ဗကသ ကျောင်းသား ထောင်ဒဏ် ၁၅ နှစ် ခွဲ ကျခံရ

E-mail Print
စစ်အစိုးရက နှစ်ရှည် ထောင်ဒဏ် ချမှတ်ထားသော ဗကသ ကျောင်းသား အဖွဲ့မှ ကိုဒီငြိမ်းလင်းကို ယမန်နေ့က ထောင်ဒဏ် ၅ နှစ် ထပ်မံ ချလိုက်ကြောင်း မိသားစုဝင်များက ပြောသည်။

အဆိုပါ ကိုဒီငြိမ်းလင်းအား တောင်ဒဂုံမြို့နယ် တရားရုံးက မတရားအသင်း ဖွဲ့စည်းသည့် ပုဒ်မ ၆ ဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်ဟု အဒေါ်ဖြစ်သူက ပြောသည်။

“ဟုတ်တယ် မနေ့ကပဲ အမိန့်ချလိုက်တယ်၊ တောင်ဒဂုံ တရားရုံးက တရားသူကြီး ဒေါ်ဌေးဌေး အမိန့်ချလိုက်တာ၊ ပုဒ်မ ၆ နဲ့ ၅ နှစ် ၊ မတရားအသင်းဖွဲ့တာ၊ ကျောင်းသား သမဂ္ဂ ဖွဲ့တယ်ပေါ့၊ အရင်ချတာနဲ့ဆို အားလုံးပေါင်း ၁၅ နှစ်ခွဲ ရှိပြီ”ဟု ကိုဒီငြိမ်းလင်း ၏ အဒေါ်က ဧရာဝတီသို့ ပြောပြသည်။

ကိုဒီငြိမ်းလင်းကို ၂၀၀၇ ခုအတွင်းက ရွှေဝါရောင်တော်လှန်ရေးနှင့် ပတ်သက်ပြီး စစ်အာဏာပိုင်များက ဖမ်းဆီး၍ ၂၀၀၈ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့တွင် စမ်းချောင်းမြို့နယ် တရားရုံးက ပုဒ်မ ၁၄၃ ၊ ၁၄၇ ၊ ၁၉၅ ၊ ၅၀၅(ခ) တို့ဖြင့်  ထောင်ဒဏ် ၆ နှစ် ခွဲ၊ ယင်း နိုဝင်ဘာလ ၂၈ ရက်တွင် ထန်းတပင် တရားရုံးမှ  ပုဒ်မ ၁၄၇ ၊ ၅၀၅(ခ) တို့ဖြင့် ထောင်ဒဏ် ၄ နှစ် ချမှတ်ထားခဲ့သည်။ ယခုချမှတ်သည့် ထောင်ဒဏ် ၅ နှစ် အပါအ၀င် ကိုဒီငြိမ်းလင်းသည် ထောင် ၁၅ နှစ် ခွဲ ကျခံရမည် ဖြစ်သည်။

ယခုကဲ့သို့ ကိုဒီငြိမ်းလင်းအား နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းသည် မမျှတသည့် ပြစ်ဒဏ်ပေးခြင်းဖြစ်ကြောင်း ၎င်း ၏ အဒေါ်က ပြောဆိုသည်။

“မိသားစုဝင်တယောက် အနေနဲ့ စိတ်မကောင်းဘူး၊ အခု ထောင်ချလိုက်တာက အသက်အရွယ်နဲ့ မမျှဘူး၊ သူက အသက် ၂၀ ၊ ဒါပေမယ့် သူကပြောတယ်၊ အများအတွက် လုပ်တာ၊ စိတ်မကောင်း မဖြစ်နဲ့ ၀မ်းမနည်းနဲ့ တဲ့၊ သူ့အမေကလည်း ကျန်းမာရေးမကောင်းဘူး”ဟု ကိုဒီငြိမ်းလင်း၏ အဒေါ်က ပြောသည်။

ယမန်နေ့က တရားရုံးသို့ လာရောက်သည့် ကိုဒီငြိမ်းလင်း၏ မိသားစုဝင်များနှင့် သူငယ်ချင်းမိတ်ဆွေများကို ရဲ ထောက်လှမ်းရေးက မှတ်တမ်း ဓာတ်ပုံ ရိုက်ယူရန် ကြိုးပမ်းကြောင်း၊ မျက်ချည် မပြတ်စောင့်ကြည့်နေကြောင်း လည်း သိရသည်။

ဖမ်းဆီးခံထားရသည့် ဗကသ ကျောင်းသားအဖွဲ့မှ ကိုကျော်ကိုကို ကိုလည်း လာမည့်အပတ်အတွင်းတွင် အမိန့်ချ မှတ်နိုင်ကြောင်း ထောင်ဝန်ထမ်း အသိုင်းအ၀န်းမှ သိရသည်။

တချိန်တည်းတွင် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်တွင် နာဂစ် မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူများ၏ ရုပ်အလောင်း များကို မြေမြှုပ်သင်္ဂြီုဟ်သည့်အတွက် ဖမ်းဆီးခံထားရသူများဖြစ်သော ဒေါက်တာ နေ၀င်း ၊ ကိုအောင်ကျော်ဆန်း၊ ကိုဘုန်းပြည့်ကြွယ် တို့ ကို မတရားသင်းပုဒ်မ ပုဒ်မ ၆ နှင့် မတရားသင်းဖွဲ့ခြင်းကို အားပေးကူညီမှု ပုဒ်မ ၇ ၊ မဖြိုးဖြိုးအောင်၊ ကိုဟိန်းရာဇာထွန်းတို့ကို ပုဒ်မ ၆-၇ ၊ ၅၀၅(ခ) ၊ ကိုအောင်သန့်ဇင်ဦး ခေါ် ဂျိန်း ကို ပုဒ်မ ၁၄၃ ၊  ၁၄၅ ၊ ၅၀၅(ခ) ၊ ပုဒ်မ ၆-၇ တို့ဖြင့် တနင်္လာနေ့က အင်းစိန် ထောင် အထူးတရားရုံးတွင် စတင်ရုံးထုတ်ကြောင်း နှင့် လာမယ့် ၁၀ ရက်နေ့ ကို ရုံးချိန်းပြန်ချိန်းလိုက်ကြောင်း အင်းစိန်ထောင် ၀န်ထမ်းတဦး ကပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်