ဧရာဝတီ မြစ်ရေ နည်းလာ

E-mail Print
ဧရာဝတီမြစ်ရေ လျော့နည်းကျဆင်းလာမှုကြောင့် ရေလမ်းကြောင်းများပြောင်းလဲလျက်ရှိပြီး မြန်မာနိုင်ငံ အလယ် ပိုင်းဒေသများတွင် ရေကြောင်းခရီးသွားလာရန် အခက်ခဲဖြစ်လျက်ရှိကြောင်း သိရှိရသည်။
 
ယခုနှစ် ဧရာဝတီမြစ်ရေ လျော့နည်းကျဆင်းလာမှုသည် လွန်ခဲ့သော ၅ နှစ်တာအတွင်း အနည်းဆုံးနှစ်အဖြစ် ကျဆင်းလျက် ရှိသောကြောင့် အချို့ဒေသများ(မနလေးတိုင်းနှင့် မကွေးတိုင်းအတွင်းဒေသများ)တွင် ရေယာဉ် များသွားလာရေးကို ယာယီရပ်ဆိုင်းထားရကြောင်း ရေကြောင်းပို့ဆောင်ရေး ၀န်ထမ်းတဦးက ပြောကြားသည်။
 
"ဧရာဝတီမြစ်ရေနည်းလာတာ လွန်ခဲ့တဲ့ ၆ နှစ်ကျော် ၇ နှစ်လောက်ကတည်းကပါ၊ ဒီနှစ်ကတော့ အနည်းဆုံး နှစ် လို့ ပြောရမယ်၊ ရေလမ်းအတိမ်ဆုံးအပိုင်းမှာ ၂ ပေ တောင်မပြည့်တော့ဘူးဖြစ်နေတယ်"ဟု သူကပြောဆိုသည်။
 
မြန်မာနိုင်ငံအတွင်းရှိ မြစ်များတွင် နှစ်စဉ်မြစ်ရေနည်းချိန်ကာလအဖြစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှ မေလ ၁၅ ရက် နေ့အထိ သတ်မှတ်ထားကြောင်း ၊ ထိုကာလများအတွင်း ရေလမ်းအတိမ်ဆုံးအပိုင်းများမှာ အနည်းဆုံး ၃ ပေမှ ၆ ပေအထိ ရှိတတ်ကြောင်း၊ ထိုကာလ အတွင်း မြစ်တွင်းသွား ရေယာဉ်များမောင်းနှင်ရန်အတွက် ရေ လမ်းကြောင်း များအား နှစ်စဉ် သတ်မှတ်ပေးကြောင်း ရေလမ်းကြောင်း သတ်မှတ်ရေးဌာန ပြောပြချက်အရ သိရသည်။  
 
ယခင်နှစ်တွင် နွေရာသီရေနည်းချိန် ဧရာဝတီမြစ်ကြောင်းအခြေအနေမှာ မြစ်ကြီးနား-ဗန်းမော် အလျားမိုင် ၁၃၀ တွင် အနည်းဆုံးရေမှတ်မှာ ၂ပေနှင့် ၆ လက်မဖြစ်ခဲ့ပြီး ဗန်းမော်-မန္တလေး ၂၇၇ မိုင်တွင် အနည်းဆုံးရေမှတ်မှာ ၃ ပေနှင့် ၉ လက်မ ၊မန္တလေး-ပြည် ၃၃၄ မိုင်တွင် အနည်းဆုံးရေမှတ်မှာ ၅ပေ၊ ပြည်-ဟင်္သာတ ၂၅၆မိုင်တွင် အနည်း ဆုံး ရေမှတ်မှာ ၅ပေနှင့် ၆ လက်မ ဖြစ်ခဲ့ကြောင်း ရေလမ်းကြောင်းသတ်မှတ်ရေးဌာနမှ ထုတ်ပြန်ချက် အရ သိရှိခဲ့သည်။
 
ယခုနှစ်တွင်လည်း နိုဝင်ဘာလကတည်းကပင် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့မှ ရေများစတင်ကျဆင်းလာခဲ့ရာ၊ ယခုအခါ ဧရာဝတီမြစ်ရေကျဆင်းမှုမှာ ဗန်းမော်-မန္တလေးနှင့် ပြည် ရေလမ်းတလျှောက်တွင် အနိမ့်ဆုံးရေမှတ်မှာ ၂ ပေ ခန့်သာရှိသောကြောင့် သဘောင်္များ၊မော်တော်များသာမက ရေယာဉ်ငယ်များပါ သွားလာရန် ခက်ခဲလျက်ရှိ သောအနေအထားထိ ကျဆင်းလျက်ရှိသောကြောင့် ခရီးသည်များမှာ လှေငယ်များဖြင့်သာ သွားလာနေရ ကြောင်း သိရှိရသည်။
 
