တရားမဝင် ရွှေ့ပြောင်း နေထိုင်သူများကို နှိမ်နင်းတော့မည်

E-mail Print
ထိုင်းနိုင်ငံအတွင်း တရားမဝင် ရွှေ့ပြောင်း နေထိုင်သူ များကို ရှေ့လျှောက် နှိမ်နင်းသွား တော့မည် ဟူသော ထိုင်းအစိုးရ၏ ကြေညာချက်မှာ အဖြေတခု မဟုတ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် လူ့အခွင့်အရေး အဖွဲ့များက ပြောဆိုနေ ကြသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား ကူညီ စောင့်လျှောက်ရေး အဖွဲ့ (MAP) ကို တည်ထောင်သူ တဦးဖြစ်သည့် ဂျက်ကီ ပူးလော့က “နှိမ်နင်းတယ် ဆိုတာက ဒီကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းကောင်း မဟုတ်ဘူး။ ဒီလို လုပ်ခြင်းက တရားမဝင် ရွှေ့ပြောင်း နေထိုင် သူတွေအတွက် ပိုပြီး ခက်ခဲရုံပဲရှိမယ်။ အကောင်းဆုံး ဖြေရှင်းတဲ့ အနေနဲ့ တရားမဝင် နေထိုင်သူ တွေကို တရားဝင် ဖြစ်သွားအောင် မှတ်ပုံတင်ခွင့် ပိုမိုချပေးတာမျိုး လုပ်သင့်တယ်” ဟု ပြောသည်။

ထိုင်းဝန်ကြီးချုပ် အဖီဆစ် ဝေ့ချာချီဝက ထိုင်းနိုင်ငံတွင်း တရားမဝင် ရွှေ့ပြောင်း နေထိုင်သူများကို နှိမ်နင်းတော့မည်ဟု ကြာသပတေးနေ့က ပြောဆိုခဲ့သည်။ ထိုင်း ရေတပ်က မြန်မာပြည်မှ လှေဖြင့် ရောက်ရှိလာသည့် ရိုဟင်ဂျာများကို ဖိအားပေးကာ ပင်လယ်တွင်း ပြန်လည် စေလွှတ်ခဲ့ ပြီးနောက် ယင်းသို့ ပြောခဲ့ခြင်း ဖြစ်သည်။

“တရားမဝင် ရွှေ့ပြောင်း နေထိုင်တဲ့ သူတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ရှင်းမှဖြစ်မယ်။ မဟုတ်ရင် ကျနော်တို့ ထိုင်း နိုင်ငံသား အလုပ်သမား တွေရဲ့ လုံခြုံရေး၊ စီးပွားရေး၊ အခွင့်အရေးတွေ ထိခိုက်လာ လိမ့်မယ်။ ဒီတော့ သူတို့ကို ကျနော်တို့ နိုင်ငံကနေ ပြန်နှင်ထုတ်ရမယ်” ဟု ထိုင်းဝန်ကြီးချုပ်က ပြောခဲ့သည်။

တရားမဝင် မြန်မာရွှေ့ပြောင်း နေထိုင်သူတို့နှင့် ပတ်သက်သည့် အခြေခံအကျဆုံး ပြဿနာ တခုမှာ မြန်မာပြည်တွင်း၌ စီးပွားရေး မပြေလည်သောကြောင့်ဖြစ်ရကြောင်း ဘန်ကောက် အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားများ အဖွဲ့ (MWG) ဖြစ်မြောက်ရေးတွင် ပါဝင်သူ အက်ဒီဆွန် ကာ့ဒ်မွန်ကိုလ်က ဆိုသည်။

“လူတွေမှာ စားစရာမရှိတော့ ထိုင်းကိုရွှေ့လာကြတာပေါ့။ ထိုင်းအစိုးရအနေနဲ့ တရားဝင်ဖြစ်အောင် ဖန်တီးပြီး ဒီပြဿနာကို ရေရှည်ပြေလည်အောင် ကြိုးပမ်းသင့်တယ်။ လုံခြုံရေးအတွက်ဆိုပြီး နှိမ်နင်းတာတွေချည်းပဲ လုပ်နေဖို့ မသင့်ဘူး” ဟု ၎င်းကဆက်ပြောသည်။

လက်ရှိအခြေအနေတွင် ထိုင်းနိုင်ငံတောင်ပိုင်းသို့ မြန်မာပြည်မှ ရိုဟင်ဂျာများ ဝင်ရောက်မှု တနေ့ထက်တနေ့ မြင့်တက်လာသည့် ပြဿနာကို ထိုင်းအစိုးရအနေနှင့် ရင်ဆိုင်နေရသည်။ ထိုင်းနိုင်ငံတွင်း နေထိုင်အလုပ်လုပ်နေသည့် မြန်မာဦးရေမှာ ယခုအခါ အနည်းဆုံး ၄ သန်းခန့် ရှိနေပြီး ၅ သိန်းကျော်မှာ ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနတွင် မှတ်ပုံတင်၍ တရားဝင်နေထိုင်နေသူများ ဖြစ်ကြသည်။


သောကြာနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင်လည်း ထိုင်းအစိုးရ၏ လုံခြုံရေးကောင်စီတွင် အကြံပြုထားသည့် “ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းခြေတွင် ကမ်းခြေစောင့် လုံခြုံရေးစခန်းတခုတည်ဆောက်ကာ ဝင်ရောက်လာသော တရားမဝင် ရွှေ့ပြောင်းလာသူများကို ပိုမိုဖမ်းဆီးမည်” ဆိုသော အချက်ကို ဖော်ပြထားသည်။

လက်ရှိတွင် ထိုင်းအစိုးရလက်တွင်း ရောက်ရှိနေသော ရိုဟင်ဂျာ ၄၈၈၀ ကို မြန်မာနိုင်ငံသို့ပြန်ပို့ရန် စီစဉ်လျှက်ရှိသည်။

အင်္ဂါနေ့ကလည်း ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထိုင်းအစိုးရထံတွင် ရိုဟင်ဂျာများအား တွေ့ခွင့်၊ လိုအပ်သည့်အကူအညီများ ပေးခွင့် တောင်းဆိုထားသော်လည်း ထိုင်းအစိုးရက ယခုထက်ထိ တစုံတရာ တုံ့ပြန်ခြင်းမရှိကြောင်း ကြားသိရသည်။ လောလောဆယ်အနေအထားအရ ထိုင်းနိုင်ငံတောင်ပိုင်းသို့ ထပ်မံဝင်ရောက်လာသည့် ရိုဟင်ဂျာ ၁၂၆ ယောက်ကို ထိုင်းအစိုးရက ထိန်းသိမ်းထားသည်ဟု UNHCR ကယူဆထားသည်။

ယခုအခါ အင်ဒိုနီးရှား နိုင်ငံအစိုးရကလည်း ၎င်းနိုင်ငံသို့ ဝင်ရောက်လာသည့် မြန်မာပြည်မှ ရိုဟင်ဂျာ ၁၉၃ ယောက်ကို နိုင်ငံရေးခိုလှုံခွင့် ငြင်းဆိုကာ မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ပြင်ဆင်နေကြောင်း အင်ဒိုနီးရှား ဝန်ကြီးချုပ်က ပြောဆိုလိုက်သည်ဟု ကြားသိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်