အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး မြန်မာပြည် ရောက်ရှိ

E-mail Print
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အက်စ် အမ် ခရစ်ရှနား (SM Krishna) သည် မြန်မာနိုင်ငံသို့ ယနေ့ရောက်လာပြီး သမ္မတ ဦးသိန်းစိန်နှင့် နှစ်နိုင်ငံနယ်စပ် လုံခြုံရေး ကိစ္စ၊ စွမ်းအင်ကိစ္စများကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

sm-krishna-afganistanမစ္စတာ ခရစ်ရှနား၏ ခရီးစဉ်သည် ၃ ရက်ကြာမည်ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်အပြင်၊ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးကိစ္စ၊ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စများကိုပါ ဆွေးနွေး သွားမည် ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများတွင် ရေးသားထားသည်။

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီသည် ချင်းတွင်းမြစ်ဆုံရှိ ထမန်သီဆည် ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည် ဖော်နိုင်ရေး ကိစ္စကိုလည်း အလေးထား ဆွေးနွေးနိုင်ကြောင်း အဝေးရောက် ညွန့်ပေါင်းအစိုးရ၏ ပြန်ကြားရေး ၀န်ကြီး ဒေါက်တာ တင့်ဆွေက ပြောသည်။

ထမန်သီ ရေအားလျှပ်စစ် စီမံကိန်းသည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်များ၏ လျှပ်စစ်စွမ်းအင်နှင့် စီးပွားရေး ဖွံ့ဖြိုးမှု ကဏ္ဍများအတွက် အရေးပါသည့်အပြင် နယ်စပ်တလျှောက်လှုပ်ရှားနေသော အိန္ဒိယ ခွဲထွက်ရေး အဖွဲ့များနှိမ်နင်းရေး အတွက်ပါ အဓိက ကျနေ၍ စီမံကိန်း ပေါ်ပေါက်ရေးကို အိန္ဒိယ အစိုးရက ကြိုးပမ်းလျှက်ရှိသည်။

“ထမန်သီဆည် စီမံကိန်းနဲ့ အိန္ဒိယ ခွဲထွက်ရေး သူပုန်တွေ ကိစ္စအပြင် တရုတ်ရဲ့ မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးနေမှုကို တားဆီးနိုင်မယ့် အရေးကိစ္စတွေလည်း အဓိက ဆွေးနွေးမယ် ထင်ပါတယ်” ဟု ဒေါက်တာတင့်ဆွေက ဧရာဝတီကို ပြောသည်။

ထမန်သီဆည်စီမံကိန်း အကောင်အထည်ဖော် တည်ဆောက်ရေး သဘောတူညီချက်အား နှစ်နိုင်ငံ အစိုးရများက ၂၀၀၀ ပြည့်နှစ် ၀န်းကျင်ကပင် သဘောတူညီမှု ရရှိထားပြီးဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် လက်တွေ့ အကောင်အထည် ဖော်နိုင်မှု မရှိသေးပေ။

“အဓိကကတော့ မြန်မာအာဏာပိုင် အဆင့်ဆင့်နဲ့ ပြေလည်မှုတွေ မရသေးတာရယ်၊ လာဘ်ပေးလာဘ်ယူ ကိစ္စတွေ ကြောင့်ရယ် နှောင့်နှေးနေရတာပါ။ ဒီကိစ္စကို ဦးသိန်းစိန် အစိုးရနဲ့ ထပ်ဆွေးနွေးဖို့ အိန္ဒိယအစိုးရက ကြိုးစား နေတယ်” ဟု ဒေါက်တာတင့်ဆွေက ဆက်ပြောသည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၌  ကုလားတန်စီမံကိန်း အပါအ၀င် ရခိုင်ပြည်နယ် စစ်တွေရေနက်ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်း၊ ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံသို့ သွယ်တန်းမည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်းများ၊  ရေးအားလျှပ်စစ် စီမံကိန်း တချို့တို့တွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ထားပြီး သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု ရရှိရေး အတွက် ကြိုးပမ်းလျှက် ရှိသည်။

“ရခိုင်ကမ်းလွန်က ထွက်တဲ့ဓာတ်ငွေ့တွေကို လိုချင်ပေမယ့် ဈေးပိုပေးတဲ့ တရုတ်ကိုပဲ ရောင်းလိုက်တဲ့ အပေါ်မှာလည်းပဲ အိန္ဒိယအစိုးရက မြန်မာအစိုးရကို ကျေနပ်ပုံ မရဘူး” ဟု ဒေါက်တာတင့်ဆွေက ဆိုသည်။

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီး တနိုင်ငံ ဖြစ်သည့် အိန္ဒိယနိုင်ငံသည် မြန်မာပြည်တွင် ၁၉၈၈ ခုနှစ် စစ်အစိုးရ အာဏာ သိမ်းခဲ့စဉ်က မြန်မာပြည်၏ ဒီမိုကရေစီ အရေးကို ထောက်ခံခဲ့သော်လည်း ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း အရှေ့တောင် အာရှ ဒေသတွင် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကြောင့် အရှေ့မျှော် ပေါ်လစီကို ချမှတ်ကာ မြန်မာ အစိုးရနှင့် နီးကပ်စွာ ဆက်ဆံလာခဲ့သည်။

မြန်မာသမ္မတသစ် ဦးသိန်းစိန်သည် အိန္ဒိယနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ် မကြာမီသွားရောက်မည်ဟု သိရပြီး ၂၀၁၀ ပြည့်နှစ်ကလည်း နအဖ စစ်အစိုးရ၏ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သွားရောက် လည်ပတ်ခဲ့သေးသည်။

စီးပွားရေးတွင်လည်း အိန္ဒိယနိုင်ငံသည် တရုတ်၊ ထိုင်း၊ စင်ကာပူနိုင်ငံတို့ ပြီးလျှင် မြန်မာနိုင်ငံ၌ စတုတ္ထမြောက် ရင်းနှီးမြှုပ်နှံ ထားသည့် နိုင်ငံဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်