မဟာချိုင် ယာဉ်တိုက်မှု မြန်မာများ သေဆုံး ဒဏ်ရာရ

E-mail Print
ထိုင်းနိုင်ငံ စမွတ်စခွန် ခရိုင် မဟာချိုင်တွင် ယနေ့နံနက် ၇ နာရီ ခန့်က အလုပ်သမား ကြိုပို့ကား ၃ စီးကို ဆယ်ဘီးကားကြီး တစီးက ၀င်တိုက်မိသဖြင့် ကားပေါ်ပါသူထဲမှ ၉ ဦးခန့်သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း သိရသည်။

Image0207ယင်း အလုပ်သမား ကြိုပို့ကားများမှာ ဂါလန် ပုဇွန်စက်ရုံမှ ဖြစ်ပြီး ကားတစီးလျှင် လူ ၄၀ ကျော် ၅၀ ခန့်ပါရှိကြောင်း၊ မဟာ ချိုင် တလာကွန့် တံတားအဆင်းတွင် နောက်မှပါလာသော ဆယ်ဘီးကားကြီးက ကြိုပို့ကားများကို တိုက်မိဖြင်းဖြစ်ကြောင်း မျက်မြင်တဦးဖြစ်သူ ကိုခိုင်ကျော်ကျော်က ဧရာဝတီသို့ပြောသည်။

ကိုခိုင်ကျော်ကျော် သည် မြန်မာရွှေ့ ပြောင်း အလုပ်သမားများကို ကူညီပေးသော အဖွဲ့ တခုဖြစ်သည့် မိုနိုထိုင်း အဖွဲ့ မှ စေ တနာ့ ၀န်ထမ်းတဦးဖြစ်ပြီး ကားတိုက်မှုကြောင့် သေဆုံးသူများနှင့် ဒဏ်ရာရှိသူများကို လက်ခံကုသပေးသည့် မဟာချိုင် ဆေးရုံသို့ ရောက်ရှိနေသူဖြစ်သည်။

“အခု ကျနော် ဒီမှာ ရောက်တော့ အလောင်း ၉ လောင်းရှိနေပြီ။ ဒဏ်ရာ အပြင်းအထန်ရလို့ အသည်းအသန်ကုနေတဲ့သူက ၃၀ ကျော်တယ်လို့ သိရတယ်”ဟု ၎င်းက ဆိုသည်။

ယင်း ၉ လောင်းအပြင် နောက်ထပ် ၆ လောင်း ရောက်ရှိလာသည်ဟု သိရကြောင်းလည်း ကိုခိုင်ကျော်ကျော်က ပြောသည်။

မြန်မာအလုပ်သမား ကိုအေးရွှေကလည်း“ဂါလန် စက်ရုံက နယ်ဝေးရပ်ကွက်မှာ ရှိတယ်။ အလုပ်သမားတွေက နေ့တိုင်း အဲဒီကို ဖယ်ရီ(ကြိုပို့ကား)နဲ့ သွားရတယ်။ အလုပ်ဆင်းဖို့ အသွားမှာ အတိုက်ခံရတာ။ စက်ရုံတရုံလုံး ပိတ်ပြီး အခု ဆေးရုံ ကို လာနေကြတယ်”ဟု ပြောပြသည်။

ဂါလန် ပုဇွန်စက်ရုံတွင် အလုပ်နေကြသော မြန်မာအလုပ်သမား ၇၀၀ ကျော် ရှိသည်ဟု သိရသည်။

မြန်မာအလုပ်သမား အရေး ကူညီဆောင်ရွက်ပေးသော Human Right Development Foundation (HRDF)မှ မြန်မာ ၀န်ထမ်း ဦးတိုးက“တလာကွန့်မှာက ရေက ရွှဲနေ တာ လေ။ ဆယ်ဘီးကားက ဆလစ်ဖြစ်ပြီးတိုက်တာ။ ဆယ်ဘီး ကားကြီး က အရှိန်နဲ့ မောင်းလာတာဆိုတော့။ တအားကြီး ဆောင့်တိုက်ပစ်သလို ဖြစ်သွားတာပေါ့။ ဒါရိုက်အတိုက်ခံရတဲ့ ကားမှာပဲ အလုပ်သမား ၅၀ ကျော်လောက်ပါတယ်။ အတိုက် ခံရတဲ့ ကားရဲ့ ဘော်ဒီကြီးတခုလုံး ပြုတ်ထွက်သွားတယ်။ နေရာတင် ပွဲချင်းပြီး သေတဲ့သူကသေ။ အရေးပေါ် ဆေးရုံပို့တာပို့ ပေါ့”ဟု ပြောသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေကြသော ရွှေ့ ပြောင်းမြန်မာ အလုပ်သမားများမှာ ၂ သန်းခွဲမှ ၄ သန်းဝန်းကျင် ရှိကြောင်း အလုပ်သမား အဖွဲ့ အစည်းများက ခန့်မှန်းထားကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်