ICRC ကို ထောင်တွင်း ပြည်လည်ဝင်ခွင့်ပြုနိုင်ဟု ဂျွန်မက်ကိန်းပြော

E-mail Print

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) ကို မြန်မာနိုင်ငံတွင်းရှိ အကျဉ်းထောင်များသို့ ၀င်ရောက်ခွင့် ပြုနိုင်ဖွယ်ရှိကြောင်း အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ရန်ကုန်ရှိ အမေရိကန်စင်တာ၌ ယနေ့နံနက်ပိုင်းက သတင်း စာရှင်းလင်းပွဲ ပြုလုပ်စဉ် ပြောဆိုခဲ့သည်။

John_McCain_burmaမစ္စတာ ဂျွန်မက်ကိန်းသည် မြန်မာ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ဗုဒ္ဓဟူးနေ့က နေပြည်တော်၌ တွေ့ဆုံခဲ့ရာ အကျဉ်းထောင်များသို့ ICRC သွားရောက်စစ်ဆေးခွင့် ရရေးနှင့် နိုင်ငံရေး အကျဉ်းသားများ အခွင့်အရေး အပြည့်အ၀ ရရှိရေးတို့ကို တောင်းဆိုခဲ့ကြောင်း၊ မြန်မာအစိုးရက စဉ်းစားပေးမည်ဟု ပြန်ပြောကြောင်း၊ ICRC အဖွဲ့အနေဖြင့် လာမည့် သီတင်းပတ် အနည်းငယ်အတွင်း မြန်မာအကျဉ်းထောင်များသို့ လာရောက်လည်ပတ်ခွင့် ပြုနိုင်ဖွယ်ရှိကြောင်း သတင်းထောက် များကို ရှင်းလင်းသည်။

မြန်မာအစိုးရက ထိုသို့ ခွင့်ပြုမည်ဆိုပါက မြန်မာ - အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်ရေးအတွက် ပထမ ခြေလှမ်းဖြစ်လာမည်ဟု ဂျွန်မက်ကိန်းက ဆိုသည်။

“နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ပြည်တွင်းပြည်ပ ဆောင်ရွက်နေကြတဲ့ လူ့အခွင့်အရေးအဖွဲ့တွေကို လေးစားဖို့လိုတယ်။ တိုးတက်မှုဆိုတာက စာလုံးတွေနဲ့ တည်ဆောက်ဖို့မဟုတ်ဘူး၊ လက်တွေ့လုပ်ပြဖို့ လိုအပ်ပါတယ်။ ရာဇ၀တ်မှုကြောင့် မဟုတ်ဘဲ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ အမျိုးသမီးတွေ၊ အမျိုးသားတွေ ၂၀၀၀ ကျော်ကိုလည်း ချက်ချင်း ပြန်လွှတ်ပေးဖို့ လိုတယ်” ဟု သူက ပြောသည်။

အကျဉ်းထောင်များသို့ ICRC ၀င်ခွင့်ရပါက အကျဉ်းသားများ၏ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုရရှိလာမည်ဖြစ်ပြီး အကျဉ်းသားများ၏ ထောင်တွင်း အခြေအနေများကို တင်ပြဆွေးနွေးခွင့် ရနိုင်မည်ဟု ပြည်ပ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း - မြန်မာနိုင်ငံ (AAPP) မှ ကိုတိတ်နိုင်က ဧရာဝတီကို ပြောသည်။

ICRC အဖွဲ့သည် ၁၉၉၉ ခုနှစ်တွင် အကျဉ်းထောင်များနှင့် ရဲဘက်စခန်းများသို့ ၀င်ရောက်၍ လုံခြုံရေးအရ ထိမ်းသိမ်း ထားသူများ (နိုင်ငံရေးအကျဉ်းသားများ) အပါအ၀င် အကျဉ်းသားများကို တွေ့ဆုံလေ့လာခွင့်များ ရရှိခဲ့သည်။ သို့သော်လည်း ၂၀၀၆ ခုနှစ် နှောင်းပိုင်းမှစတင်ကာ အကျဉ်းထောင်များသို့ ၀င်ရောက်လေ့လာခွင့်ကို စစ်အစိုးရက ကန့်သတ် ပိတ်ပင်ခဲ့သည်။

