ဈေးသည်များကို NLD အတိုးမဲ့ ချေးငွေ ထုတ်ချေး

E-mail Print
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ ကူညီပံ့ပိုးမှုဖြင့် အဖွဲ့ချုပ် ဗဟိုအမျိုးသမီး အဖွဲ့သည် ငွေကျပ် ၁၀ သိန်းကို အရင်းပြုကာ ဗဟန်းမြို့နယ်၊ ရာပြည့်ဈေးရှိ ဈေးသူဈေးသားများအား တဦးလျှင် ငွေကျပ် နှစ်သောင်းဖြင့် အတိုးမဲ့ချေးငွေ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

nld-dassk-kahtain
ချေးငွေထုတ်ချေးပေးရာတွင် ဈေးသူဈေးသားမျာအနေဖြင့် မိမိ အမှန်တကယ် ဈေးရောင်းနေကြောင်း အဆိုပြုလွှာနှင့် သန်ခေါင်စာရင်းမိတ္တူ၊ မှတ်ပုံတင်မိတ္တူတို့ဖြင့် ရုံးချုပ်သို့ လာရောက်ထုတ်ယူနိုင်ကြောင်း ဗဟိုအမျိုးသမီးအဖွဲ့ဝင်များက ပြောသည်။

“သန်းခေါင်စာရင်းမိတ္တူ ယူထားတယ်၊ မှတ်ပုံတင်မိတ္တူနဲ့ သူတို့ဓာတ်ပုံ ယူထားတယ်။ သူတို့ချေးတဲ့ဟာကို ဒီဈေးက ရောင်းတဲ့လူဟာ ဘာအတွက် ဘာအတွက် တကယ်ဈေးရောင်းနေပါတယ်၊ အဲဒီအတွက် တကယ်လိုအပ်တဲ့ နှစ်သောင်းထုတ်ချေးပါတယ်ဆိုတဲ့ အဆိုပြုလွှာကို ရေးရတယ်” ဟု အမျိုးသမီးအဖွဲ့ဝင် ဘဏ္ဍာရေးမှူး မအေးအေးမာက ဆိုသည်။

NLD က ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အထိ အတိုးမဲ့ဖြင့် ဗဟန်းမြို့နယ် ရာပြည့်ဈေးမှ ဈေးသူဈေးသားပေါင်း ၅၀ ဦးခန့်အား ထုတ်ချေးခဲ့ပြီး ချေးငွေယူသော ဈေးသူဈေးသားများကလည်း တရက်လျှင် ၇၀၀ ကျပ်နှုန်းဖြင့် အဖွဲ့ချုပ်ရုံးသို့ ပုံမှန်ပြန်ဆပ်လျက်ရှိကြောင်း သိရှိရသည်။

“အပြင်မှာ ချေးရင် ၁ သောင်းကို အတိုးက ၂ ထောင်၊ ၃ ထောင် ပေးရတယ်။ အတိုးနှုန်းက ၂၀ တိုး၊ ၃၀ တိုး ဖြစ်နေတာ။ အခုလို အဖွဲ့ချုပ်က ချေးပေးတော့ အရမ်းအဆင်ပြေတယ်၊ ကျေးဇူးလည်း တင်တယ်” ဟု ဗဟန်းမြို့နယ်၊ ရာပြည့်ဈေးမှ ဈေးသူဈေးသားတဦးက ဆိုသည်။

မအေးအေးမာ က “အတိုးမဲ့နှုန်းနဲ့ လုပ်ပေးနေတာ ဗဟန်းမြို့နယ်တွေပြီးရင်တော့ တခြားမြို့နယ်တွေဘက်ကိုလည်း လှည့်ချေးပေးဖို့ အစီစဉ်ရှိတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အခြေခံလူတန်းစားများမှာ စီးပွားရေးကျပ်တည်းမှုများဖြင့် ရင်ဆိုင်နေရသည့်အတွက် မြင့်မားသော ကုန်ဈေးနှုန်း၊ ချေးငွေအတိုးနှုန်းများဖြင့် စားဝတ်နေရေး အခက်အခဲများ ဖြစ်လာသောကြောင့် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ အတိုးမဲ့နှုန်းဖြင့် ချေးပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်