ပြည်နယ်နှင့် တိုင်းဒေသကြီးဆိုင်ရာ သတင်းစာများ ထုတ်ဝေမည်

E-mail Print
သမ္မတ ဦးသိန်းစိန် အစိုးရက ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဒေသဆိုင်ရာ သတင်းစာများ ထုတ်ဝေရန် ပြည်နယ်နှင့် တိုင်းဒေသကြီးဆိုင်ရာ အစိုးရအဖွဲ့များကို ညွှန်ကြား သွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ လာသော သတင်းများအရ သိရသည်။

Kyaw-San-Library-Donation“အဓိက ကတော့ သမ္မသစ် ဦးသိန်းစိန်ကို ကျနော်တို့ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဒေသဆိုင်ရာ သတင်းစာတွေ ရှိသင့်ကြောင်း တင်ပြရာက သမ္မတက သဘောကျပြီး
ဖြစ်လာတာပါ။ လိုအပ်တဲ့ ပြင်ဆင်မှုတွေကတော့ အများကြီလုပ်ရဦးမယ်” ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးက ပြောသည်။

ဦးသိန်းစိန် အစိုးရတွင် ဦးကျော်ဆန်းသည် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန နှစ်ခုတို့၏ ဝန်ကြီး ဖြစ်သည်။

သို့သော် ပြည်နယ်နှင့် တိုင်းဒေသကြီးဆိုင်ရာ သတင်းစာများ ထုတ်ဝေမည့်အချိန်ကို ပြောရန် စောသေးကြောင်း၊ ထိုကဲ့သို့ ထုတ်ဝေရာတွင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ၏ လုပ်ဆောင်ချက်များကို ၀ါဒဖြန့်ချိရေးသဘောဖြင့် အသားပေးဖော်ပြသွားမည်ဖြစ်ကာ သက်ဆိုင်ရာမြို့နယ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ပြန်/ဆက်ဦးစီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အဆင့်မြင့် အရာရှိက “အဓိက ကတော့ ၀န်ကြီးက မီဒီယာကို မီဒီယာနဲ့ တန်ပြန်မယ်ပေါ့။ အခု လက်ရှိသတင်းစာတွေက တနိုင်ငံလုံး လွှမ်းခြုံနိုင်မှု နည်းသေးတယ်ပေါ့။ ဒေသဆိုင်ရာ သတင်းစာတွေပေါ်လာရင် ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေရဲ့ လုပ်ဆောင်ချက်တွေကို ပိုပြီးဖော်ပြနိုင်မယ်လို့လည်း ၀န်ကြီးက ယူဆတယ်” ဟု ဆိုသည်။

ပြည်တွင်းရှိ ဂျာနယ်တစောင်မှ အကြီးတန်း အယ်ဒီတာတဦးက “ပြည်သူတွေအတွက် ဖတ်စရာတိုးလာတာကတော့ ၀မ်းသာစရာပါ။ ဒါပေမယ့် ပြည်သူကို အကျိုးပြုတဲ့ မီဒီယာတွေ၊ သတင်းစာတွေ ဖြစ်မလာဘဲ အစိုးရရဲ့ အာဘော်တွေချည်း ဖော်ပြတဲ့ သတင်းစာတွေ ထွက်လာလို့ကတော့ သိပ်မကောင်းပါဘူး။ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကသာ လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုးတွေ သယ်ဆောင်လာနိုင်မှာပါ” ဟု သုံးသပ်ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် တနိုင်ငံလုံးဖြန့်ချိနေသည့် အစိုးရအာဘော် သတင်းစာများဖြစ်သည့် မြန်မာဘာသာဖြင့် ထုတ်ဝေသော မြန်မာ့အလင်း၊ ကြေးမုံနှင့် မကြာမီက ထုတ်ဝေသည့် မြ၀တီသတင်းစာ၊ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် The New Light of Myanmar တို့ရှိပြီး ရန်ကုန်တွင် မြို့တော်သတင်းစာ၊ မန္တလေးတွင် ရတနာပုံနေ့စဉ်နှင့် မန္တလေး နေ့စဉ်ဟူသော ဒေသဆိုင်ရာ သတင်းစာများရှိကြောင်း သိရှိရသည်။

လူဦးရေ သန်း ၆၀ ကျော်ရှိသော မြန်မာနိုင်ငံတွင် အစိုးရအာဘော် သတင်းစာများကို နေ့စဉ် စောင်ရေ ၃ သိန်းကျော်၊ တလလျှင် စောင်ရေ ၉ သန်းကျော်၊ တနှစ်လျင် စောင်ရေ ၁၀၈ သန်းကျော် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေနေကြောင်း ယခုနှစ် မတ်လ ၁၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်