁၀၊ တဲ ၃၈ လုံးနှင့် ဧရာဝတီ တိုင်းအတွင်း အိမ်ခြေ ၂၀ ခန့် ပြိုကျပျက်စီးသွားခဲ့ကြောင်း ဖော်ပြထားသည်။

ရန်ကုန်မြို့တွင် မတ်လ ၁၆ ရက်နှင့် ၁၇ ရက်နေ့များ၌ မိုးရွာသွန်းပြီး ရာသီဥတု ဆိုးဝါးမှုကြောင့် ဒလ နှင့် ရန်ကုန်သို့ ကူးနေ သည့် ခရီးသည်တင် သမ္ပန် ၂ စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ သမ္ပန်များပေါ်ပါသော လူ ၂၀ နီးပါးထဲမှ အလောင်းတချို့ကို နန်းသီတာ ဆိပ်ကမ်းနှင့် ဒလ ဆိပ်ကမ်းဘက်တွင် အာဏာပိုင်များက တွေ့ရှိခဲ့ကြောင်းလည်း သိရသည်။     

ယင်းကဲ့သို့ မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများတွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် နွေစပါးနှင့်အတူ ဆောင်းသီးနှံများ ဖြစ်သည့် ပဲအမျိုးမျိုး၊ ငရုတ်၊ ပြောင်း၊ ကြက်သွန် စသည့် သီးနှံများ ပျက်စီးသွားကြောင်းလည်း သတင်းများတွင် ဖော်ပြထား သည်။

မြန်မာ တနိုင်ငံလုံးတွင်လည်း လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း အပါအ၀င် မိုးသက်လေပြင်းများ တိုက်ခတ်မည် ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကလည်း မတ်လ ၁၄ ရက်နေ့က သတင်း ထုတ်ပြန်ထားသည်။

ရန်ကုန်အခြေစိုက် ဧရာဝတီ သတင်းထောက် မိုးယံ ပူးပေါင်း ရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်