နယ်စပ်ဒုက္ခသည်စခန်း ၃ ခု ထိုင်း စစ်ဆေးမည်

E-mail Print
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းရှိ မြန်မာဒုက္ခသည်စခန်း ၃ ခုကို တာ့ခ်ခရိုင် အာဏာပိုင်များက ၀င်ရောက်စစ်ဆေးရန် စီစဉ်နေကြောင်း တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး ကပြောကြားသည်။

Mae-La-refugee-camp-112

တာ့ခ် ခရိုင် အာဏာပိုင်များနှင့် လုံခြုံရေးတပ်များ ပူးပေါင်းပြီး ယင်း စခန်း ၃ ခုကို စစ်ဆေးမည်ဖြစ်ကြောင်း၊ ဒုက္ခသည် အစစ်အမှန် ဦးရေ စာရင်းကို သိရှိရန်နှင့် မူးယစ်ဆေးဝါးနှင့် တရားမ၀င် နေထိုင်ခြင်းများကို ရှင်းလင်းရန် ဖြစ်ကြောင်း တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး စမတ် လွိုင်ဖာ့ က ဧရာဝတီသို့ ပြောသည်။

တာ့ခ် ခရိုင် မယ်လ ဒုက္ခသည်စခန်း ကော်မတီ ဥက္ကဋ္ဌ ဦး စောထွန်းထွန်းကလည်း“တာ့ခ် ခရိုင်က ဒုက္ခသည်စခန်းမှာရှိတဲ့ လူဦးရေ ကို ရေတွက်မယ့် အစီအစဉ်တွေလုပ်နေပါတယ်။ မှတ်ပုံတင်ထားတဲ့ သူတွေရော၊ မှတ်ပုံတင်မထားတဲ့သူတွေရော စစ်မှာပါ။ အဓိက ဦးတည်ချက်က ဒုက္ခသည်စခန်းအတွင်းမှာ အမှန်တကယ်ရှိနေတဲ့ လူ အရေ အတွက် ကို သိချင်လို့ အခုလို စစ်ဆေးဖို့စီစဉ်တာလို့ ထိုင်း အာဏာပိုင်တွေက ပြောပါတယ်”ဟု ပြောဆိုသည်။

မယ်လ၊ အုန်းဖျန်၊ နို့ဖိုး ဒုက္ခသည်စခန်းများကို စစ်ဆေးမည်ဖြစ်ရာ ယင်း စခန်းအတွင်း အမှန်တကယ်နေထိုင် သူများကိုသာ ဒုက္ခသည်အဖြစ် သတ်မှတ်မည်ဖြစ်ပြီး ပြင်ပရောက်နေသူများကို စာရင်းမှပယ်ဖျက်မည်ဟု အာဏာပိုင်များက ကြိုတင်အကြောင်းကြား ခဲ့ကြောင်း မယ်လ ဒုက္ခသည်စခန်းတွင် နေထိုင်သူများ က ပြောပြသည်။

“ကျနော့် သားသမီးတွေဆို အပြင်ကိုရောက်နေတယ်။ အဆက်အသွယ်ရလို့ တော်သေးတာပေါ့။ ကျနော့် အသိတွေဆို အဆက် အသွယ်မရဘူး။ ဘာမှ အကြောင်းမကြားနိုင်သေးဘူး။ လောလောဆယ်တော့ စိတ်ပူနေကြတယ်”ဟု မယ်လ ဒုက္ခသည်စခန်း အတွင်း ၅ နှစ်ကျော်ကြာ နေထိုင်သူ ဦးမောင်ကို က ပြောသည်။

မယ်လ ဒုက္ခသည်စခန်းတွင် အိမ်ခြေ ၁၂၀၀၀ ၀န်းကျင်ရှိပြီး လူဦးရေ ၅၂၀၀၀ ၀န်းကျင်ရှိကြောင်း၊ ပြင်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်နေသော လူအရေအတွက်မှာ လောလောဆယ် ၅၀၀၀ ခန့်ရှိကြောင်း စခန်း ဥက္ကဋ္ဌ ဦးစောထွန်းထွန်းက ပြောသည်။

မယ်လ စခန်းသို့ မေလ ၁၁ ရက်နေ့မှ စတင်ကာ ၂၃ ရက်နေ့အထိ လာရောက် စစ်ဆေးမည် ဖြစ်ကြောင်း တာ့ခ်ခရိုင် အာဏာပိုင် များက မေလ ၇ ရက်နေ့က အကြောင်းကြားခဲ့သော်လည်း ယခုအခါ စစ်ဆေးမည့်ရက်ကို ၂၃ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်သည် ဟု လည်း ၎င်းက ဆိုသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)မှ ကြားဝင် တောင်းဆိုပေးသည့် အတွက် တာ့ခ်ခရိုင် ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ အစည်းအဝေး ပြန်ကျင်းပ၍ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ဦးစောထွန်းထွန်းက ရှင်းပြသည်။

အုန်းဖျန် ဒုက္ခသည်စခန်းတွင်မူ ပြင်ပရောက်နေသော ဒုက္ခသည်များအား ပြန်လည်ခေါ်ထားရန် အကြောင်းကြားထားပြီး သော် လည်း နို့ဖိုး ဒုက္ခသည်စခန်းတွင်မူ စစ်ဆေးရန်အတွက် အကြောင်းကြားထားခြင်း မရှိသေးကြောင်း သက်ဆိုင်ရာ စခန်း တာဝန်ရှိသူများက ပြောသည်။

အုန်းဖျန်စခန်းတွင် ဒုက္ခသည်ပေါင်း ၁၆၀၀၀၊ နို့ဖိုးစခန်းတွင် ဒုက္ခသည်ပေါင်း ၁၆၉၉၁ နေထိုင်လျက်ရှိကြောင်း သိရသည်။

ထိုင်း-မြန်မာ နယ်စပ်၌ မယ်လ ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လဦး၊ မယ်ရာမို၊ ထန်ဟင်း၊ ဘန့်ဒုံယမ်း စသည့် ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီ ဒုက္ခသည် စခန်းများဖြစ်သော ကရင်နီ စခန်း အမှတ်(၁)၊ ကရင်နီ စခန်းအမှတ်(၂) အပါအ၀င် ဒုက္ခသည် စခန်း ပေါင်း ၉ ခု ရှိကြောင်း တာဝန်ရှိသူများက ပြောပြသည်။

ကရင်သတင်းစဉ်မှ အယ်ဒီတာချုပ် နန်းဖောဂေ က ယခုကဲ့သို့ ထိုင်းအာဏာပိုင်များက စစ်တမ်းကောက်ရန်စီစဉ် ခြင်းမှာ ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက ကျင်းပခဲ့သည့် မြန်မာအာဏာပိုင်များနှင့် ထိုင်းနယ်စပ် ကော်မတီ ဆွေးနွေးပွဲနှင့် ဆက်စပ်နိုင်ကြောင်း၊ မြန်မာ အစိုးရသစ်၏ ဖိအားပေးမှုကြောင့်လည်း ဖြစ်နိုင်ကြောင်း ပြောဆိုသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်