လက်ရွေးစင် အသင်း နည်းပြချုပ် သတိပေးခံရ

E-mail Print
မြန်မာ ဘောလုံးအသင်း အနေဖြင့် အိုလံပစ် ခြေစစ်ပွဲများနှင့် အာရှဘောလုံးအဖွဲ့ချုပ် AFC Challenge Cup အကြို ခြေစစ်ပွဲများတွင် ရလဒ်များ ဆိုးရွားခဲ့သည့်အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က လက်ရှိ နည်းပြချုပ်ကို ပြင်းထန်စွာ သတိပေးလိုက်ကြောင်း ဘောလုံးအဖွဲ့ ချုပ် တာဝန်ရှိသူ တဦးက ပြောသည်။

milanမြန်မာ့ လက်ရွေးစင် ဘောလုံးအသင်း နည်းပြချုပ်ဖြစ်သူ ဆားဗီးယား နိုင်ငံသား မစ္စတာ မီလန် ဇီဗာဒီနိုဗစ် ၏ အနာဂတ် မရေရာခဲ့ သော်လည်း နောက်ဆုံး အခွင့်အရေးအဖြစ် ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဝင်မည့် မြန်မာ့ လက်ရွေးစင်အသင်းကို ကိုင်တွယ် စေ မည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

“ဇီဗာဒီနိုဗစ်က မိမိကစားသမားတွေရဲ့ အကြောင်းကို ပိုသိတဲ့ ပြည်တွင်း နည်းပြတွေ အကြံဉာဏ်ပေးတာကို နားမထောင် လက်မခံ တာမျိုးတွေကို ပြုပြင်ဖို့ ဘောလုံးအဖွဲ့ချုပ်က သတိပေးထားတယ်”ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူက ပြောဆိုသည်။

သို့သော် မစ္စတာ မီလန်ဇီဗာဒီနိုဗစ် ၏ လက်ထောက်နည်းပြ မစ္စတာ နီကိုလစ်ဂျိုဗီကာနှင့် ကိုယ်ကာယ ကြံ့ခိုင်ရေး နည်းပြဖြစ်သူ မစ္စတာဂိုရန်ဇီဗာဒီနိုဗစ် တို့ နှစ်ဦးကို မြန်မာ ဘောလုံး အဖွဲ့ချုပ်က ထုတ်ပယ်လိုက်ကြောင်း ၎င်းက ဆိုသည်။

AFC ရုံး အခြေစိုက်ရာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ၂၀၁၄ ကမ္ဘာ့ဖလား အာရှဇုန် ခြေစစ်ပွဲစဉ်များကို မတ်လ ၃၀ ရက်နေ့က အုပ်စုပွဲစဉ်များရေးဆွဲရာ မြန်မာ့လက်ရွေးစင် အသင်းသည် မွန်ဂိုလီးယား အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဖလား အာရှဇုန်ပထမအဆင့်ခြေစစ်ပွဲတွင် မွန်ဂိုလီးယား အသင်းနှင့် ယှဉ်ပြိုင်ရမည့် မြန်မာ့လက်ရွေးစင် အသင်းအတွက် မြန်မာ လက်ရွေးစင် စီနီယာအသင်းမှ ကစားသမားတချို့ကို သာ စိစစ်ရွေးချယ်သွားပြီး အိုလံပစ်အသင်းမှ လူငယ်ကစားသမား အများ စု ကိုအခြေခံပြီး နေရှင်နယ်လိဂ် ပြိုင်ပွဲတွင် ခြေစွမ်းပြနိုင်သော ကစားသမားတချို့ကိုရွေးချယ်ကာ ကမ္ဘာ့ဖလားခြေစစ်ပွဲ
တွင် အောင်မြင်ရန် အစွမ်းကုန်ပြင်ဆင်ကြိုးစားသွားမည်ဟု ဇီဗာဒီနိုဗစ် က ဆိုသည်။

မြန်မာ့ လက်ရွေးစင် အသင်းသည် ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ကမ္ဘာ့အဆင့် ၁၈၃ ရှိ မွန်ဂိုလီးယား အသင်းနှင့် ပထမ အဆင့် တွင် စတင် ရင်ဆိုင်ရမည်ဖြစ်ပြီး လာမည့် ဇွန်လ၂၉ ရက်နေ့နှင့် ဇူလိုင် ၃ ရက်နေ့တွင် အိမ်ကွင်း အဝေးကွင်း စနစ်ဖြင့် ယှဉ်ပြိုင် ရ မည် ဖြစ်သည်။

“မြန်မာအသင်းက ပြီးခဲ့တဲ့ AFC ပွဲတွေမှာ တော်တော် စိတ်ပျက်စရာ ကောင်းခဲ့တယ်။ ၆ လ ပိုင်းမှာ ကန်မယ့် ခြေစစ်ပွဲတွေမှာလည်း ဒီအတိုင်းဆို မလွယ်လောက်ဘူး။ မွန်ဂိုလီးယားနဲ့က ၂၀၀၀ ခုနှစ်တုန်းက ဆုံးဖူးတယ်။ အဲဒီတုန်းက မြန်မာက၂ဂိုးပြတ်နဲ့ နိုင်ဖူးတယ်”ဟု ဝါရင့် အားကစား ကလောင်ရှင် တဦးက ဆိုသည်။

မြန်မာ့ လက်ရွေးစင် အသင်းသည် ၂၀၀၀ ခုနှစ် အာရှဖလားပြိုင်ပွဲ၊ အုပ်စုပြိုင်ပွဲများတွင် အုပ်စုတခုတည်း ကျရောက်ခဲ့ပြီး ထိုစဉ်က စိုးမြတ်မင်းနှင့် မျိုးလှိုင်ဝင်း တို့၏ သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

လက်ရှိနည်းပြချုပ် မီလန် ဇီဗာဒီနိုဗစ် သည် လွန်ခဲ့သည့် ဇန်န၀ါရီလကမှ စတင်၍ မြန်မာ့ လက်ရွေးစင် အသင်းကို ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ဖလား ခြေစစ်ပွဲအား ဆက်လက် ကိုင်တွယ်ရန် အခွင့်အရေး ပေးထားသော်လည်း မြန်မာဘောလုံး အဖွဲ့ချုပ်နှင့် ဇီဗာဒီနိုဗစ်တို့ အကြားချုပ်ဆိုခဲ့သည့် စာချုပ်အရ ပထမ ၆ လ အတွင်း ကျေနပ်လောက်သည့် ရလဒ်များအား စွမ်းဆောင်နိုင်ခြင်း မရှိပါက စာချုပ် ဖျက်သိမ်းနိုင်သည် ဆိုသည့်အချက် ပါရှိခဲ့ရာ အကယ်၍သာ ပထမအဆင့် ခြေစစ်ပွဲတွင် ရလဒ် မကောင်းခဲ့ပါက ထုတ်ပယ်ခံရနိုင်
ကြောင်း မြန်မာ ဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ က ဆိုသည်။

မြန်မာဘောလုံးအသင်း၏ အတောက်ပဆုံး အချိန်ကာလများမှာ ၁၉၆၀ ခုနှစ် တ၀ိုက်က ဖြစ်ခဲ့ပြီး ထိုမှ တဖြည်းဖြည်း နိမ့်ကျလာခဲ့ ရာ ၁၉၉၀-၉၃ ခုနှစ်ကာလများတွင်မူ ပြန်လည်၍ အသက်ဝင်လာခဲ့ပြီးနောက်ပိုင်း ကျဆင်းခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်