ယုံကြည်မှုနဲ့ အမျိုးသမီး အခွင့်အရေး

ဒီနေ့  မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ နှစ် ၁၀၀ ပြည့် ခဲ့ပါပြီ။ တကမ္ဘာလုံးမှာရှိနေတဲ့ အမျိုးသမီးတွေ ချီတက် လမ်းလျှောက်ပွဲ နဲ့ လှုပ်ရှားမှုပွဲတွေ စီစဉ်ပြီး အမျိုးသမီးနေ့ အထိမ်းအမှတ်ပွဲကို ဆင်နွှဲနေကြပေမယ့် မြန်မာပြည်မှာတော့ အမျိုးသမီးများနေ့ အတွက် ဘာအထိမ်းအမှတ်ပွဲမှ မလုပ်ခဲ့ကြပါဘူး။

women-life-01အဲဒါကြောင့် မြန်မာပြည်ရဲ့လုပ်ငန်းခွင်နယ်ပယ် အသီးသီးမှာရှိနေတဲ့ အမျိုးသမီးတွေနဲ့ ဆက်သွယ်ပြီး အခုလို နိုင်ငံတကာ အ မျိုးသမီးနေ့မှာ အမျိုးသမီး အခွင့်အရေးတွေ အကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။

အခုခေတ်မှာ အသိဉာဏ်ရှိရင် ယောကျာ်းရော ၊ မိန်းမရော အလုပ်လုပ်နိုင်တယ်ဆိုတာ သဘောမပေါက်သေးသူတွေ အများ ကြီး ရှိသေးတယ်လို့ သဘောထားလိုက်တယ်ဆိုပြီး ဆရာမ နုနုရည်(အင်းဝ) က ခွဲခြား ဆက်ဆံခံရချိန်က စိတ်ခံစားချက်ကို အခုလို ပြောပြပါတယ်။

“အမျိုးသမီးတွေကို ထမင်းချက် ၊ ကလေးထိန်း ၊ အ၀တ်လျှော် ဒီလို အိမ်ထောင်ထိန်းသိမ်းမှု လုပ်တဲ့နေရာမှာပဲ ယောကျာ်း အများစုက ထားချင်နေသေးတယ်။ ယောကျာ်းတွေနဲ့ တန်းတူ ၀င်ငွေ ရအောင်လုပ်ရတဲ့ ကိစ္စတွေ မှာ ထားဖို့ ခဲသေးတယ်။ ဒီထက်ပိုပြီး ပြောရရင် လူမှုဆက်ဆံရေး အဆင့် လို့ ခေါ်တဲ့ ရပ်ရေး ရွာရေး ၊ လူမှုရေး ကိစ္စတွေ ၊ လူထုကြားမှာ ဆုံးဖြတ်ရတဲ့ အဆုံးအဖြတ်ပေးတဲ့ ကိစ္စတွေမှာ နေရာမပေးချင်ကြသေးဘူး”လို့ ဆရာမက ဆိုပါတယ်။

အမျိုးသားတွေက အမျိုးသမီးတွေကို တန်းတူအခွင့်အရေးပေးဖို့ ၀န်လေးနေသေးတဲ့  အခြေအနေမှာရှိနေသေးတယ် လို့  လည်း ဆရာမက ဆက်ပြောတယ်။

“ဒီကနေ့ ခေတ်မှာ တချို့ အမျိုးသမီးတွေက အခွင့်အရေးတွေ ရလာပြီ။ ရနေပြီလို့ ထင်ကြပါတယ်။ ဒီလို ဘာကြောင့် ထင် တာလဲ ဆိုတော့ သူတို့ရဲ့ ကိုယ်ပိုင်မာန်ကြောင့် လို့ ပြောရမှာပေါ့။ ဆရာမ အတွေ့အကြုံ နဲ့ ပြောရရင် စာရေးဆရာ အမျိုး သမီး တယောက်အနေနဲ့ ခွဲခြား ဆက်ဆံ ခံရတာ ကြုံဖူးတာပဲ။ ဒါပေမယ့် အားငယ်တာတို့ ၊ ၀မ်းနည်းသွားတာတို့ မဖြစ်ဘဲတန်းတူ အလုပ်လုပ်နိုင်တယ် ဆိုတာ သ ဘော မပေါက်သေးပါလား သနားစရာကောင်းတယ်လို့တွေးလိုက်တယ်။ အဲဒါ Artist တ ယောက်ရဲ့ မာန် လို့ ထင် တယ်။ ဒီလိုပဲ အခွင့်အရေးတွေ ရနေပါပြီလို့ ပြောနေတဲ့ အမျိုးသမီးတွေ စိတ်ထဲမှာ ခွဲခြား ဆက်ဆံခံရ တာကို သူတို့ရင်ထဲမှာ သိပ်မကြိုက်တာရှိတုန်းပဲ မသိချင်ယောင်ဆောင်နေလိုက်တာပေါ့”လို့ ဆရာမက ပြောပြပါသေးတယ်။

