လူမှုအဖွဲ့အစည်းကိုယ်စားလှယ်များက အာဆီယံခေါင်းဆောင်များထံ မြန်မာပြည်အတွက် အရေးဆို

E-mail Print
၁၄ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် တက်ရောက်ခွင့်ရသော လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များက မြန်မာ့အရေးအတွက် အာဆီယံခေါင်းဆောင်များထံ အရေးဆိုလိုက်သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များကို မိနစ် ၂၀ ခန့်သာ တင်ပြဆွေးနွေးခွင့်ပြုခဲ့ပြီး ၎င်းတို့၏ တင်ပြချက်များက မြန်မာ စစ်အစိုးရ၏ မူဝါဒကို ကန့်ကွက်ကြောင်း သိသာထင်ရှားစွာ ပြသခဲ့သည်။

အစည်းအဝေးပွဲအပြီးတွင် မလေးရှားအခြေစိုက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီး အခွင့်အရေးလှုပ်ရှားမှု စောင့်ကြည့်ရေး အဖွဲ့ - အာရှပစိဖိတ်မှ Wathshlah G. Naidu က “ကျမတို့ အနေနဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေး အခြေအနေ၊ မြန်မာပြည်မှာ ထိန်းသိမ်းခံထားရဆဲဖြစ်တဲ့ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တွေ အကြောင်းနဲ့ တရားမဝင်တဲ့ အခြေခံဥပဒေနဲ့ ပတ်သတ်လို့ အဓိကထား တင်ပြ ဆွေးနွေးခဲ့တယ်” ဟု ဧရာဝတီကို ပြောကြားသည်။

ဆက်လက်၍ ၎င်းတို့ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ အနေနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာပြည်ရှိ နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရေးကို တောင်းဆိုခဲ့သည်ဟု ဆိုသည်။ ထို့ပြင် အာဆီယံအဖွဲ့ဝင်များအနေနှင့် ၂၀၁၀ တွင် မြန်မာစစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲကို အသိအမှတ်မပြုရန် တိုက်တွန်းခဲ့ကြောင်း ပြောပြသည်။

“ဒီအကြောင်းအရာတွေကို အာဆီယံ နိုင်ငံတွေအနေနဲ့ တကယ် အလေးထား အာရုံစိုက်ဖို့ လိုအပ်ပါတယ်” ဟု သူက ဆိုသည်။

Naidu ၏ အဆိုအရ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် အာဆီယံကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲတွင် ရိုဟင်ဂျာ ကိစ္စရပ်ကိုလည်း အဓိကထား ဆွေးနွေးကြသည်ဟု သိရသည်။

သောကြာနေ့က ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ရိုဟင်ဂျာများသည် မြန်မာပြည်တွင် မွေးဖွားခဲ့သည့်တိုင်အောင် “ဘင်္ဂါလီ” ဟုသာ ခေါ်တွင်သင့်ကြောင်း ပြောကြားခဲ့သည်။

လေ့လာသူများ၏ အဆိုအရ ရခိုင်ပြည်နယ်အတွင်းတွင် ရိုဟင်ဂျာ ၈ သိန်းခန့် နေထိုင်လျှက်ရှိပြီး ၎င်းတို့မှာ မြန်မာ တိုင်းရင်းသား ၁၃၅ မျိုးထဲတွင်ပါဝင်သည်ဟု သိရသည်။ သို့ရာတွင် မြန်မာစစ်အစိုးရကမူ တိုင်းရင်းသား ၁၃၅ မျိုးထဲတွင် ရိုဟင်ဂျာမပါဝင်ဟု ငြင်းဆိုသည်။

အာဆီယံ အထွေထွေအတွင်းရေးမှူး Surin Pitsuwan က အာဆီယံသမိုင်းတွင် တခါမှ မစီစဉ်ခဲ့ဖူးသည့် အာဆီယံ ၁၀ နိုင်ငံကိုယ်စားလှယ်များနှင့် လူမှုအဖွဲ့အဖွဲ့အစည်းများ မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးရေး အစီအစဉ်ကို ထည့်သွင်းခဲ့ သော်လည်း မြန်မာနိုင်ငံကိုယ်စားလှယ် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် Hun Sen တို့က လူမှုအဖွဲ့ အစည်းများတွင် ပါဝင်သည့်ု မြန်မာ့ဒီမိုကရေစီ ဖွံ့ဖြိုးမှုကွန်ယက် (NDD) အဖွဲ့ဝင် မခင်ဥမ္မာနှင့် ကမ္ဘောဒီးယား နိုင်ငံမှ ကိုယ်စားလှယ် Pen Sommoly တို့ ပါဝင်တက်ရောက်ခွင့်မရရန် ကန့်ကွက်ခဲ့သည်။

“အာဆီယံ ခေါင်းဆောင် ၁၀ ဦးနဲ့ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေ တွေ့ဆုံမယ့် ဒီပွဲမှာ အာဆီယံ ပဋိညာဉ်ရဲ့ အခန်း ၁ မှာ ထည့်သွင်းဖော်ပြထားတဲ့ လူမှုအဖွဲ့အစည်းများ ပါဝင်ခွင့်ရရှိမှု ဆိုတဲ့အချက်ကို သံသယ ပိုမို ကျယ်ပြန့် လာစေပါတယ်” ဟု မခင်ဥမ္မာ ပါဝင်သည့် လူမှုအဖွဲ့အစည်းအတွက် လှုပ်ရှားသူများအဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပြီးခဲ့သည့် စနေနေ့ အစောပိုင်းက အာဆီယံ ထိပ်သီးအစည်းအဝေး ကျင်းပရာ ထိုင်းနိုင်ငံ ဟွာဟင် ကမ်းခြေတွင် မြန်မာ စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြမှု အသေးစားတခု ဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူမှာ ၁၅ ဦးခန့်သာဖြစ်ပြီး ထိုအထဲမှ အများစုမှာ လူ့အခွင့်အရေး လှုပ်ရှားသူ ထိုင်းနိုင်ငံသားများဖြစ်သည်။ ၎င်းတို့က “မြန်မာပြည် ငြိမ်းချမ်းရေးအတွက်” တောင်းဆို ဆန္ဒပြ ရင်း ကမ်းခြေမြို့တလျှောက် လမ်းလျှောက်ခဲ့ကြသည်။

“အာဆီယံနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံနဲ့ အရေးကို တောင်းဆိုဖို့ ကျမတို့ ရွေးချယ်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ မြန်မာနိုင်ငံက အာဆီယံရဲ့ ဒီမိုကရေစီအရေးကိစ္စတွေထဲမှာ အရေးကြီးဆုံးမို့ပါ” ဟု ဆန္ဒပြသူထဲတွင် ပါဝင်သည့် ထိုင်းအမျိုးသမီး တဦးက ပြောသည်။

(ဧရာဝတီ သတင်းထောက် ဝေမိုးက အာဆီယံ ဆွေးနွေးပွဲပြုလုပ်နေသည့် ချာ့အမ်းမြို့မှ ပေးပို့ပါသည်)
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်