ဆိုးဆေးပါ လက်ဖက်များကို စင်္ကာပူက ပိတ်ပင်

E-mail Print
စင်္ကာပူသို့ မြန်မာပြည်မှ တင်သွင်းသည့် လက်ဖက် အမျိုးအစား ၂၀ တွင် အ၀ါရောင် ဆိုးဆေး (Auramine O)များ ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိ ရသည့်အတွက် အာဏာပိုင်များက တားမြစ်ပိတ်ပင်မည် ဖြစ်ကြောင်း သိရသည်။

ယုဇန ၊ အရီးတောင်း စသည့် နာမည်ကျော် လက်ဖက် အမျိုးအစား ၂၀ တွင် အ၀ါရောင်ဆိုးဆေးများ ပါဝင် သည်ကိုတွေ့ရှိရ၍ ဖျက်ဆီး ပစ်မည်ဖြစ်ကြောင်း စင်္ကာပူ စားသောက်ကုန် စိစစ်ရေးဌာန - Agri-Food and Veterinary Authority (AVA) ၏ အင်တာနက် ၀က်ဘ်ဆိုက်တွင် မတ်လ ၃၀ ရက်နေ့က ထုတ်ပြန် ဖော်ပြ ထားသည်။

မြန်မာ အာဏာပိုင်များက လွန်ခဲ့သည့် မတ်လ အတွင်း လက်ဖက်အမျိုးအစား ၁၀၀ ကို  အ၀ါရောင် ဆိုး ဆေးများပါဝင်သည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီးနောက် စင်္ကာပူအစိုးရအနေဖြင့် ယခုကဲ့သို့ ပထမဦးဆုံး အကြိမ် အရေးယူခဲ့ခြင်း ဖြစ်သည်။

“ဆိုင်တိုင်းပဲ ရှိတယ်ဆိုရင် အသိမ်းခံရတယ် မရှိဘူးဆိုရင် တခါတည်း ပြောခဲ့တယ် ဘယ်ဟာတွေဆို မသွင်း နဲ့ဘယ်ဟာတွေဆို မရောင်းနဲ့ဆိုပြီး ”ဟု စင်္ကာပူ အာဏာပိုင်းများက ပြောကြောင်း ဘွန်းလေး ( boon lay ) အရပ်ရှိ မြန်မာကုန်ပစ္စည်းရောင်းသည့် ရွှေသရဖူ ဆိုင်ရှင် ဒေါ်ကေသီက ဧရာဝတီကို ပြောသည်။

လက်ရှိ စင်္ကာပူနိုင်ငံတွင် ကျောင်းသားနှင့် အလုပ်သမား အပါဝင် မြန်မာနိုင်ငံသား ခန့်မှန်းခြေ ( ၅၀၀၀၀ )  ကျော်ရှိကြောင်း သိရှိရသည် ။

မြန်မာပြည်တွင်း လက်ဖက် ဈေးကွက်ရောင်းအားမှာ အစိုးရက ကြေညာခဲ့ပြီး နောက်ပိုင်း ထက်ဝက်ကျော် မက ကျဆင်းခဲ့ပြီး၊ ဆိုးဆေးမပါသော သဘာဝ လက်ဖက်ရောင်းသူများပါ ထိခိုက်ခဲ့ကြောင်း ရန်ကုန် ဘုရင့် နောင်လက်ဖက်ပွဲရုံ လုပ်ငန်းရှင်တဦးက ဆိုသည်။

“အဲဒီကတည်းက လက်ဖက်က အရောင်း ထိုးကျသွားတာ၊ အခုမှ ဆိုးဆေးမပါကြောင်းအာမခံနိုင်ပါတယ်လို့ အာမခံပြီးရောင်းနေရတယ်”ဟုလည်း သူက ဆိုသည်။

မတ်လ ၂၉ ရက်နေ့ထုတ် မြန်မာ အစိုးရသတင်းစာများတွင် လက်ဖက်နှင့် ပတ်သက်၍ အများပြည်သူ သိရှိ စေရန် အသိပေး ကြေညာချက် ဟူသည့် ခေါင်းစဉ်ဖြင့် အ၀ါရောင် ဆိုးဆေး ပါဝင်သောကြောင့် စားသုံးရန် မသင့်ကြောင်း လက်ဖက်အမျိုးအစား ၅၇ မျိုးအား ထပ်မံ အသိပေးခဲ့သည်။

လက်ဖက်များတွင် ချည်၊ သိုးမွေး၊ ပိုးထည်၊ စက္ကူ၊ သားရေများကို အရောင်ဆိုးသည့် ဓာတုပစ္စည်း (  Auramine o ) ပါဝင်နေသည့် အတွက် စားသုံးသူများကို လတ်တလော အဆိပ် အတောက် မဖြစ်စေသော် လည်း ရေရှည်တွင် အသည်းနှင့် ကျောက်ကပ် ရောဂါဖြစ်စေခြင်း၊ ခန္ဓာကိုယ် ကြီးထွားမှုကို ထိခိုက်စေခြင်း၊ ကင်ဆာရောဂါဖြစ်စေခြင်းတို့ကြောင့် စားသုံးရန် မသင့်ကြောင်း မြန်မာ အာဏာပိုင်းများက မတ်လ ၁၂ ရက်နေ့က စတင်ထုတ်ပြန်ကြေညာခဲ့သည် ။

ရန်ကုန် ဈေးကွက်ထဲမှ ရောင်းချလျက်ရှိသော လက်ဖက် အမှတ်တံဆိပ်ပေါင်း ၁၈၀ကျော်ကိုဝယ်ယူစစ်ဆေး ခဲ့ရာ ၁၀၀ ၀န်းကျင်မှာ ဆိုးဆေးပါဝင်သည်ကိုတွေ့ရသည့်အတွက် ၇၀ ရာနှုန်းမှာ ဆိုးဆေးများနှင့် မကင်း သည် ကိုတွေ့ရကြောင်း အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲ ရေးဌာနမှ တာဝန်ရှိသူ တဦးက ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်