ICRC အဖွဲ့သည် ၂၀၀၅ ခုနှစ် ဒီဇင်ဘာလက သာယာဝတီထောင်သို့ သွားရောက်ခဲ့စဉ် အာဏာပိုင်များက ၎င်းတို့ ပါဝင်မှ ထောင်တွင်းသို့ ၀င်ရမည်ဟု ပြောဆိုခဲ့သဖြင့် နောက်ပိုင်း သွားရောက်ခြင်းမရှိတော့ပေ။ ထောင်တွင်းဝင်ရောက်ခွင့် ရစဉ်က အကျဉ်းသားများ၏ ကျန်းမာရေး စောင့်ရှောက်မှု အတွက် ၅၀ ရာခိုင်နှုန်းကို ICRC အဖွဲ့က တာဝန်ယူခဲ့သည်ဟု ကိုတိတ်နိုင်က ပြောသည်။

“သာယာဝတီထောင်ကို သွားတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးက သူတို့နဲ့အတူ ထောင်ထဲဝင်ရမယ်၊ သွားလာရမယ် ဆိုတော့ ICRC ကလက်မခံတဲ့ အတွက် နောက်ပိုင်းမှာ ထောင်တွင်းဝင်တာ ရပ်တန့်ခဲ့ရတယ်” ဟု ကိုတိတ်နိုင်က ရှင်းပြသည်။

မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင် အသီးသီး၌ နိုင်ငံရေးအကျဉ်းသား ဦးရေ ၂၀၀၀ ကျော်ရှိကြောင်း AAPP စာရင်းများတွင် ဖော်ပြထားပြီး ယနေ့ထုတ်အစိုးရ သတင်းစာများ၌မူ မြန်မာနိုင်ငံ၌ နိုင်ငံရေး အကျဉ်းသားများ မရှိဟု ရေးသားထားသည်။

မြန်မာနိုင်ငံ၌ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုမရှိလျှင် အာရပ်ဒေသတွင်း နိုင်ငံများကဲ့သို့ တော်လှန်ပုန်ကန်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း မစ္စတာ ဂျွန်မက်ကိန်းက သတင်းစာရှင်းလင်းပွဲ၌ သတိပေး ပြောဆိုသွားသည်။

ထို့အပြင် သိသာသော အပြောင်းအလဲ တစုံတရာ မတွေ့ရပါက အမေရိကန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့ အရေးယူမှုကို ဆက်လက် ထားရှိမည်ဟုလည်း ၎င်းက ဆိုသည်။

ဂျွန်မက်ကိန်းသည် ဇွန်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ မြန်မာနိုင်ငံသို့ ၃ ရက်ကြာလာရောက်ခဲ့ပြီး မြန်မာအစိုးရအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်များ၊ နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များ၊ လူမှုရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

မေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တွင် မနေ့က တွေ့ဆုံရာတွင် မြန်မာ့ဒီမိုကရေစီ အရေးကို ဆက်လက် ထောက်ခံသွားမည်ဟု ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ၌ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု မရှိလျှင် အာရပ်ဒေတွင်းကဲ့သို့ တော်လှန် ပုန်ကုန်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း မစ္စတာ ဂျွန်မက်ကိန်းက သတင်းစာရှင်းလင်းပွဲ၌ သတိပေး ပြောဆိုသွားသည်။

 

ထို့အပြင် သိသာသော အပြောင်းအလဲ တစုံတရာ မတွေ့ရပါက အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော

စီးပွားရေး ပိတ်ဆို့ထားမှုကို ဆက်လက်ထားရှိမည်ဟု ၎င်းက ဆိုသည်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်