ဆွေးနွေးမှု ဆက်လုပ်ရန် ၈၈ မျိုးဆက် တိုက်တွန်း

E-mail Print
အမျိုးသား ပြန်လည်သင့်မြတ်မှု ရရေးအတွက် ဒေါ်အောင်ဆန်းစုကြည် နှင့် အစိုးရကိုယ်စားလှယ် ၀န်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံ ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်သွားရန် သောကြာနေ့က ထုတ်ပြန်သည့် ၈၈ မျိုးဆက် ကျောင်းသားများ၏  ရှစ်လေးလုံး နှစ်ပတ်လည်နေ့ ကြေညာချက်တွင် တိုက်တွန်းထားသည်။

8888-2001၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ဦးဆောင်သူအများစု ထိန်းသိမ်းခံနေရစဉ် တိမ်းရှောင်နေကြသည့် ကိုစိုးထွန်း၊ ကိုထွန်းမြင့်အောင်တို့က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“အရင်က တွေ့ဆုံခဲ့တဲ့ ဖြစ်စဉ်တွေမှာ ဘာမှ ရလဒ်ကောင်း မထွက်ခဲ့ဘူး။ အခု တွေ့ဆုံမှုကနေ ဆွေးနွေးပွဲတွေ ဆက်တိုက် ဖြစ်ပေါ်လာဖို့ အချိန် ကန့်သတ်ချက်နဲ့ လုပ်ဆောင်ဖို့ လိုတယ်” ဟု ကိုစိုးထွန်းက ပြောသည်။

နိုင်ငံရေး အကျဉ်းသား အားလုံးကို အမြန်ဆုံး ပြန်လွှတ်လိုက်သည့်နည်းဖြင့်  ပြန်လည် သင့်မြတ်ရေး လိုလားကြောင်း ပြသရန် အစိုးရကို တိုက်တွန်းထားသည်။

“၈၈ ခုနှစ်တုန်းက မွေးခဲ့တဲ့ လူတွေတောင် ယနေ့အချိန်မှာ လူလားမြောက်နေကြပြီ။ အခုထိ ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေး လူလားမြောက်မလာသေးဘူး” ဟု ကိုစိုးထွန်းက ပြောသည်။

၈၈ မျိုးဆက်တို့၏ ကြေညာချက်တွင် တိုင်းရင်းသားဒေသ စစ်ပွဲများ အမြန်ဆုံး ရပ်စဲရေး အတွက် အရေးတကြီး လိုအပ်နေကြောင်းလည်း   အလေးထား ဖော်ပြထားသည်။

တိုင်းပြည် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် မည်သည့် ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့အစည်းနှင့် မဆို လက်တွဲ လုပ်ဆောင်သွားကြရန် အသင့်ရှိသည်ဟု ၂၃ နှစ်ပြည့် ရှစ်လေးလုံးနေ့ အထိမ်းအမှတ် ကြေညာချက်တွင် ကမ်းလှမ်းထားသည်။

မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများက ရှစ်လေးလုံးနှစ်ပတ်လည်နေ့ကို နှစ်စဉ် သြဂုတ်လရောက်တိုင်း ကျင်းပကြသည်။

၁၉၈၈ ခုနှစ် ၈ လပိုင်း ၈ ရက်နေ့ ၀န်းကျင်က မြန်မာပြည်အနှံ့ ဖြစ်ပွားခဲ့သည် လူထုအုံကြွမှု အထိမ်းအမှတ် ပြုလုပ်ကြခြင်း ဖြစ်သည်။ ကျောင်းသားများက အစပြုခဲ့သည့် ထိုလှုပ်ရှားမှုကြောင့် နိုင်ငံကို တပါတီစနစ်ဖြင့် နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည့် ဦးနေ၀င်းအစိုးရ၏ ယန္တရားများ ရပ်ဆိုင်းသွားသည်။ ရန်ကုန်နှင့်မြို့ကြီးတချို့တွင် စစ်တပ်က ပစ်ခတ်သဖြင့် ဆန္ဒပြသူ အများအပြား သေဆုံးခဲ့သည်။ ထိုသို့ ဖြစ်နေစဉ် စက်တင်ဘာ ၁၈ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းလိုက်ရာ ကျောင်းသား အများအပြား တောခိုသွားကြသည်။

စစ်ဗိုလ်ချုပ်များက ထိုအချိန်ကစပြီး နိုင်ငံကို အုပ်ချုပ်ခဲ့ခြင်း ဖြစ်သည်။ ယခုနှစ်ဆန်းပိုင်းတွင် ပေါ်ပေါက်လာသော ၎င်းတို့စိတ်ကြိုက် အရပ်သားအစိုးရအဖွဲ့ ဖြစ်ပေါ်လာရေး အတွက် ၂၃ နှစ် အချိန်ယူခဲ့ကြသည်။

၂၃ နှစ်အတွင်း ၈၈ မျိုးဆက် ကျောင်းသားများစွာ အထိန်းသိမ်းခံရရာ အများအပြားမှာ ၎င်းတို့၏ လူငယ်ဘ၀ အချိန်ကောင်းများကို အကျဉ်းထောင်အတွင်း ကုန်ဆုံးခဲ့ရသည်။

ဤအတောအတွင်း နယ်မြို့အကျဉ်းထောင်အသီးသီးတွင် ရောက်ရှိနေသော ထင်ရှားသည့် ၈၈ မျိုးဆက် ခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်တို့က  ပြီးခဲ့သည့်လအတွင်း  ဒေါ်အောင်ဆန်းစုကြည် နှင့် အစိုးရကိုယ်စားလှယ် ၀န်ကြီး ဦးအောင်ကြည်တို့  တွေ့ဆုံဆွေးနွေးကြခြင်းကို ကြိုဆိုကြောင်း၊ ပိုမိုကျယ်ပြန့်သည့် ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေးကို မျှော်လင့်ကြောင်း အမှာစကား ပါးလိုက်ကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်