ရန်ကုန်တိုင်းအစိုးရနှင့် မီဒီယာတွေ့ဆုံမှု နောက်တကြိမ် မသေချာ

E-mail Print
ရန်ကုန်တိုင်း အစိုးရသစ်သည် ပြည်တွင်း မီဒီယာများနှင့် တွေ့ဆုံမှုကို ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ရန်ကုန် သတင်း အသိုင်းအ၀န်းကြားတွင် သတင်းများထွက်ပေါ်နေသည်။

YGN_officials_met_with_journalistsမေလ ၁၀ ရက်နေ့တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ ရုပ်သံကို ပြည်ပအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ၌ ထုတ်လွှင့်ပြသခဲ့ပြီးနောက် မေလ ၁၇ ရက်နေ့က ဒုတိယ အကြိမ်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ အကြောင်းအရာများကို ပြည်ပ မီဒီယာများ၌ ဖော်ပြရေးသားခဲ့ခြင်းကြောင့် ယခုကဲ့သို့ မီဒီယာနှင့်တွေ့ဆုံမှု ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း အစိုးရသည် မီဒီယာတချို့နှင့် တွေ့ဆုံမှုကို မေလ ၁၀ ရက်နေ့က စတင်ပြုလုပ်ခဲ့ပြီး အပတ်စဉ် အင်္ဂါနေ့တိုင်းတွင် တွေ့ဆုံသွားမည်ဟု ၀န်ကြီး ဦးဉာဏ်ထွန်းဦးက သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

DVB ရုပ်သံတွင် ထုတ်လွှင့်ပြသခဲ့ပြီးနောက် မေလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သော ဒုတိယအကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲ၌ အစိုးရပိုင် ရုပ်သံ တခုဖြစ်သော MRTV-4 ၏ ရိုက်ကူးမှုကို တားမြစ်ခဲ့ကြောင်းလည်း သိရသည်။

သတင်းစာရှင်းလင်းပွဲ ထပ်မံပြုလုပ်မည် ဆိုလျှင်လည်း တက်ရောက်မည့် သတင်းထောက်အမည်၊ ယူဆောင်လာမည့် ကင်မရာအမျိုးအစားနှင့် အသံဖမ်းစက် စသည်တို့ကို ကြိုတင် စာရင်းပေးရမည်ဟု သတင်းထောက်တချို့က ပြောသည်။

အစိုးရ သတင်းစာ ရှင်းလင်းပွဲဟု ဆိုသော်လည်း မေးခွန်းများ လွတ်လပ်စွာ မေးမြန်းခွင့်မရကြောင်း ပထမအကြိမ် သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက် သတင်းယူခဲ့သူ တဦးက ဆိုသည်။

ပြုလုပ်ပြီးခဲ့သည့် အဆိုပါ သတင်းစာရှင်းလင်းပွဲများတွင် ပြည်တွင်းအခြေစိုက် နိုင်ငံခြား သတင်းဌာနများကို လုံးဝ ဖိတ်ကြားခြင်း မရှိကြောင်း၊ ပွင့်လင်းမြင်သာသော သတင်းစာရှင်းပွဲမျိုး မဟုတ်ကြောင်း ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းဌာန၏ သတင်းထောက် တဦးက ဆိုသည်။

သတင်း စာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ပညာရေး၊ ကျန်းမာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီး တာဝန်များအား ပူးတွဲယူထားသူ ဦးဉာဏ်ထွန်းဦးနှင့် ရန်ကုန်တိုင်း အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်းတို့က သတင်းထောက် များ၏ မေးခွန်းများကို ဖြေဆိုခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်