တရားရုံးဝန်ထမ်းများ ပျော်ဖို့ တရားခံများထံမှ ငွေကောက်ခံ

E-mail Print
သင်္ကြန်တွင်း သန်လျင်မြို့နယ် တရားရုံး ဝန်ထမ်းများ ပျော်ပါးနိုင်ရန် အတွက် ဧပြီလအတွင်း ရုံးထုတ်သည့် တရားခံများထံမှ တဦးလျှင် ကျပ် ၅ ထောင် ကောက်ခံနေကြောင်း တရားခံတဦး၏ မိသားစုဝင်ထံမှ ကြားသိရသည်။

ထိုကဲ့သို့ ကောက်ခံရာတွင် ရုံးထုတ်ခံရသည့် တရားခံများသည် တတ်နိုင်သူဖြစ်စေ၊ မတတ်နိုင်သူ ဖြစ်စေ မဖြစ်မနေ ပေးကြရကြောင်း ၎င်းမိသားစုဝင်က ပြောသည်။

“သန်လျင်က အစိုးရရုံးတော်တော်များများ အဂတိလိုက်စားကြတယ်။ ဒါပေမယ့် ဘယ်သူကမှ အရေးတယူ မလုပ်ဘူး။ မြို့သားတွေက ခံနေရတာပဲ။ ကြည့်ရတာ ရန်ကုန်ပြင်ပမှာ သူ့ဟာသူ မြို့သတ်သတ်ဖြစ်ပြီး လွတ်နေတာထင်တယ်။ ဒါပေမယ့် ခုလို တရားခံတွေဆီက ပိုက်ဆံကောက်ပြီး ပျော်တာမျိုးကတော့ လွန်တာပေါ့” ဟု သန်လျင်သားတဦးက ဆိုသည်။

မြို့နယ်ဆေးရုံကြီးနှင့် ရဲစခန်းသည် ကပ်လျှက်တည်ရှိသော်လည်း ရဲစခန်းတွင် လျှပ်စစ်မီးအချိန်ပြည့် ပေးထားကာ ဆေးရုံကြီးတွင် မြို့လူထု သာမန်အိမ်များကဲ့သို့ လျှပ်စစ်မီးကို အချိန်နှင့်သာ ပေးသည်ဟု သိရသည်။

“ဆေးရုံက လူနာတယောက် အောက်စီဂျင်ပေးဖို့လိုလာရင် မီးစက်ပြေးငှားနေရတာနဲ့ လူနာ တခုခုဖြစ်ရင် မတွေးရဲစရာဘဲ။ အဲလိုအချိန်မှာ ရဲစခန်းက မီးကိုထိန်နေတာပဲ” ဟု သန်လျင်သားက ပြောပြသည်။

သန်လျင်မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးကို မြို့နယ်တွင်းရှိ ရေသန့်စက်ရုံများက တလလျှင် ကျပ် ၃ သိန်း ပေးရပြီး ထိုသို့ပေးသော စက်ရုံများ ၂၄ နာရီ မီးမှန်သည်ဟု ရေသန့်စက်ရုံဝန်ထမ်းတဦးက ပြောပြသည်။

ထိုသို့ ကျပ် ၃ သိန်း ပေးဆောင်ခြင်းက မီးစက်ကြီးများဝယ်၍ ဆီထည့်ကာ မောင်းနှင် အသုံးပြုခြင်းထက် ပိုမို တွက်ခြေကိုက်ကြောင်း သိရသည်။

သန်လျင်မြို့နယ်အတွင်း ဘောလုံးလောင်းကစား၊ နှစ်လုံးထီ၊ ချဲထီ ဒိုင်ပေါင်းများစွာ ရှိနေပြီး ထိုသူတို့မှာ သက်ဆိုင်ရာ နယ်မြေရဲကို နေ့စဉ်၊ အပတ်စဉ် ငွေပေးနေရသည်။

ထို့ပြင် သန်လျင် ရေနံချက်စက်ရုံမှ ဝန်ထမ်းအများစုမှာလည်း လုံခြုံရေး ဝန်ထမ်းများနှင့် ပေါင်းကာ ရေနံထွက် ပစ္စည်းများကို နေ့စဉ်ခိုးထုတ် ရောင်းချ လျှက်ရှိပြီး ရောင်းချရရှိသည့် ငွေကို အထက်အရာ ရှိများအား ပေး၍ ကျန်ငွေအားခွဲဝေယူကြကြောင်း ဝန်ထမ်းများက ပြောပြသည်။

“ရေနံချက်စက်ရုံမှာ အလုပ်လုပ်ရင် မြက်ရိပ်တဲ့ ဝန်ထမ်းကအစ ချမ်းသာတာပဲ။ ရေနံသူဌေးလို့ ခေါ်ကြတယ်” ဟု သန်လျှင်ရေနံချက်စက်ရုံမှ ဝန်ထမ်းတဦးက ဆိုသည်။

ယခုအခါတွင် သန်လျင်မြို့နယ် ရဲစခန်းကို တိုးချဲ့ ဆောက်လုပ်လျှက်ရှိသောကြောင့် ရဲစခန်းပြင်ပရှိ ဆိုင်ခန်းများ ဖျက်ပေးနေရသည်ဟု သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်