သတင်းသမားများ မော်လ်ဒိုက်တွင် ခိုလှုံခွင့်ရမည်

E-mail Print

အိန္ဒိယသမုဒ္ဒရာထဲမှ မော်လ်ဒိုက်ကျွန်းနိုင်ငံက မြန်မာ နှင့် တခြားနိုင်ငံများမှ အတိုက်အခံ စာနယ်ဇင်းသမားများကို ခိုလှုံနေထိုင်ခွင့် ပြုမည်ဟု ယမန်နေ့က ပြောကြားလိုက်သည်။

မော်လ်ဒိုက် သမ္မတရုံး၏ အင်တာနက်စာမျက်နှာတွင် အဆိုပါ ပြောဆိုချက်ကို ဖော်ပြထားခြင်းဖြစ်ပြီး သမ္မတက မော်လ်ဒိုက်နိုင်ငံကို “စာနယ်ဇင်းသမားများအတွက် လုံခြုံစိတ်ချရသည့် နိဗ္ဗာန်ဘုံ” အဖြစ် အသွင်ပြောင်းမည်ဟု ဆိုသည်။

သမ္မတ မိုဟာမက် နာရှစ်၏ ပြောကြားချက်နှင့် ပတ်သက်ပြီး ပြည်ပအခြေစိုက် မြန်မာ့သတင်းသမဂ္ဂ (BMA) က ကြိုဆိုလိုက်သည်။

“မော်လ်ဒိုက် သမ္မတ ကိုယ်တိုင်က စာရေးဆရာဆိုတော့ မြန်မာနိုင်ငံမှာ စာနယ်ဇင်းအခွင့်အရေး သုညလောက်ဖြစ်နေတဲ့ အခြေအနေကို သူ့အနေနဲ့ စာနာပုံ ရပါတယ်၊ ဒီလူတွေရဲ့ လွတ်လပ်ခွင့်ကို အားပေးချင်တဲ့အတွက်၊ စာနာတဲ့အတွက် ခိုလှုံခွင့် ပေးမယ်လို့ ကမ္ဘာသိ ထုတ်ပြန်တယ်လို့ ယူဆပါတယ်" ဟု BMA ဒုတိယ ဥက္ကဋ္ဌ ဦးဇင်လင်းက ဧရာဝတီသို့ ပြောပြသည်။

သမ္မတ မိုဟာမက် နာရှစ်သည် ပြီးခဲ့သည့်လကလည်း ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂမှတဆင့် တောင်းဆိုခဲ့သည်။

သမ္မတနာရှစ် သည် ၂ဝဝ၈ အောက်တိုဘာလ ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး စတင် အာဏာရလာခြင်းဖြစ်သည်။ ၎င်းမတိုင်မီက မော်လ်ဒိုက်ကို သမ္မတ ဂေယွန်မ်က အာဏာရှင်စနစ်ဖြင့် အနှစ် ၃ဝ ကြာ အုပ်ချုပ်ခဲ့သည်။

သမ္မတနာရှစ် သည် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်း ဖြစ်သည်။ ၁၉၉၁ က မစ္စတာ နာရှစ် သည် Sangu မဂ္ဂဇင်းတွင် ပါရှိသော ၎င်း၏ နိုင်ငံရေးဆိုင်ရာ အရေးအသားများကြောင့် ဖမ်းဆီး အကျဉ်းချ ခံခဲ့ရသည်။ အကျဉ်းထောင်မှ လွတ်မြောက်လာသောအခါ ပြည်ပသို့ သွားရောက်ပြီး တနှစ်ကျော်ကြာ တိမ်းရှောင်ခဲ့သည်။

ကုလသမဂ္ဂ၏ ၂ဝဝ၇ခုနှစ်  စာရင်းဇယားများအရ မော်လ်ဒိုက်၏ လူဦးရေမှာ ၃ဝ၆ ဝဝဝ (သုံးသိန်းခြောက်ထောင်) ရှိသည်ဟု သိရသည်။ အများစု ကိုးကွယ်သည့် ဘာသာမှာ အစ္စလာမ်ဘာသာဖြစ်သည်။

မော်လ်ဒိုက်ကို သန္တာကျွန်းငယ်ပေါင်း ၁၂ဝဝ ခန့်ဖြင့် ဖွဲ့စည်းထားပြီး  ကျွန်းပေါင်း ၂ဝဝ ခန့်တွင်သာ လူအများ နေထိုင်ကြသည်။ မော်လ်ဒိုက်၏ စီးပွားရေးသည် ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းအပေါ်တွင် မှီခိုနေရသည်။

ဖြူဖွေးသန့်ရှင်းသော သဲသောင်များ၊ အုန်းပင်တန်းများ၊ ကြည်လင်သော ပင်လယ်ရေတို့ကြောင့် နိုင်ငံတကာမှ ခရီးသည် အများအပြား မော်လ်ဒိုက်သို့ သွားရောက်လည်ပတ်ကြသည်။

ကမ္ဘာကြီးပူနွေးလာပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်လျက်ရှိရာ မော်လ်ဒိုက်ရှိ ကျွန်းများ ရေမြုပ်မည့် အန္တရာယ်နှင့် ကြုံတွေ့နေရသည်။ ရေလွှမ်းမိုးမှု ကြုံတွေ့သည့်အခါ မော်လ်ဒိုက်ပြည်သူများ ခိုလှုံနိုင်ရေးအတွက် အိန္ဒိယ၊ သီရိလင်္ကာ၊  သြစတြေးလျနိုင်ငံတို့တွင် အိမ် နှင့် မြေနေရာများ ဝယ်ယူရန် စီစဉ်နေသည်ဟု သိရသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်