အမျိုးသား ထောက်လှမ်းရေးအဖွဲ့ကို ကာချုပ် ဦးစီးမည်

E-mail Print
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က အမျိုးသား ထောက်လှမ်းရေး အဖွဲ့ (NIB) ဖွဲ့စည်းရန် ဆောင်ရွက်လျက် ရှိကြောင်း နေပြည်တော် အခြေစိုက် စစ်ဘက်အသိုင်းအ၀န်းမှ သတင်းရရှိသည်။

General-Min-Aung-Hlaing-Mar-30-11ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရာထူးတာဝန်ကို ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ထံသို့ လွှဲပြောင်းမပေးခင်ကပင် အမျိုးသားထောက်လှမ်းရေး အဖွဲ့ဖွဲ့စည်းရန် တရားဝင် ညွှန်ကြားခဲ့ခြင်း ဖြစ်ပြီး ယခုအခါ အဆိုပါ ညွှန်ကြားချက်အတိုင်း ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က အကောင်အထည်ဖော်လျက် ရှိကြောင်း သိရှိရသည်။

အမျိုးသား ထောက်လှမ်းရေးအဖွဲ့ဖွဲ့စည်းရန် သမ္မတဦးသိန်းစိန် ဦးဆောင်သော အမျိုးသား လုံခြုံရေးကောင်စီက တရားဝင် ခွင့်ပြုထားကြောင်း၊ အဓိကအားဖြင့် ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန စသည့် ဌာန ၃ ခုကို ပူးပေါင်းဖွဲ့စည်းမည်ဖြစ်ကြောင်း၊ လိုအပ်ချက် အရ တခြားသော အရပ်ဘက်ဆိုင်ရာ ၀န်ကြီးဌာန များသည်လည်း အမျိုးသားထောက်လှမ်းရေး အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်ဆိုင်ရာ အရာရှိတဦးက ပြောသည်။

“အဲဒီအဖွဲ့က အမျိုးသားလုံခြုံရေးကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာ ထားမယ်လို့ သိရပါတယ်” ဟု နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။

အမျိုးသား ထောက်လှမ်းရေးအဖွဲ့သည် ပြည်တွင်းနိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား နိုင်ငံရေးပါတီများ၏ နိုင်ငံရေး လှုပ်ရှားမှုများ၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းရေး ရယူထားသော တိုင်းရင်းသားအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများ၊ ပြည်တွင်းအကြမ်းဖက် ဖောက်ခွဲမှုလုပ်ရပ်များ၊ တပ်မတော်တွင်း သွေးခွဲမည့်လုပ်ရပ်များ အပါအ၀င် နိုင်ငံတော် လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ပျက်ပြားစေနိုင်သော အရေးကိစ္စအားလုံးကို စုံစမ်းထောက်လှမ်း အရေးယူ သွားမည်ဟု သိရသည်။

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ စစ်ဘက်နှင့် လုံခြုံရေးဆိုင်ရာ လျှို့ဝှက် အစီရင်ခံစာ ပေးပို့ခြင်း၊ လူကိုယ်တိုင် သွားရောက် သတင်းပို့ခြင်းများ လုပ်ဆောင်လျက် ရှိသည်ဟု နေပြည်တော် စစ်ဘက် အသိုင်းအ၀န်းက ဆိုသည်။

သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသည် မတ်လ ၃၀ ရက်နေ့မှ စတင်ပြီး နိုင်ငံတော် အာဏာကို တရားဝင် ရယူခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်