ကရင် နယ်ခြားစောင့် တပ်ချင်း ပြန်တိုက်

E-mail Print
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ အထူးဒေသတွင် နယ်ခြားစောင့်တပ် လက်ခံထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ အချင်းချင်း ပြီးခဲ့သည့် သောကြာနေ့က ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့သည်။

မြိုင်ကြီးငူ အထူးဒေသရှိ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို အခြားသော နယ်ခြားစောင့်တပ်ရင်း တခုဖြစ်သော အမှတ် ၁၀၁၂ မှ တပ်ဖွဲ့ဝင်များက လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

လူဦးရေ ၃၀ ခန့်ရှိသော ဗိုလ်ဖားမီး ဦးဆောင်သော နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက လာရောက် ပစ်ခတ်ခဲ့ပြီး ယင်းတပ်ဖွဲ့မှ တပ် ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း အတည်မပြုနိုင်သော သတင်းများအရ သိရသည်။ အဆိုပါ ဗိုလ်ဖားမီး အဖွဲ့က စစ်လက်နက်
ပစ္စည်းများ သိုလှောင်ထားသော အဆောက်အအုံ တခုနှင့် စစ်တန်းလျား တခုကို ပါ မီးရှို့ဖျက်ဆီးလိုက်ကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU)တပ်မဟာ ၇ မှ ဗိုလ်မှူးချုပ် စောဂျော်နီက ဧရာဝတီသို့ ပြော သည်။   

ယခုကဲ့သို့ နယ်ခြားစောင့်တပ် အချင်းချင်း ပစ်ခတ်သည့် အကြောင်း အရင်းနှင့် ပတ်သက်ပြီး ရှင်းရှင်း လင်းလင်း မသိရှိရသေး ပေ။

ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ ကမမောင်းမြို့တွင် ပြီးခဲ့သည့် စနေနေ့ကလည်း DKBA တပ်မဟာ ၅ မှ တပ်ဖွဲ့ဝင်တချို့ က အစိုးရတပ်များကို သွားရောက်တိုက်ခိုက်ခဲ့သေးသည်။

ယင်းတိုက်ပွဲတွင် အစိုးရတပ် ခြေမြန်တပ်ရင်း(ခမရ) ၂၁၂ တပ်ရင်းမှ စပါးကျီတလုံးနှင့် လက်နက်ခဲယမ်းများ သိုလှောင် ထား သော အဆောက်အအုံတခုကို မီးရှို့လိုက်ကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် တပတ်ကလည်း ကရင်ပြည်နယ် မြ၀တီမြို့နယ် အတွင်းရှိ DKBAနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၂ ဦးခန့် KNU တပ်မဟာ ၇ ထိန်းချုပ်ဒေသသို့ လက်နက်များဖြင့် လာရောက်ပူးပေါင်းခဲ့ကြောင်း၊ လာရောက်ပူးပေါင်းသူများထဲတွင် ဒု အရာခံ ဗိုလ် ၁ ဦးနှင့် တပ်ကြပ် တဦး ပါဝင်ကြောင်း နယ်စပ်ဒေသ အခြေစိုက် ကရင်သတင်းစဉ်အင်တာ နက် စာမျက်နှာတွင် ဖော်ပြ ထားသည်။

KNU တပ်မဟာ ၇ ထိန်းချုပ်ဒေသ စစ်မှတ်တမ်းများအရ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ မှ မတ်လအထိ နယ်ခြားစောင့်တပ်ဖွဲ့မှထွက် ပြေးလာသူ ၄၇ ဦးခန့်ရှိကြောင်း၊ ယခု ဧပြီလအတွင်း တပ်သား ၂၀ ခန့် ထပ်မံ ရောက်ရှိလာကြောင်း သိရသည်။

ဗိုလ်ဖားမီးသည် လက်ရှိအချိန်၌ နယ်ခြားစောင့်တပ်ဖွဲ့ဝင် တဦးဖြစ်ပြီး KNUထံသို့ သွားရောက်ပူးပေါင်းခြင်း မရှိသေးကြောင်း သိရှိရသည်။

နယ်ခြားစောင့်တပ် တပ်ဖွင့်ပွဲ အခမ်းအနားများကို လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ ဒေသ၊ ပိုင်ကျုံမြို့နယ် ထန်းတပင်ကျေးရွာ၊ မြ ၀တီ မြို့နယ် မဲပလဲ့ဒေသ၊ ကော့ကရိတ်မြို့နယ် ထီးဟူးသံ ကျေးရွာနှင့် ကွင်းကလေးဒေသတို့တွင် စစ်အစိုးရကဦးဆောင်၍ ပြီး ခဲ့သည့် နှစ် သြဂုတ်လ၌ ကျင်းပ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမား လာသည့် လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်