ထို့ပြင် ယခုရောက်ရှိနေသော ဧရာဝတီမြစ်ရေအမှတ်မှာ မတ်လ၊ ဧပြီလများသို့ ရောက်ရှိရမည့်ရေအမှတ်ဖြစ် နေသည်ကို တွေ့မြင်ရပြီး၊ ၊ တချို့ဒေသများတွင်မူ ရေသေအိုင်များပါ ဖြစ်ပေါ်လျက်ရှိကြောင်း မိုးလေ၀သ နှင့် ဇလဗေဒဌာနမှ ၀န်ထမ်းတဦးက ပြောဆိုသည်။
 
"ဒီနှစ် ရေကျတာက အရင်နှစ်တွေထက် ပိုမြန်နေတယ်၊ ဒီအတိုင်းဆို နွေဆိုရင် ပိုခက်ဦးမယ်၊ မိုးဦးကျစောမှပဲ အဆင်ပြေမယ်" ဟု သူက ပြောဆိုသည်။

ဧရာဝတီမြစ်သည် မြန်မာနိုင်ငံအလယ်ဗဟိုမှ ဖြတ်သန်းစီးဆင်းကာ မြစ်ရိုးတလျှောက်လုံး၏ ၈၀ ရာနှုန်းမှာ ရေလမ်း ပို့ဆောင်ရေးအတွက် အသုံးပြုလျက်ရှိသော ၂၀၉၂ ကီလိုခန့် ရှည်လျားသော မြစ်ဖြစ်သည်။
အရှေ့ဘက်ကမ်းတွင် ဗန်းမော်၊မန္တလေး၊မြင်းခြံမကွေးစသည့်မြို့နယ် ၂၁ မြို့နယ်၊ အနောက်ဘက်ကမ်းတွင် မြစ်ကြီးနား၊ စစ်ကိုင်း၊ ပခုက္ကူစသည့် ၁၇ မြို့နယ်တို့ တည်ရှိပြီး ရှေးပုဂံခေတ်ကတည်းက မြန်မာနိုင်ငံအထက် ပိုင်းနှင့်အောက်ပိုင်းဒေသရှိ ထွက်ကုန်များဖလှယ်ရာတွင် အရေးပါသော အဓိက အားထားရာမြစ်ဖြစ်သည်။
 
ယခုအခါ ဧရာဝတီမြစ်ကြောင်းတလျှောက်လုံး သောင်ထွန်းသည့်နေရာများမှာ အနှံ့ဖြစ်လျက်ရှိပြီး မြစ်အလယ် ပိုင်းရှိ သောင်များမှာလည်း တနှစ်ထက်တနှစ် ပိုကျယ်လာသည့်အတွက် ရေယာဉ်များမှာ သွားလာရ ခက်ခဲလာ သော ကြောင့် နှေးကွေးစွာ မောင်းနှင်သွားလာရသည့်အတွက် အချိန်ပိုကြာလာကြောင်း၊ ထို့ပြင် ရေယာဉ်များ သည် ပုံမှန်သယ်ယူနိုင်သော ကုန်အလေးချိန်၏ ထက်ဝက်ခန့်သာ သယ်ဆောင်သွားရကြောင်း၊ ပို့ဆောင်ရေး လုပ်ငန်းပိုင်းတွင် အဆင်မပြေမှုများလာသောကြောင့် ကုန်စည်ပို့ဆောင်ရေးသာမက စီးပွားရေးလုပ်ငန်းများကိုပါ ထိခိုက်လျက်ရှိကြောင်း ဧရာဝတီမြစ်တွင်းသွား သဘောင်္တစင်းမှ သဘောင်္သားတဦးက ပြောဆိုသည်။
 
