ဆည် ၄ ခု ဖောက်ချ၊ ၁၄ ရွာခန့် ရေမြုပ်

E-mail Print
မကွေးတိုင်း မြို့သစ်မြို့နယ်၌ ၃ ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ဒေသအတွင်းရှိ ဆည် ၄ ခုမှ ရေများ ဖောက်ထုတ်ရပြီး ကျေးရွာ ၁၄ ရွာခန့် ရေနစ်မြုပ်၍ နေပြည်တော်သွား ကားလမ်းပေါ်ရှိ ယင်းချောင်းတံတားလည်း ပျက်စီးသွားကြောင်း သိရသည်။

Flood_Dam_Map
သြဂုတ်လ ၂၈ ရက်နေ့မှစ၍ မိုးဆက်တိုက် ရွာသွန်းရာ နတ်မောက်၊ ပလင်း၊ စွန်၊ ဆဒ္ဒန် ရေလှောင်တမံများမှ ရေများဖောက်ချလိုက်သည့်အတွက် ယင်းချောင်းနံဘေးရှိ ကျေးရွာများ ရေနစ်မြုပ်သွားပြီး ထန်းရင်းကျေးရွာတွင် အိမ် ၇ လုံးခန့် ရေမျောပါသွားကြောင်း မြို့သစ်ဒေသခံတဦးက ပြောသည်။

“ဆည်ကျိုးမှာကြောက်လို့ ယင်းချောင်းထဲကို ညပိုင်းမှာ ဖောက်ချလိုက်တာ။ ကမ်းလုံးပြည့်ရေလျှံနေတာ ရေပြင်ကြီးက မြစ်ပြင်ကျယ်ကြီးလိုပဲ” ဟု ၎င်းက ဆိုသည်။

ဆည်မြောင်းဌာနက ဒေသခံလူထုကို ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ ဖောက်ချခြင်းဖြစ်ကြောင်း၊ လဲလူ၊ တပ်ကုန်း၊ မန်ကျည်းကုန်း၊ ထန်းရင်း၊ ထန်းတပင်၊ မြင်သာ၊ မန်ကျည်းချို စသည့် ကျေးရွာများ ရေနစ်မြုပ်သွားပြီး လူအသေအပျောက် မရှိကြောင်း၊ နွား၊ ၀က်၊ ကြက် အိမ်မွေးတိရိစ္ဆာန်များသာ ရေထဲ မျောပါသွားကြောင်း အဆိုပါ ဒေသခံက ပြောသည်။

ယနေ့တွင် မိုးစဲသွားသော်လည်း ဆက်လက်ရွာမည့် အရိပ်အယောင်များ ရှိနေသေးသည်ဟု သိရသည်။

ဒေသဆိုင်ရာ အာဏာပိုင်များ ထုတ်ပြန်သည့်စာရင်းတွင် ယင်းချောင်းနံဘေး၌ စိုက်ပျိုးထားသည့် စပါးစိုက်ဧက ၃၀၀ ကျော်လည်း ရေနစ်မြုပ်သွားကြောင်း ဖော်ပြထားသည်။

အဆိုပါ ဆည်များသည် ယင်းချောင်းနှင့် ချောင်းအတွင်းစီးဝင်သည့် ချောင်းလက်တက်များကို ပိတ်ဆို့ကာ ပြုလုပ်ထားခြင်း ဖြစ်သည်။

ယခုနှစ် ဧပြီလအတွင်းက သမ္မတသစ် ဦးသိန်းစိန်ကိုယ်တိုင် ဖွင့်လှစ်ခဲ့သည့် နေပြည်တော်-တပ်ကုန်း လမ်ပေါ်ရှိ ယင်းချောင်းတံတားမှာ ပေ ၂၀ ခန့် ပျက်စီးသွားပြီး တံတားချဉ်းကပ်လမ်း ပြိုကျသွားသည့်အတွက် ကားအသွားအလာ ရပ်ဆိုင်းထားရကြောင်း၊ ပျဉ်းမနား-တောင်တွင်းကြီး လော်ကယ်ရထားလည်း ရပ်ဆိုင်းထားရကြောင်း သိရသည်။

ရေဘေးဒုက္ခသည်များအား အာဏာပိုင်များက ကယ်ဆယ်ရေး စခန်းဖွင့်ကာ ကူညီဆောင်ရွက်ပေးခြင်း မရှိကြောင်း၊ နီးစပ်ရာ ရေလွတ်သည့် ကျေးရွာများများသို့ ပြောင်းရွှေ့နေထိုင်ရကြောင်း မြို့သစ်မြို့ခံက ပြောသည်။

အလားတူ နတ်မောက်မြို့နယ် တောင်ဘက်ရှိ ကန်တော်ဆည် ကျိုးသွားသည့်အတွက် ဆည်အောက်ဘက်ရှိ အင်းကုန်းကျေးရွာမှာ ရေမြုပ်သွားပြီး အိမ်မွေးတိရိစ္ဆာန်များနှင့် ရိတ်သိမ်းပြီး နှမ်းများ ရေထဲမျောပါသွားသည်ဟု နတ်မောက်မြို့ခံတဦးက ပြောသည်။

ယခင် ဆည်မြောင်းများ မဆောက်လုပ်မီက အဆိုပါ ချောင်းများသည် ရေစီးရေလာကောင်းခဲ့ပြီး ယခုကဲ့သို့ ရေကြီးရေလျှံသည့် အဖြစ်အပျက်များ ဖြစ်ပေါ်ခြင်း မရှိကြောင်း သိရသည်။

ယခုလအတွင်း မြန်မာနိုင်ငံအနှံ့ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် ရေကြီးရေလျှံမှုများ နေရာအနှံ့တွင် ဖြစ်ခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းက မန္တလေးတိုင်း ကျောက်ဆည်မြို့တွင် မင်းရဲဆည်မှ ရေလွှတ်ခဲ့သည့်အတွက် ကြက်မင်းတွန် အပါအ၀င် ရပ်ကွက်ကြီး ၃ ခု ရေနစ်မြုပ်ခဲ့သေးသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်