အမေရိကန်က စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းတော့မလား

E-mail Print
မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အမေရိကန် အစိုးရ၏ အရေးယူ ပိတ်ဆို့မှု တချို့ကို ပြန်လည် ရုတ်သိမ်းနိုင်ကြောင်း အမေရိကန် အဆင့်မြင့် အရာရှိတဦးက ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (စီအာပီပီ) သို့ ယမန်နေ့ က ပြောကြား လိုက်သည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့တောင် အာရှရေးရာ ညွန်ကြားရေးမှူး မစ္စတာ စတီဖင် ဘလိတ်က ယမန်နေ့ နေ့လယ်ပိုင်းတွင် ၎င်းတို့နှင့် အချိန်၂ နာရီခန့်တွေ့ဆုံဆွေးနွေးစဉ် ဤသို့ အမေရိကန်အစိုးရ၏ မူဝါဒအသစ်ကို ပြောကြားလိုက်ခြင်းဖြစ်သည်ဟု စီအာပီပီ အတွင်းရေးမှူး ဦးအေးသာအောင် က ပြောသည်။

“စီးပွားရေးပိတ်ဆို့တဲ့ ကိစ္စပေါ့၊ အဲဒါကို သူက နည်းနည်း ပြောင်းချင်တယ်လို့ ပြောတယ်၊ ဘယ်လိုပုံစံ ပြောင်းမလဲ ဆိုရင် အစိုးရနဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေကို မထိခိုက်အောင် ဘာလုပ်မလဲ၊ သာမန်ပြည်သူတွေကို မထိခိုက် အောင်ပေါ့၊ အဲဒီလို ဆန်ရှင်မျိုးလုပ်ဖို့ သူတို့က ပြောပြတယ်၊ ဘယ်လိုသဘောရလဲလို့ အေးတဲ့အခါမှာ၊ ကောင်း ပါတယ်လို့ ပြောလိုက်တယ်”ဟု ဦးအေးသာအောင်ကပြောသည်။

တချိန်တည်းတွင်ပင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(အန်အယ်လ်ဒီ)နှင့်လည်း ယမန်နေ့က မစ္စတာ ဘလိတ်နှင့် တွေ့ဆုံကြောင်း သိရသည်။

၎င်းတို့နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ အမျိုးသားပြန်လည်ရင်ကြား စေ့ရေးတွက် အမေရိကန်အစိုးရအနေနှင့် စစ်အစိုးအရကို ညှိနှိုင်း ပြောကြားရန် အန်အယ်လ်ဒီက မစ္စတာ ဘလိတ်အား တိုက်တွန်းလိုက်ကြောင်း အေပီ သတင်းက ရေးသားထားသည်။

မစ္စတာ စတီဖင် ဘလိတ်သည် ၎င်း၏ ၄ ရက်ကြာ ခရီးစဉ်အတွင်း အင်္ဂါနေ့က နေပြည်တော်တွင် မြန်မာနိုင်ငံခြား ရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေးနှင့် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု အစိုးရ မြန်မာ့အလင်း သတင်းစာတွင်ဖော်ပြထားသည်။

မြန်မာ့အရေး လေ့လာသူ ဦးအောင်နိုင်ဦးက ယခုကဲ့သို့ အမေရိကန်အဆင်မြင့် အရာရှိနှင့် မြန်မာစစ်အစိုးရ အဖွဲ့ဝင်တို့ တွေ့ဆုံခြင်းသည် ကောင်းမွန်သည့် လက္ခဏာဖြစ်ကြောင်း ပြောဆိုသည်။

“အမေရိကန်နဲ့ မြန်မာပြည်ကိစ္စမှာ ဆက်ဆံရေးတိုးတက်ကောင်း တိုးတက်နိုင်တယ်ဆိုပေမယ့် ဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကိစ္စတွေဟာ အမေရိကန်အစိုးရရဲ့ မြန်မာပြည်အပေါ်မှာထားတဲ့ ပေါ်လစီထဲမှာ အရေးကြီးတဲ့ ကိစ္စတွေ ဖြစ်နေသေးတဲ့အတွက် ဘယ်လိုမှ ချက်ချင်း ပြေလည်နိုင်တဲ့ အနေအထားတော့ မရှိဘူး”ဟု ဦးအောင်နိုင်ဦးက ပြောသည်။

အမေရိကန် အစိုးရက မြန်မာအစိုးရအပေါ်သို့ စီးပွားရေးအရေးယူပိတ်ဆို့မှု၊ စစ်အစိုးရအဖွဲ့ဝင်များနှင့်မိသားစုဝင် များကို ပြည်ဝင်ခွင့်ဗီဇာပိတ်ဆို့မှု၊ ကျောက်မျက်တင်သွင်းခွင့် ပိတ်ဆို့မှု စသည့် အရေးယူမှုများကို ပြုလုပ်ထား သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်