သူရဦးရွှေမန်းက လူထုအုံကြွမှုအရေး သတိပေး

E-mail Print
မြန်မာပြည်၏ စီးပွားရေး နိမ့်ကျနေသောကြောင့် လူအများ ဆင်းရဲနွမ်းပါးလျက်ရှိရာ လူထုအုံကြွမှုများ ဖြစ်ပေါ်လာပါက တိုင်းပြည် နစ်နာမည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ သတိပေး ပြောကြားလိုက်ကြောင်း သိရသည်။

Thura_Shwe_Mann_Independence_Day_dinner“အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း မြန်မာပြည်လာတုန်းက ပြောသွားသလိုပဲ အရှေ့အလယ်ပိုင်း ဒေသတွေမှာလို လူထုအုံကြွမှုတွေ မဖြစ်အောင် အားလုံး ဝိုင်းဝန်းကြိုးပန်းရမယ်” ဟု ၎င်းက ဆိုသည်။

ယနေ့နေ့လယ် ၁ နာရီခွဲခန့်က ရန်ကုန်တိုင်း ပြည်သူ့လွှတ်တော်ရုံးတွင် ကျင်းပသော အစည်းအဝေးပွဲ၌ သူရ ဦးရွှေမန်းက အထက်ပါအတိုင်း ပြောခဲ့သည့်အပြင် လွှတ်တော်အမတ်တဦး၏ ကူညီမှုကြောင့် ကချင်ဒေသအတွင်း တိုက်ပွဲများ ငြိမ်သက် သွားပြီဟုလည်း ဆိုသည်။

၎င်းက “မြစ်ကြီးနားက ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော်က ပါဝင် ဖြေရှင်းပေးတဲ့အတွက် ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ငြိမ်သက်သွားပြီး အရင်အခြေအနေအတိုင်း ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်နေပါပြီ” ဟု ဆက်ပြောသည်။

မြစ်ကြီးနား ပြည်သူ့လွှတ်တော်အမတ် ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသိန်းဇော်က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အား အပစ်အခတ် ရပ်စဲရန် ကမ်းလှမ်းခဲ့သော်လည်း KIA ဘက်က အစိုးရအဖွဲ့၏ တရားဝင်ကမ်းလှမ်းမှုကိုသာ လိုလား ကြောင်း ပြောဆိုခဲ့သည်။ လက်ရှိ အခြေအနေအရ နယ်စပ်တိုက်ပွဲများ အနည်းငယ် ငြိမ်သက်သွားသော်လည်း ဇွန် ၂၂ ရက်ညက မြစ်ကြီးနား မြို့ပေါ်၌ ဗုံးများ ဆက်တိုက် ကွဲခဲ့သည်။

လွှတ်တော်အမတ်များ အနေဖြင့် အစိုးရအဖွဲ့အား ကူညီနိုင်ကြောင်း၊ ပြင်ရန် လိုအပ်သည်များကို လွှတ်တော် အတွင်း ပြင်သွားမည် ဖြစ်ကြောင်း၊ ဥပဒေအထက်တွင် မည်သူ တဦးယောက်မျှ မရှိသကဲ့သို့ ဥပဒေ ပြင်ပတွင်လည်း မည်သူ တဦး တယောက်မျှ ရှိ၍ မရကြောင်း သူရဦးရွှေမန်းက ဆိုသည်။

“ဦးရွှေမန်းက ဥပဒေ ပြင်ပနဲ့ နီးနီးနေတဲ့သူတွေ ရှိသလို ဥပဒေပြင်ပနဲ့ ဝေးဝေးနေတဲ့ သူတွေလည်းရှိတယ် ဆိုပြီး သတိ ပေးသလို ပြောသွားတယ်။ အားလုံးကတော့ သိကြပါတယ်။ ဥပဒေပြင်ပမှာ နီးနီးနေတဲ့သူ ဆိုတာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောတာ၊ ဝေးဝေးက ဆိုတာက ပြည်ပ အတိုက်အခံတွေကို ပြောချင်တာပါ” ဟု အစည်းအဝေး တက်ရောက်ခဲ့သူ တသီးပုဂ္ဂလ လွှတ်တော် အမတ်တဦးက ပြောသည်။

ယနေ့ကျင်းပသည့် အစည်းအဝေးပွဲတွင် သူရဦးရွှေမန်းက မိန့်ခွန်းပြောကြားပြီး ရန်ကုန်တိုင်းအစိုးရ အဖွဲ့များ၊ လွှတ်တော် အမတ်များ၊ သတင်းဂျာနယ် အယ်ဒီတာချုပ်များ တက်ရောက်ခွင့်ရခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်