မြစ်ဆုံ ဝေဖန်ချက်ကို တုံ့ပြန်ပြီ

E-mail Print
မြန်မာနိုင်ငံ၏ အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းကြီးဖြစ်သည့် ဧရာဝတီမြစ်ဆုံ စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးပြီး နိုင်ငံအတွက် ဆိုးကျိုးများဖြစ်လာမည် ဟူသော ဝေဖန်ချက်များမှာ လုပ်ကြံပြောဆိုချက်များ ဖြစ်ကြောင်း၊ နိုင်ငံအတွက် စိုးရိမ်စရာ မရှိသည့် စီမံကိန်းဖြစ်ကြောင်း အင်္ဂါနေ့ထုတ် အစိုးရ သတင်းစာများက တုံ့ပြန် ရေးသားလိုက်သည်။

Dam-construction“ဧရာဝတီမြစ်ကို အမှီပြု၍ ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ လူမှုရေးလုပ်ငန်းများအပေါ်၌ ထိခိုက်မှု လုံးဝ မရှိနိုင်ပေ” ဟု သတင်းစာဆောင်းပါးရှည်တွင် ရေးသားထားသည်။

စီမံကိန်းများနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် ပြည်တွင်းရှိ ပြည်သူလူထု အထင်မှား အမြင်မှားဖြစ်စေရေး မဟုတ်မမှန် ဖန်တီးလုပ်ကြံ၍ ရေးသား လုပ်ဆောင်မှုများ ရှိနေသည်ဟု ဆိုသည်။

ဧရာဝတီမြစ်၏ ကချင်ပြည်နယ် မေခ၊ မလိခ မြစ်ဆုံဒေသတွင် မြန်မာ အစိုးရ၏ အမှတ် ၁ လျှပ်စစ်ဝန်ကြီးဌာနနှင့် တရုတ် ကုမ္ပဏီ တခု ဖြစ်သော CPI တို့က လျှပ်စစ်ဓာတ်အား မီဂါဝဒ် ၆၀၀၀ ထုတ်လုပ်နိုင်မည်ဟု ဆိုသည်။ စီမံကိန်းအတွက် ဧရာဝတီမြစ်ရေ၏ ၇.၆ ရာခိုင်နှုန်းမျှသာ သုံးစွဲမည်ဟု ဆိုသည်။

မြစ်ဆုံဆည် စီမံကိန်းဒေသသည် စင်္ကာပူနိုင်ငံခန့် အရွယ်အစား ရှိပြီး ဒေါ်လာ ၃.၆ ဘီလျံ အကုန်ကျခံကာ ၂၀၀၉ ခုနှစ် မှ စတင် ဆောက်လုပ်နေသည်။ ၁၀ နှစ် ကြာမည့် ထိုစီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှု အမွေအနှစ်၊ စီးပွားရေး၊ လူမှုရေးတို့ ထိခိုက် ပျက်စီးမည်ဟု ပြောဆို ကန့်ကွက်နေသည့် ကြားက ထိုစီမံကိန်း ဆက်လက် လည်ပတ်နေခြင်း ဖြစ်သည်။

စီမံကိန်းနှင့်ပတ်သက်၍ ၂၀၀၉ ခုနှစ်တွင် တရုတ်-မြန်မာ ကျွမ်းကျင်ပညာရှင်ပေါင်း ၁၀၀ ကျော် ပါဝင်သည့် စူးစမ်း လေ့လာရေးအဖွဲ့က ၆ လကြာ သုတေသန လုပ်ခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း တွေ့ရှိချက်များကို ထုတ်ပြန်ကြေညာခြင်းမရှိဟု သိရသည်။

လေ့လာ သုတေသနပြုချက်များတွင် စီမံကိန်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုး အလွန် များပြားနိုင်ကြောင်း ထောက်ပြထားကြသည်ဟု ဆိုသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ကချင်ပြည်နယ် မြစ်ဆုံ စီမံကိန်းကို လုံးဝ ဆန့်ကျင်ကြောင်း၊ တခြား ဆည်စီမံကိန်းများနှင့် ပတ်သက်၍လည်း အစိုးရနှင့် ညှိနှိုင်းဆွေးနွေးရန် အသင့်ရှိကြောင်း KIO ၏ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

“ကျနော်တို့က မတိုက်ပါဘူး။ ဒါပေမယ့် တိုက်ပွဲတွေဖြစ်လို့ တရုတ် တာပိန်ဆည်တွေမှာ ဖြစ်သလို ဒီမြစ်ဆုံဆည် စီမံကိန်းဟာ အဲဒီလိုပဲ ဖြစ်သွားလိမ့်မယ်” ဟု ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

ဇွန်လက ကချင်ပြည်နယ်ရှိ  တာပိန်ဆည်များ အနီး တိုက်ပွဲများ ဖြစ်ပွားနေ၍ လုပ်ငန်းများ ရပ်တန့်နေခြင်းကို သူက ရည်ရွယ် ပြောဆိုခြင်း ဖြစ်သည်။

မြစ်ဆုံစီမံကိန်းကြောင့် ဆိုးကျိုးဖြစ်လာမည်ကို မြန်မာနိုင်ငံသားတို့ ကျယ်ကျယ်ပြန့်ပြန့် မသိရှိကြသေးကြောင်း၊ တမျိုးသားလုံးအတွက် အလွန်အရေးကြီးသည့် ကိစ္စဖြစ်ကြောင်း  လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း အများအပြားက ထောက်ပြနေကြသည်။

ရန်ကုန်မြို့တွင် ပရဟိတ လုပ်ငန်းများ လုပ်ဆောင်နေသည့် ဒေါ်မြင့်မြင့်ခင်ဖေက ယခုစီမံကိန်းကြီးကြောင့် ဆုံးရှုံးနစ်နာမှု လွန်စွာများပြားမည် ဖြစ်ကြောင်း၊ ဧရာဝတီမြစ်နှင့် အသက်မွေးနေရသည့် လယ်သမား၊ယာသမားများ၊ ဒေသခံ တိုင်းရင်းသားများနှင့် အတူ နိုင်ငံသားအားလုံးအတွက် ထိခိုက်မည်ကို စိုးရိမ်ရကြောင်း ဧရာဝတီကို ပြောသည်။

“ဒီစီမံကိန်းကြီးဟာ ကျမတို့နိုင်ငံရဲ့ သဘာဝ ပတ်ဝန်းကျင်ကိစ္စပါ မကပါဘူး၊ အမျိုးသားရေး သမိုင်းပါ ဆုံးရှုံးသွားနိုင်တယ်လို့ မြင်ပါတယ်။ နိုင်ငံအတွက် အရမ်း အန္တရာယ်ကြီးတဲ့ ဒီစီမံကိန်း သဘောမတူခင်ကတည်းက ကျမတို့ နိုင်ငံသားတွေ ကျယ်ကျယ် ပြန့်ပြန့်သိအောင် လုပ်ဖို့ လိုတယ်။ အစိုးရအနေနဲ့လည်း အနာဂတ် မျိုးဆက်တွေ အတွက်ပါ ကြည့်ပြီး စီမံကိန်းကို ရပ်တန့်စေချင်တာပါ။ တိုင်းပြည် ငြိမ်းချမ်းရေးအတွက် အားလုံးနဲ့ လက်တွဲ လုပ်ဆောင်သွားစေချင်တယ်” ဟု ဒေါ်မြင့်မြင့်ခင်ဖေက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်