ဘုရားသုံးဆူအရေး ဒေသခံနှင့် KNU ဆွေးနွေး

E-mail Print
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် တိုက်ပွဲများ မပေါ်ပေါက်စေရေး ကူညီဆောင်ရွက်ပေးရန် ဒေသခံတို့က ကရင်အမျိုးသား အစည်း အရုံး (KNU) ကို ယမန်နေ့က သွားရောက် တောင်းဆိုကြကြောင်း သိရသည်။

ဘုရားသုံးဆူမှ ကျောင်းထိုင်ဆရာတော် ၂ ပါး အပါအ၀င် ဒေသခံ ကရင် တိုင်းရင်းသား ခေါင်းဆောင်များ နှင့်  KNU တပ်မဟာ ၆ တာဝန်ရှိသူများ၏  ဆွေးနွေးမှုမှာ ကျေနပ်ဖွယ် ကောင်းသည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ကိုအေးကိုက ပြောသည်။

“ကျနော်တို့ မြို့ အေးချမ်း တည်ငြိမ်ဖို့ ကူညီပါ့မယ် လို့ KNU က ပြောတယ်” ဟု  ကိုအေးကိုက ရှင်းပြသည်။

ထို ဒေသခံ ခေါင်းဆောင် ၁၀ ဦးက ဒေသခံ အစိုးရတပ်များနှင့် ဆွေးနွေးခြင်း ရှိမရှိ မသိရသေးပေ။

ဤအတောအတွင်း ဒေသတွင်း စစ်ရေးအခြေအနေကြောင့် ဘုရားသုံးဆူတွင် နေထိုင်သူ အများအပြား အထူးသဖြင့် လုပ်ငန်းရှင်များနှင့် ငွေကြေးတတ်နိုင်သူများ  ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရသည်။

မွန်ပြည်နယ်မှ သွားရောက်သည့်  လုပ်ငန်းရှင် တချို့ကလည်း စစ်ဖြစ်မည်ကို စိုး ရိမ်သောကြောင့် နေရပ်ရင်းသို့ ပြန်နေကြကြောင်း ဒေသခံများက ဆိုသည်။ 

“ကျနော့်ရဲ့ မိသားစုတွေကို မထားတော့ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ တိုက်ပွဲတွေ အချိန်မရွေး ဖြစ်နိုင်လို့” ဟု ဒေသခံ မွန်တိုင်းရင်းသား တဦး ဖြစ်သည့် နိုင်လင်းမွန်က ပြောသည်။ 

ယခု ရက်ပိုင်း အတွင်း စစ်ဖြစ်မည်ဟု ယူဆကြသောကြောင့် ဈေးဆိုင်များ ပိတ်ထားကြောင်း၊ ဘုရားသုံးဆူ ဈေးကြီးသည်လည်း ယခင်က ကဲ့သို့ စည်ကားခြင်း မရှိကြောင်း ဒေသခံများ ဆိုသည်။

ဘုရားသုံးဆူ ဒေသခံ တဦးက “တပ်မတော်က မြို့အတွင်းမှာ လုံခြုံရေးတွေ နေရာ အနှံ့ ယူထားတယ်၊ အဲဒီလို ၀င်လာတော့ လူထုက ပိုပြီး ကြောက်သွားသလို ဖြစ်သွားတယ်” ဟု  ပြောသည်။

လဆန်းပိုင်းက ဘုရားသုံးဆူမြို့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးနှင့်  ကုန်စုံဆိုင် တဆိုင် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ထိုသို့ လုံခြုံရေး တိုးမြှင့်လာခြင်း ဖြစ်သည်။

ထိုတိုက်ခိုက်မှုများတွင် စရဖ တပ်ဖွဲ့ ၀င်တဦးနှင့် ကလေးငယ် တဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့သည်။

မီးလောင်ခဲ့သည့် ကုန်စုံဆိုင် အနီးရှိ နေအိမ် ၂ လုံးလည်း အနည်းအငယ် မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။ ယင်း တိုက် ခိုက်မှုနှင့် ပတ်သက်ပြီး မည်သည့် အဖွဲ့အစည်းကမျှ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ကြေညာခြင်း မရှိသေးပေ။

ထိုဒေသတွင် KNU၊ အပစ်ရပ်အဖွဲ့များ ဖြစ်သော ဟောင်သရော အထူးဒေသ အဖွဲ့၊ ဗိုလ်မှူးချုပ် ထိန်မောင်၏ ကရင်ငြိမ်းချမ်းရေး ကောင်စီ KNU/ KNLA အဖွဲ့၊ မွန်ပြည်သစ်ပါတီ၏ တပ်ဖွဲ့၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တို့ လှုပ်ရှားနေကြောင်း သိရသည်။

ဇွန်လဆန်းပိုင်းမှ စတင်ပြီး ဘုရားသုံးဆူမြို့နယ်တွင် အစိုးရတပ်နှင့် DKBA - KNU ပူးပေါင်းတပ်များ တိုက်ပွဲ ဖြစ်ပွားသောကြောင့် ဒေသခံ ၂၀၀ ခန့် ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေး တိမ်းရှောင်ကြရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကရင်ပြည်နယ်ရှိ နယ်ခြားစောင့်တပ်အများအပြားက DKBA အဖြစ် ပြန်လည် အသွင်ပြောင်းလိုက်ကြသည်။

ထိုဖြစ်ရပ်ကြောင့် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသတွင်လည်း အစိုးရတပ် နှင့် DKBA တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ထိုသို့ စစ်ရေး တင်းမာနေချိန်တွင် အစိုးရတပ်များ မြိုင်ကြီးငူဒေသတွင် အင်အား တိုးချဲ့ထားကြောင်း  KNU မှ ဒု ဗိုလ်မှူးကြီး စောဖောဒိုက ဧရာဝတီကို ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်