ကချင်တော်လှန်ရေး ၄၈ နှစ်ပြည့်ပြီ

E-mail Print
ကချင် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (KIO) ၏ တော်လှန်ရေး ၄၈ နှစ် ပြည့်ချိန်တွင် KIO ခေါင်းဆောင်များနှင့် ကချင်လူငယ်များ၏ အယူအဆများ ကွဲပြားနေသည်ကို တွေ့ရသည်။


အပစ်ရပ်အဖွဲ့ KIO ၏ ဒုတိယ ဥက္ကဌ -၂ ဒေါက်တာ တူးဂျာက စစ်အစိုးရ၏ လုပ်ဆောင်ချက်များကို ထောက်ခံကြောင်း ဧရာဝတီသို့ ပြောပြသည်။

“ကျနော်တို့ ဗဟို သဘောထားကတော့ နိုင်ငံတော် အစိုးရက ချမှတ် အကောင်အထည် ဖော်နေတဲ့ လမ်းပြမြေပုံ အရ ဒီမိုကရေစီ နိုင်ငံ ပေါ်ပေါက်လာရေး အတွက် တံခါးဖွင့်တဲ့ ပုံစံဖြစ်တယ် လို့ ကျနော်တို့ လက်ခံတယ်၊ ဒါကြောင့် ပြည်သူဘက်က နေပြီးတော့မှ ဒီ လမ်းပြမြေပုံအတိုင်း သွားမယ့် နိုင်ငံရေး ခေတ်ရေစီးကြောင်းကိုလည်း မျက်ခြည် ပြတ်လို့ မသင့်ဘူး”ဟု ဆိုသည်။

သို့သော်လည်း ကချင်တိုင်းရင်းသား လူငယ်အဖွဲ့များက KIO နှင့် နိုင်ငံရေး ရပ်တည်ချက်များ မတူညီကြပေ။

ထိုင်းနိုင်ငံ အခြေစိုက် အဖွဲ့တခုဖြစ်သော ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ(AKSYU) အဖွဲ့ဝင်တဦးဖြစ်သူ နော်လာ က “KIO က ၂ဝ၁ဝ ရွေးကောက်ပွဲဝင်မယ် ဆိုတာ လုံးဝကို မဖြစ်သင့်ဘူး လို့ထင်တယ်။ ဒီနည်းလမ်း အတိုင်းသွားမယ် ဆိုရင် စစ်လက်အောက်ကို လုံးလုံး ရောက်သွားမှာပဲ လို့ မြင်တယ်။ ကျနော်တို့ ရချင်နေတဲ့ တန်းတူညီမျှမှုတွေ ရမှာ မဟုတ်ဘူး” ဟု ပြောသည်။

“တော်လှန်ရေး အလုပ်ကို ကျနော်တို့ ဘိုးဘွား၊ ဘီဘင်က မျိုးချစ် ပုဂ္ဂိုလ် တွေက စခဲ့တယ်၊ အခု နှစ်ပေါင်းများစွာ ကြာခဲ့ပေမယ့် ကျနော်တို့ မျှော်မှန်းတဲ့ လွတ်လပ်ရေး မရသေးဘူး” ဟု နော်လာက ရှင်းပြသည်။

{slimbox images/multimedia/KIO/01.jpg,images/multimedia/KIO/01-sm.jpg, ကချင်တပ်သားသစ်များ ကိုယ်ခံပညာ လေ့ကျင့်ခန်း ယူနေစဉ် (ဓာတ်ပုံ - Ryan Libre);images/multimedia/KIO/02.jpg,images/multimedia/KIO/02-sm.jpg, စာသင်ခန်းထဲက ကချင် အရာရှိလောင်းများ (ဓာတ်ပုံ - Ryan Libre); images/multimedia/KIO/03.jpg,images/multimedia/KIO/03-sm.jpg, မနက်စာပြင်နေသော မီးဖိုချောင် (ဓာတ်ပုံ - Ryan Libre); images/multimedia/KIO/04.jpg,images/multimedia/KIO/04-sm.jpg, မနက်စာစားဖို့ ပြင်ဆင်နေသော ကချင်ကလေးငယ်များ (ဓာတ်ပုံ - Ryan Libre); images/multimedia/KIO/05.jpg,images/multimedia/KIO/05-sm.jpg, ကချင်ကလေးငယ်တို့၏ စာသင်ခန်း (ဓာတ်ပုံ - Ryan Libre); images/multimedia/KIO/06.jpg,images/multimedia/KIO/06-sm.jpg, စစ်သင်တန်း တက်နေကြသော ကချင်တပ်သားသစ်များ (ဓာတ်ပုံ - Ryan Libre); images/multimedia/KIO/07.jpg,images/multimedia/KIO/07-sm.jpg, ကွန်ပျူတာနှင့် စာနယ်ဇင်းပညာကလည်း ကချင်လူငယ်တွေနှင့် မစိမ်းတော့ (ဓာတ်ပုံ - Ryan Libre); images/multimedia/KIO/08.jpg,images/multimedia/KIO/08-sm.jpg, ကချင်လွတ်မြောက်ရေး တိုက်ပွဲမှာ ကွန်ပျူတာက လက်နက်တခု ဖြစ်လာ (ဓာတ်ပုံ - Ryan Libre); images/multimedia/KIO/09.jpg,images/multimedia/KIO/09-sm.jpg, တရုတ်နယ်စပ်အနီးက ကချင်တပ်စခန်းတခု (ဓာတ်ပုံ - Ryan Libre); images/multimedia/KIO/10.jpg,images/multimedia/KIO/10-sm.jpg, ကချင်တပ်သားများ၏ မီးပုံပွဲ (ဓာတ်ပုံ - Ryan Libre); images/multimedia/KIO/11.jpg,images/multimedia/KIO/11-sm.jpg, ကချင်ရဲမေ နှစ်ဦး၏ အပြန်အလှန် ကူညီဖေးမမှု (ဓာတ်ပုံ - Ryan Libre);images/multimedia/KIO/12.jpg,images/multimedia/KIO/12-sm.jpg, တောင်တန်းပေါ်က ကချင်စစ်သားတဦး၏ အလွမ်းအမော (ဓာတ်ပုံ - Ryan Libre)}