ဧရာဝတီကို မှီခိုနေထိုင်လျက်ရှိသော ဒေသခံများစွာရှိနေပြီး ရေနည်းပါးခြင်းကြောင့် မြစ်ကမ်းပါးအနီးတွင် နေထိုင် ကြသူများမှာ မိုးရာသီမရောက်မခြင်း ရေသုံးစွဲမှုတွင် အခက်အခဲတွေ့ကြုံကြရသည့်အတွက် ၄င်းတို့၏ ကျန်းမာ ရေးအပေါ် သက်ရောက်လျက်ရှိသလို ဧရာဝတီမြစ်ကြောင်းတလျှောက် ကုန်စည်ဖလှယ်ရာတွင် ပါဝင်နေကြသူ များ အတွက်လည်း  စီးပွားရေး၊ လူမှုရေးစသည်တို့ကို သက်ရောက်လျက်ရှိကြောင်း စီးပွားရေးပညာရှင်တဦးက သုံးသပ်ပြောဆိုသည်။
 
ညောင်းဦးသား တဦးကလည်း ဘိုးဘွားစဉ်ဆက်ကတည်းက ဧရာဝတီမြစ်ရေကိုပဲ သုံးစွဲလာသည့် ၎င်းတို့အတွက် ယခု ဧရာဝတီမြစ်ရေအစား သောင်ထွန်းပြီးကျန်ရစ်ခဲ့သော ရေသေအိုင်များသာ တွေ့မြင်နေရသောကြောင့် ရေအခက်အခဲ ဖြစ်လျက်ရှိကြောင်းပြောဆိုသည်။
 
"ကျနော်တို့အတွက် ရေဆိုတာမြစ်ရှိရင်ဖြစ်တာပဲ၊ ခုတော့ မြစ်ရေက ဖြုတ်ခနဲပျောက်ကုန်တယ်၊ ဘယ်နှယ့် လုပ်ရ မတုန်း၊ ခုဆို ရွာကနေ ၁၀ မိုင် လောက်ဝေးတဲ့နေရာကို လှည်းနဲ့ သွားခပ်နေရတယ်"ဟု သူက ပြောသည်။
 
ယခုကဲ့သို့ မြန်မာနိုင်ငံ၏ အသက်သွေးကြောမကြီးတခုဖြစ်သော ဧရာဝတီမြစ်ကြောင်းပြောင်းလဲလာခြင်းနှင့် ရေ နည်းလာခြင်း၏ အဓိက အကြောင်းအချက်များမှာ  မြစ်အဖျားပိုင်းတွင် သစ်တောများပြုန်းတီးခြင်း၊ ကမ်းပါး ပြို ခြင်း၊ တောင်ပြိုခြင်း၊ ရွှေတွင်း၊ ကျောက်စိမ်းတွင်းများ၊ ရေနံတွင်း စသည့် တွင်းများတူးဖော်လုပ်ကိုင်မှု များပြား လာခြင်းတို့က မြစ်ကြမ်းပြင်ပို့ချမှုများကို ဖြစ်ပေါ်စေခြင်းဖြစ်ပြီး ၊ မြစ်အတွင်း အနည်ကျမှုများလာကာ သောင် ထွန်းခြင်းတို့ကို ဖြစ်ပေါ်စေခြင်းဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တဦးကသုံးသပ်သည်။
 
"ဧရာဝတီကို  အချိန်မီထိန်းသိမ်းရတော့မဲ့ အနေအထားပါ ၊ရေဝေရေလဲ ဒေသအရေးပါလာပြီဆိုတာကိုလည်း သိဖို့လိုအပ်လာပါပြီ၊  ဒါကို မသိချင်ယောင်ဆောင်နေလို့မရတော့ဘူး၊ ဧရာဝတီမှာ လူတွေရဲ့ ဘ၀တွေ ရှိတယ် ဆိုတာကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး " ဟု အဆိုပါ ပညာရှင်က ဆိုသည်။

မြစ်ရေများ ကျဆင်းလျော့နည်း၍ ရေလမ်းကြောင်း ပြောင်းလဲမှုသည် ဆည်များ၊ ရေလှောင်တမံများ တည် ဆောက်ခြင်းကြောင့်လည်း ဖြစ်ကြောင်း ပညာရှင်များက ပြောဆိုကြသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရက နိုင်ငံနှင့် တ၀န်း ရေလှောင်တမံများ တည်ဆောက်ခဲ့ရာ တိုင်းနှင့် ပြည်နယ် ၁၀ ခုတွင် တည်ဆောက်ခဲ့သည့် ရေလှောင်တမံပေါင်း ၁၂၉ ခု ရှိကြောင်း မှတ်တမ်းများအရ သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်