ကားဈေးကွက် ပြန်လှုပ်ရှား

E-mail Print
သင်္ကြန်ပွဲ နီးကပ်လာချိန်တွင် ရန်ကုန်ကား ဈေးကွက်အတွင်း အရောင်းအ၀ယ် အနည်းငယ်ရှိလာပြီး ဈေးကွက် စတင် လှုပ်ရှားလာသည်။ 

သင်္ကြန် လည်ပတ်ရာ၌ အများဆုံး အသုံးပြုသည့် ဂျစ်ကားနှင့် ခရီးသွားလာရာတွင် အသုံးဝင်သည့် လိုက်ထရပ်၊ လိုက်အေ့စ် ကားများ အရောင်းအဝယ် ဖြစ်သည်ဟု ရန်ကုန်ကား ဈေးကွက်မှ သိရသည်။

hanthawaddy-cars“သင်္ကြန် ကျောင်းပိတ်၊ ရုံးပိတ်ရက် ဆိုတော့ ခရီးသွားတွေ များတာကိုး။ အဲဒါကြောင့် လိုက်ထရပ်နဲ့ လိုက်အေ့စ် ကားတွေ ပြန်ရောင်းရလာတယ်” ဟု ဟံသာဝတီ ကားဈေးကွက်တွင် ၀ယ်ရောင်း ပြုလုပ်နေသူ ကိုရဲက ဧရာဝတီကို ပြောသည်။

ယခုနှစ် ဆန်းကတည်းက ကားဈေးကွက်ထဲသို့ နည်းလမ်းပေါင်းစုံနှင့် ၀င်လာသည့် ကားများ ပုံနေကြောင်း၊ သို့ရာတွင် ၀ယ်လိုအား မရှိခဲ့ကြောင်း သူက ဆိုသည်။

“အခုမှ နည်းနည်းပြန် လှုပ်လာတာ။ သင်္ကြန်နီးလာတာ ပါသလို၊ တလတခါ နေပြည်တော်မှာ လုပ်လေ့ရှိတဲ့ ကားလေလံပွဲ ခဏရပ်ထားတာ ကြောင့်လည်း ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ယခင်က ကျပ် သိန်း ၃၀ မှ ၃၅ သိန်း တန်ဖိုးရှိသော စက်မှုဇုန်ထုတ် ဂျစ်ကားများမှာ လက်ရှိ ဈေးကွက်အတွင်း ကျပ် သိန်း ၄၀ မှ ၄၅ သိန်းအထိ ဈေးနှုန်း မြင့်တက်သွားသည်ဟု သိရသည်။

“မိသားစု ခရီးထွက်ဖို့ ၀ယ်တာရှိသလို၊ တချို့ ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီတွေက ဇုန်ထုတ်  တောင်းအေ့စ်တွေ၊ ပစ်ကပ် ကားတွေ ၀ယ်တာများလာတယ်။ ဈေးကွက်မှာ ပြတ်တော် ပြတ်နေတယ် ပြောတယ်” ဟု ဟံသာဝတီကား ဈေးကွက်မှ ကားဝယ်ရောင်းလုပ်သူ ကိုကျော်တင့်က ပြောသည်။

တောင်းအေ့စ် ၁၉၈၈ မိုဒယ်လ်၏ ဈေးနှုန်းမှာ လက်ရှိ ကျပ်သိန်း ၁၀၀ နှင့် သိန်း ၁၃၀ အကြားတွင်ရှိပြီး ၂၀၀၀ မိုဒယ်လ် ဖြစ်ပါက ကျပ်သိန်း ၁၉၀ မှ သိန်း ၂၀၀ ခန့်အထိ ရှိသည်ဟု သူက ဆိုသည်။

ကျပ်သိန်း ၆၀ မှ သိန်း ၂၀၀ ကြား  ပေါက်ဈေးရှိသော ကားများမှာ လက်ရှိ အရောင်းအဝယ်များကြောင်း သိရသည်။

ယခုနှစ်ဆန်းပိုင်းမှ စတင်အေးနေသော ကားဝယ်ရောင်းဈေးကွက်သည် သင်္ကြန်ကာလ နီးကပ်လာသောကြောင့် အနည်းငယ် လှုပ်ခတ်မှု ရှိလာသော်လည်း ကားငှားရမ်းမှု မရှိသေးဟု ကျောက်မြောင်း ကားပွဲစားတန်းတွင် ၀ယ်ရောင်း လုပ်ကိုင်နေသူ တဦးက ပြောသည်။

“ပြီးခဲ့တဲ့နှစ်က ဒီအချိန်ဆို အစီအစဉ်တွေဆွဲပြီး ကားတွေစုငှား၊ ဘာညာလုပ်တဲ့ လူငယ်တွေကို ဒီနှစ်ဘာလုပ်မလဲ မေးကြည့် တော့ မသိသေးဘူး ဆိုတာများတယ်။ အစီအစဉ်ရှိတဲ့လူတွေ မေးကြည့်တော့ အများစုက လည်ဖို့၊ မဏ္ဍပ်ထိုင်ဖို့ထက် သင်္ကြန် မှာ ချောင်းသာတို့၊ ငွေဆောင်တို့ အဲဒီလို ခရီးထွက်ဖို့ များတယ်” ဟု သူက ဆိုသည်။

ယခင်နှစ်က X2O မဏ္ဍပ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် လည်းကောင်း၊ ယခုနှစ်တွင် စက်သုံးဆီဈေးများ ထိုးတက်ခြင်း၊ အာဏာပိုင်များ၏ လုံခြုံရေးစည်းကမ်းချက်များ တင်းကျပ်ခြင်းတို့ကြောင့် လည်းကောင်း သင်္ကြန်လည်ပတ်ရန်နှင့် မဏ္ဍပ်ထိုင်ရန် အများစုက စိတ်ပါဝင်စားမှု နည်းနေကြခြင်း ဖြစ်သည်ဟု သိရသည်။

ကားဝယ်ရောင်း ဈေးကွက်အတွင်း သင်္ကြန်ကာလနှင့် အင်္ကြန်လွန်ကာလ ကားဈေးကွက် ပြန်လည်ဦးမော့လာမည်ဟု မှန်းရ သော်လည်း ကားပြပွဲများနှင့် ကားလေလံပွဲများမှ ဈေးလျှော့ရောင်းချသည့် အစီအစဉ်များ တိုးလာပါက ယခင်ကဲ့သို့ အရောင်း အ၀ယ်ဆက်လက် အေးနိုင်ကြောင်း ကျောက်မြောင်း ကားပွဲစားက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်