၂ ရက်အတွင်း မိုးပြန်နည်းမည်

E-mail Print
ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း လာမည့် ၂ ရက်အတွင်း မိုးနည်းပါးသွားမည်ဟု မိုးလေ၀သနှင့် ဇလဗေဒ (မိုး/ဇလ) ပညာရှင် ဒေါက်တာ ထွန်းလွင်က ခန့်မှန်းပြောဆိုသည်။

News_Flood__11__Aug_2011Yan_Pai
မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန  ညွန်ကြားရေးမှူးဟောင်း ဒေါက်တာ ထွန်းလွင်က “အိန္ဒိယမှာလည်း မိုးနည်းတော့မယ်။ မြန်မာပြည်ကိုလည်း အကျိုးသက်ရောက်မှာပါ။ ရွာတော့ နည်းနည်းရွာမယ်။ အခုလောက် ရေမပါတော့ဘူး” ဟု ပြောသည်။

ယခုဖြစ်ပေါ်နေသည့် လေပြင်းတိုက်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့သည် အယ်လ်နီညို၊ လာနီညာ စသည့် ရာသီဥတု ဖောက်ပြန်မှုများကြောင့် မဟုတ်ဘဲ မိုးရာသီအတွင်း ပုံမှန်မိုးရွာသွန်းမှု ဖြစ်စဉ်တခုသာဖြစ်သည်ဟု ဆက်လက်ရှင်းပြသည်။

မိုးလေ၀သဆိုင်ရာ သတင်းများ ထုတ်ပြန်ပေးနေသည့် ဒေါက်တာ ထွန်းလွင်၏ အင်တာနက် စာမျက်နှာတွင် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ လွဲလျှင် တပြည်လုံး မိုးမစဲ တဖွဲဖွဲရွာနေမည်ဟု ဖော်ပြထားသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့၏ မြို့ကြီး အများစုနှင့် ကျေးလက်ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်။

ယနေ့ထုတ် အစိုးရသတင်းစာများတွင် နိုင်ငံတ၀န်း အဆက်မပြတ် မိုးရွာသွန်းသည့်အတွက် ရန်ကုန်တိုင်း ဥက္ကံမြို့တွင် သစ်သားတံတား ၃ စင်း၊ တိုက်ကြီးမြို့တွင် သစ်သားတံတား ၂ စင်း ပျက်စီးခဲ့ပြီး အိမ်ထောင်စု ၁၇၆ စု ရေဘေးသင့်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နှင့် သံတွဲမြို့တို့တွင် အိမ်ခြေ ၆၀ ခန့် ရေဘေးသင့်ခဲ့ကြောင်း ဖော်ပြထားသည်။

အလားတူ စစ်ကိုင်းတိုင်း တမူး၊ ဖောင်းပြင်၊ ကလေးဝ၊ ကလေး၊ မင်းကင်း စသည်မြို့များနှင့် ချင်းပြည်နယ် တီးတိန်မြို့နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် မြေပြိုပြီး  တံတားများပျက်စီးကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားကြောင်း သိရသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့ခံတဦးက “အထက်မှာ မိုးရွာတော့ ရေဆင်းတယ်။ ချင်းတွင်းမြစ်ရေက ဧရာဝတီမြစ်ထဲကို ပုံမှန်စီးနေဆဲပဲ။ ဧရာဝတီမြစ်က ရေမကြီးသေးတော့ တော်သေးတယ်” ဟု ဆိုသည်။

ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် စိုးရိမ်ရေအမှတ်ထက် ၉ စင်တီမီတာ ကျော်လွန်နေပြီး နောက် ၄၈ နာရီအတွင်း ၁ ပေခန့် မြင့်တက်လာမည်ဟု မိုး/ဇလ ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ပဲခူးတိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းသည့်အတွက် တောင်ငူမြို့၊ ပဲခူးမြို့၊ ရွှေကျင်မြို့၊ ထန်းတပင်၊ ညောင်လေးပင်နှင့် ပဲခူးတိုင်း အနောက်ခြမ်းရှိ သာယာဝတီ၊ သုံးဆယ်မြို့များတွင် ရေကြီးရေလျှံမှုများ ဖြစ်နေကြောင်း၊ စာသင်ကျောင်းများ ပိတ်ထားရပြီး ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ ကူညီနေကြောင်း အစိုးရသတင်းစာတွင် ဖော်ပြထားသည်။

ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ၅၀ စင်တီမီတာခန့် မြင့်တက်နေရာမှ ယနေ့တွင် ၄ လက်မခန့် ကျဆင်းသွားသော်လည်း ရေအကျနှေးနေကြောင်း၊ မိုးရွာသွန်းမှု မရှိတော့ကြောင်း ပဲခူးမြို့ခံ ရှေ့နေကြီး ဦးမြတ်လှက ဆိုသည်။

ရေကြီးမှုကြောင့် ရန်ကုန်-မန္တလေး ရထားလမ်းနှင့် ရန်ကုန်-မော်လမြိုင် ရထားလမ်း ရေကျော်နေသည့်အတွက် ပဲခူးဘူတာရုံကို  ခေတ္တပိတ်ထားရပြီး စာသင်ကျောင်း တချို့ကိုလည်း ပိတ်ထားသည်ဟု ၎င်းက ဆက်လက်ပြောသည်။

စစ်တောင်းမြစ်ရေမှာလည်း တောင်ငူမြို့တွင် စိုးရိမ်ရေအမှတ်အထက် ၁.၃ ပေခန့် ကျော်လွန်နေကြောင်း မိုး/ဇလ ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

လက်ရှိ တောင်ငူမြို့ အခြေအနေမှာ မြို့ပတ်လည်တွင် ရေများလွှမ်းနေပြီး စာသင်ကျောင်း ၁၆ ကျောင်း ပိတ်ထားရကြောင်း၊ ရေဘေးသင့် အိမ်ထောင်စု ၆၅၂စု၊ လူဦးရေ ၂၉၅၁ ဦး ရေဘေးသင့်ကြောင်း၊ ထိုရေဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားကြောင်း တောင်ငူမြို့ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင်စိုးမြင့်က ပြောသည်။

ယမန်နေ့က ပဲခူးတိုင်း ၀န်ကြီးချုပ် ဦးဉာဏ်ဝင်း တောင်ငူမြို့သို့ ရောက်ရှိလာပြီး ကြည့်ရှုသွားကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်