ဆေးကုမ္ပဏီ တခုမှာ အရောင်းမြှင့်တင်ရေး လုပ်နေတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတဦးကလည်း လုပ်ငန်းခွင်မှာ အမျိုးသားနဲ့ အမျိုးသမီး လစာ နှုန်းထားရတာခြင်း မတူညီ သေးတာတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။

“အများဆုံးတွေ့ရတာက အလယ်အလတ်တန်း ရာထူးနဲ့ အောက်ခြေ၀န်ထမ်းခေါ်တဲ့နေရာမှာ ခွဲခြားခံရတာတွေ ပိုများတယ်။  အလုပ်တခု ခေါ်လိုက်ရင် လျှောက်တဲ့ နေရာမှာ မိန်းကလေးဦးရေက လိုတာထက် ပိုများတော့ အလုပ်ရဖို့ အခွင့်အရေးက လည်း ရဖို့နည်းတယ်။ လခပေးတာချင်းတူလို့ လစာနည်းရင် ယောကျာ်းလေးက တခြား ပန်းရံတို့ ၊ ဆိုက်ကားနင်းတာတို့ သွား လုပ်လို့ရတယ်။ မိန်းကလေးက ပေးတဲ့ လစာမလုပ်ရင် စောစောက အလုပ်တွေ သွားဝင်လုပ်လို့မရဘူး။ ဒီလို အခြေအနေ ဆို တော့ ပေးတဲ့ လစာ က ယောကျာ်းလေးနဲ့ ၃၀၀၀- ၄၀၀၀ ကွာလည်း လုပ်ရတာပဲ”လို့ သူ့ အတွေ့အကြုံကို ပြောပါတယ်။ 

မြို့ပြတွေမှာထက် တောရွာတွေမှာဆိုရင် အမျိုးသမီး ဖြစ်တဲ့အပြင် အသက်ငယ်တာကြောင့် လေးလေးစားစား ဆက်ဆံမခံရ ဘူးလို့ NGO အဖွဲ့အစည်းတခုမှာ Project Manager အနေနဲ့ လုပ်ကိုင်နေတဲ့ အမျိုးသမီးတဦးက သူ့ခံစားချက်ကို ပြောပြပါတယ်။

“ဧရာဝတီတိုင်းဘက်က ရွာတရွာကို အလုပ်တခုနဲ့ သွားတုန်းက ပထမ Project Manager က ယောကျာ်လေး သူက အလုပ် ကနားသွားတော့ ကိုယ်ကတာဝန်ယူပြီး အဆုံးသတ်ပေးရတာ။ အဲဒီ ရွာမှာ ၁ လ ခွဲလောက်သွားနေရတယ်။ ရွာသားတွေကို ရေကန်မှာ လှေကားလုပ်ဖို့နဲ့ ခြံခတ်ဖို့ အပြီးသတ်ဖို့ ပြောတော့ ကိုယ့်ကို အသက်လည်းငယ်တယ်၊ မိန်းကလေး ဖြစ်တယ် ဆိုတော့ မဖြစ်နိုင်ဘူး ဘာဖူးနဲ့ပြန်ပြောတာ။ မိန်းကလေး ဆိုတော့ မလေးစားချင်ဘူး။ အသက်ငယ်တော့ ပိုဆိုးတယ်”လို့ သူက ဆိုပါတယ်။

လက်ရှိ မြန်မာ စာနယ်ဇင်းလောကမှာဆိုရင်လည်း နိုင်ငံရေးနဲ့ ပတ်သက်တဲ့  အရေးကြီးသတင်းတွေယူဖို့ နေပြည်တော် သွားခိုင်း တဲ့ နေရာမှာ အမျိုးသား သတင်းထောက်တွေကို ဦးစားပေးလွှတ်တာ ကိုယ်တိုင်ကြုံရတော့ ကိုယ်တိုင်က ငါတို့များ မလုပ်နိုင်ဘူးလားဆိုတဲ့ အတွေးတွေ ၀င်လာစေသလို။ ယုံကြည်မှုတွေ ပျောက်ကုန်တာမျိုးဖြစ်လာစေတယ်လို့ ပြည်တွင်းဂျာနယ် အမျိုးသမီး သတင်းထောက် တဦးက ပြောပြပါတယ်။

