ၾသစေၾတးလ် နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည် လာမည်

E-mail Print
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ရေး (CoI) ကို ပထမဆုံးထောက်ခံခဲ့သော သြစတြေးလျနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကယ်ဗင် ရုဒ်(Mr. Kevin Rudd) သည် မြန်မာနိုင်ငံသို့ ယခု သတင်းပတ်တွင် လာရောက်မည်ဖြစ်သည်။

21568-KevinRudd670-art၄င်း၏ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အစိုးရထိပ်ပိုင်းခေါင်းဆောင်များနှင့် နိုင်ငံရေး ခေါင်းဆောင်များကို တွေ့ဆုံမည်ဟုလည်း သိရသည်။

“ဒီတပတ်ထဲမှာ တွေ့ဖို့ရှိတယ်။ ဒါပေမယ့် ရက်အတိအကျကို အသေးစိတ် မသိရသေးဘူး။ သြစတြေးလျက အရေးကြီး တယ် လို့ ကျနော်တို့ သတ်မှတ်တယ်။ သူတို့က အာရှသားတွေလို့ခံယူထားတဲ့ နိုင်ငံဖြစ်လို့ EU(ဥရောပသမဂ္ဂ) ထက် ပို အလေးထား ဆက်ဆံဖို့ရှိပါတယ်”ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီ ကို ပြောသည်။

မစ္စတာ ကယ်ဗင် ရုဒ်သည် မြန်မာ အစိုးရထိပ်တန်း ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံပြီး အခြားသော စီးပွားရေးဆိုင်ရာ နှင့်၂ နိုင်ငံ ဆက်ဆံရေးအပြင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုင်ရာများနှင့် စစ်မှန်သော အမျိုးသားပြန် လည် သင့်မြတ်ရေးဖြစ်ထွန်းစေရန် တိုက်တွန်းပြောကြားမည်ဟုလည်း ၄င်းက ဆိုသည်။

လူ့အခွင့်အရေးပြဿနာများ၊ ဒီမိုကရေစီရေးပြဿနာများကိုသြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနှင့် NLD က ဆွေးနွေးမည်ဖြစ် ပြီး CoI ကိစ္စလည်း ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်သည်ဟု ဦးဝင်းတင်က ဆက်လက်ပြောသည်။

CoI ကိစ္စ အကောင်အထည်ဖော်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် အောက်လွှတ်တော်သို့ ပေးပို့သော ဗီဒီယို မိန့်ခွန်းတွင် တိုက်တွန်းပြောဆိုခဲ့ပြီးနောက် အမေရိကန်နှင့် မိတ်ဆွေနိုင်ငံများ ဆွေးနွေးပွဲများ လုပ်ဆောင်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိမရှိ၊ ရှိခဲ့သော် မည့်ကဲ့သို့ပုံစံမျိုးနှင့် ကျူးလွန်နေသည်၊ စွပ်စွဲ ထားသည့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ အမှန်တကယ် ရှိမရှိ၊ စစ်ရာဇ၀တ်မှုများ ကျူးလွန်ခြင်းရှိမရှိ ကုလ သမဂ္ဂမှ စုံစမ်းရေးကော်မရှင်ဖွဲ့ စစ်ဆေးနိုင်ရန် ယခုကဲ့သို့ အမေရိကန်နှင့် မိတ်ဆွေ နိုင်ငံများက ဆက်လက်အကောင် အထည် ဖော်လျက်ရှိချိန်နှင့်လည်း မစ္စတာ ကယ်ဗင် ရုဒ် ၏ ခရီးစဉ် သည် တိုက်ဆိုင်နေသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ရေး အမေရိကန် ကွန်ဂရက်လွတ်တော်မှာ တိုက်တွန်းချက်ကပေါ်လာပြီ။ ဒီ CoI ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က သတိထားပြောခဲ့တယ်။ New York Times နဲ့တွေ့တုန်းကလည်း ပြောခဲ့တဲ့ စကား ရှိတယ်။ ကျမဟာ ဒီစစ်ဗိုလ်တွေကို စစ်ရာဇ၀တ် ခုံရုံးကို တင်မယ်လို့ ဘယ်တုန်းကမှလည်း မပြောခဲ့ဖူးဘူးလို့ပြော ထားခဲ့တယ်။ ဒါက Comission of Inquiry ဆိုတာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ နဲ့ စွပ်စွဲချက်တွေ မှန်မမှန် စစ်ဆေးတဲ့ Comission သာပဲဖြစ်တယ်။ ဒါက အမှန်တရား ပေါ်ထွက်လာရေး အတွက်သာပဲဖြစ်တယ်”ဟု ဦးဝင်းတင်က ရှင်းပြသည်။

ကယ်ဗင် ရုဒ်သည် ယခင်က ၀န်ကြီးချုပ် တာဝန်လည်း ထမ်းဆောင်ခဲ့ဖူးပြီး ယခု နိုင်ငံခြားရေးဝန်ကြီး တာဝန်ဖြင့် ၂၀၀၂ ခုနှစ်နောက်ပိုင်း သြစတြေးလျနိုင်ငံ ၏  ပထမဆုံးအကြိမ် အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်အနေနှင့် မြန်မာပြည်သို့ လာရောက်ခြင်း လည်း ဖြစ်သည်။

သြစတြေးလျ နိုင်ငံသည် မြန်မာနိုင်ငံ၏ ဒုက္ခသည်များအရေး အပါအ၀င် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် ကူညီပေးနေသည့် နိုင်ငံတနိုင်ငံလည်းဖြစ်ပြီး ယမန်နှစ်က အမေရိကန် ဒေါ်လာ သန်း ၃၀ နီးပါး အကူအညီပေးခဲ့ကာ ယခုနှစ်တွင် ဒေါ်လာ သန်း ၅၀ နီးပါးအထိ တိုးမြှင့်၍ အကူအညီပေးကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်