တောင်ငူ ကားတိုက်မှုတွင် လူ ၇ ဦး ပွဲချင်းပြီးသေဆုံး

E-mail Print
တောင်ငူမြို့ အစွန်ဘက် ရန်ကုန်-မန္တလေး အဝေးပြေး လမ်းမတွင် ယမန်နေ့ည ၈ နာရီခန့်က ဆယ်ဘီးကားနှင့် ဆိုင်ကယ်သုံးစီး တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လူငယ် ၇ဦး ပွဲချင်းပြီး သေဆုံးပြီး ၁ ဦးမှာ ဒဏ်ရာ အပြင်းအထန် ခံစားနေရကြောင်း တောင်ငူ မြို့ခံတဦးကပြောသည်။

သေဆုံးသွားသည့် လူငယ်တဦးနှင့် နီးစပ်သော တောင်ငူမြို့ခံတဦးက “လူငယ်တွေ ဆိုင်ကယ် ၂စီး  ကားလမ်းမှာ လွန်းထိုးစီးနေတယ်၊ အဲဒါကိုအနောက်က ဆိုင်ကယ်က၀င်ချိတ်တာ၊ ပြီးတော့ အနောက်က လိုက်လာတဲ့ ကျောက်တင်လာတဲ့ ၁၀ဘီးကားက၀င်ကြိတ်တာပဲ”  ဟု ဧရာဝတီကို ပြောသည်။

ယင်း လူငယ်တဦးမှာ လာမည့်ကျောင်းဖွင့်ချိန်တွင် ၈တန်းတက်မည့် ကျောင်သားတဦးဖြစ်ပြီး တောင်ငူမြို့ရှိ ဆန်း မုန့်တိုက်မှ သားအငယ်ဆုံး ဖြစ်သည်ဟုလည်း သိရသည်။

အထက်ပါ မြို့ခံကပဲ “ဒီလူငယ်က ဆန်း မုန့်တိုက်က တောင်ငူမြို့မျက်နှာဖုံးပဲ၊ ကားတိုက်မှုဖြစ်တဲ့ နေရာမှာ ဆိုင်ကယ် သုံးစီး လူ ၈ယောက်ပါတယ်၊ ၁ယောက်ကတော့ ဒဏ်ရာနဲ့ နံရိုး ၇ချောင်းကျိုးသွားတယ်တဲ့၊ တောင်ငူ ဆေးရုံကြီး မှာ” ဟုလည်းပြောသည်။

ထို ဆယ်ဘီးကားမောင်းသူမှာ ထွက်ပြေးတိမ်းရှောင် သွားသည်ဟုလည်း သိရသည်။

ယင်း တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး တောင်ငူမြို့ရှိ အမှတ် ၁ရဲစခန်းမှ တာဝန်ယူ ဖြေရှင်းသွားမည် ဟုလည်း
သိရသည်။

ဤဖြစ်ပွားမှုကို မြို့ခံအမှတ်၁ရဲစခန်းနှင့် ဆေးရုံကြီး တို့မှ အတည်ပြုပြောဆိုရန် ဧရာဝတီမှ ဖုန်းဖြင့် ဆက်သွယ်သော်လည်း ခေါ်ဆို၍မရခဲ့ပါ။

ယခုလအတွင်း ဧပြီ ၈ရက်နေ့တွင်လည်း နေပြည်တော်သို့ ပြေးဆွဲသည့် ခရီးသည်တင် ယာဉ်တိမ်းမှောက် မှုကြောင့် ခရီးသည် အနည်းဆုံး ၃ဦး သေဆုံးခဲ့ပြီး ၃၀ကျော် ဒဏ်ရာရခဲ့သည်။

ယခုလ ၂ရက်နေ့ကလည်း ရန်ကုန်မှ ထွက်ခွာသွားသော ကားတစီး ရခိုင်ပြည်နယ် အမ်းမြို့နယ် အနီး လမ်းဘေး ချောက်ထဲထိုးကျ သွားရာ ဘုရားဖူးခရီးသည် အနည်းဆုံး လူ၂၀ဦးသေဆုံးပြီး ၂၅ဦး ဒဏ်ရာ ရခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်