တရုတ် မြန်မာနယ်စပ် အခြေစိုက် ကချင် ဖွံ့ဖြိုး တိုးတက်ရေး ကွန်ယက် ဥက္ကဋ္ဌ ကိုအောင်ဝါက KIO အနေဖြင့် ကချင်တိုင်းရင်းသားများဘက်မှ မားမား မတ်မတ် ရပ်တည်ပေးသင့်သည်၊ လက်ရှိပုံစံအတိုင်း ဆက်လက် ဆောင်ရွက် နေပါက တချိန်ချိန်တွင် အန္တရာယ်ရှိလာမည်ဟု ဆိုသည်။
“ငြိမ်းချမ်းရေးယူပြီးတဲ့ နောက်ပိုင်းမှာ ပိုဆိုးလာတယ်။ လူထုအကျိုးအတွက် အကာအကွယ် မပေးနိုင်ဘူး။ တော်လှန်ရေး လုပ်တဲ့အချိန်ကဆို လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေးကအစ ကချင် လူထုတွေကို ကာကွယ်ပေးတာ ရှိတယ်။ အခုဆိုရင် သူတို့နဲ့ နအဖနဲ့ ငြိမ်းချမ်းရေးယူသွားတဲ့ နောက်ပိုင်းမှာ နအဖဘက်ကလည်း သူတို့ကို အတိုင်းအတာ တခု အထိ ဖိအားပေးမှု အပေါ်မှာ ကချင်လူထုတွေက ဟိုတုန်းကလို အဆင်မပြေတော့ဘူး” ဟု သုံးသပ်ပြောဆိုသည်။

သို့သော်လည်း KIO သည် ကချင်လူထု၏ အမျိုးသားရေး စိတ်ဓာတ်များ မြှင့်တင်ပေးရေး  ဆောင်ရွက်ချက်များမှာ အောင်မြင်သည်ဟု သုံးသပ်လိုက်သည်။

KIO အဖွဲ့သည် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ ဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။

ဤအဖွဲ့ကို ၁၉၆၁ ဖေဖော်ဝါရီ ၅ရက်နေ့တွင် ကချင် ကျောင်းသားခေါင်းဆောင် ဇော်တူး နှင့် ဇော်ဆိုင်းတို့ နှစ်ဦးက စတင်ဖွဲ့စည်းကာ ကချင်တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးကို စတင်ခဲ့ခြင်း ဖြစ်သည်။  

ယခုအခါ ၄၈ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနားကို KIO က တရုတ် - မြန်မာ နယ်စပ် ရှိ လိုင်ဇာမြို့တွင် ကျင်းပလျက်ရှိသည်။

ယနေ့ နံနက် ၈နာရီတွင် စတင်သည့် အခမ်းအနားကို နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ပြီး ကချင် ယဉ်ကျေးမှုအဖွဲ့များ၊ ပြည်တွင်းပြည်ပရှိ  ကချင်တိုင်းရင်းသားများ၊ မြန်မာအစိုးရ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ လိုင်ဇာဒေသတလျှောက်ရှိ တရုတ် အာဏာပိုင်များ စသည့် ဧည့်ပရိသတ် ၅ဝဝဝခန့် တက်ရောက်ကြကြောင်းလည်း သိရသည်။

ယခုပွဲသို့ တက်ရောက်ခဲ့သူတဦးက “ ဒီနှစ်က မနှစ်ကထက် လူနည်းတယ် ဘယ်လို ဖြစ်လဲမသိဘူး။ မနှစ်က ဆိုရင် ၉ဝဝဝ လောက် ရှိတယ်၊ အစိုးရနဲ့ ကေအိုင်အို  ဆက်ဆံရေး အခြေအနေကတော့ ကောင်းမွန်နေတာ တွေ့ရတယ်” ဟုပြောသည်။

ညနေပိုင်းတွင် ကချင် တိုင်းရင်းသား ရိုးရာအက ဖြစ်သည့် မနောအက ကကြမည်ဟု ၎င်းက ဆက်လက် ပြောပြသည်။

မနက်ဖြန်တွင်  စစ်ရေးပြ အခမ်းအနား၊  KIO ခေါင်းဆောင်များ၏ မိန့်ခွန်းပြောကြားခြင်း စသည့် အစီအစဉ်များရှိသည်ဟု သိရသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်