အမျိုးသမီးသတင်းထောက်တွေ က အမျိုးသားတွေလောက် မစွမ်းဆောင်နိုင်သေးဘူးလို့ အဖွဲ့ အစည်း ခေါင်းဆောင်တွေ စိတ်ထဲမှာ သတ်မှတ်ထားတာတွေလည်း ရှိနေသေးတာ မြင်ရတယ် လို့လည်း သူ က ပြောပါတယ်။

“အရေးကြီးတဲ့ သတင်းတွေ နေပြည်တော်ကို သွားယူရမယ်ဆို ပေါ့ပေါ့ပါးပါး ယောကျာ်းလေးပဲ လွှတ်တာကောင်းပါတယ်။ တခုခုဆို ပိုလည်း မေးနိုင်တယ် ဆိုပြီး ဦးစားပေးတာမျိုးတွေ မြင်ရတယ်။ ဥပမာ- အရက် ကုမ္ပဏီက ပွဲ အတွက် သတင်းသွား ယူမယ်ဆိုရင်တောင် မိန်းကလေးက မသင့်တော်ပါဘူးဆိုတဲ့ စကားတွေထွက်လာသေးတယ်။ ပတ်ဝန်းကျင်က မိန်းကလေး တွေကို သဘောထားတဲ့ အမြင်တွေကို ကိုယ်တိုင်က ဖောက်ထွက်ဖို့လိုတယ်။ တချို့နေရာတွေမှာကျတော့ အဖွဲ့အစည်းနဲ့ လုပ်ဆောင်ရတာတွေရှိတော့ ကိုယ့်ခံစားချက်ကို စိတ်ထဲမှာပဲထားလိုက်ရတာတွေရှိတယ်”လို့ သူ က ဆိုတယ်။

သူက ဆက်ပြီး“အဲဒါကလည်း ဘာသာရေးလိုပဲ၊ အပြောင်းအလဲလုပ်ဖို့ ခက်ခဲတယ်။ မြို့ပေါ်က မိန်းကလေးတွေတောင် ဒီ လောက်ဖြစ်နေရင် နယ်မှာဆို ပိုဆိုးတာပေါ့။ လူမှုပတ်ဝန်းကျင်မှာ ကျင်လည်ပြီး ထုံးစံလိုဖြစ်နေတဲ့ အစဉ်အလာတွေကနေ ရုန်း ထွက်ဖို့လိုတယ်”လို့လည်း ပြောသေးတယ်။

တခြားနယ်ပယ်တွေမှာ ခွဲခြားမှုတွေ ဘယ်လိုရှိလဲ မသိပေမယ့် သူ လုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်မှာတော့ ခေါင်းဆောင်မှု၊ အတွင်း လုပ်ငန်းကိစ္စ အုပ်ချုပ်မှုတွေမှာ အမျိုးသားတွေကိုသာ နေရာပေးတာ တွေ့ရတယ်လို့ ရန်ကုန် အခြေစိုက် Myanmar Egress ၀န်ထမ်းတဦး က ပြောပြပါတယ်။

“အဓိက ခွဲခြားခံရတဲ့ ပြဿာနာက လစာမဟုတ်ဘူး။ ဥပမာ- အုပ်ချုပ်မှုပိုင်းမှာ အမျိုးသမီးနဲ့အမျိုးသား ယှဉ်လာရင် မန်နေဂျာ
အဆင့်မှာကအစ ယောကျာ်လေးကို ဦးစားပေးတာ။ မန်နေဂျာ အယောက်၂၀ မှာဆို အမျိုးသမီး ၁ ယောက် လောက်ပဲတွေ့ရ လိမ့်မယ်။ မိန်းကလေးတွေကလည်း ခွဲခြားမှုလို့အော်ပြီး တိုက်ကြတယ်။ ကျား၊ မ ပြဿနာလား၊ အရည်အချင်းလား၊ ယဉ်ကျေးမှုလား ခွဲရခက်”လို့ သူက ဆိုတယ်။

ယခင် ၁၀ စုနှစ်များနဲ့ နှိုင်းစာပါက Personal Level (မိသားစု အဆင့်) နဲ့ Communication Level (လှုမှုဆက်ဆံရေး အဆင့်) မှာ အမျိုးသမီးတွေ အခွင့်အရေးရရှိလာမှု တိုးတက်လာတယ်လို့ နာမည်ကျော် ရုပ်ရှင် အနုပညာရှင် အကယ်ဒမီ ဆွေဇင်ထိုက် က အခုလို ပြောပါတယ်။

“ခွဲခြားဆက်ဆံခံနေရတာတွေကို ပြောနေမယ်ဆိုရင်တော့ ဒီတိုင်းပြည်မှာ လုပ်လို့ရတာလည်း ရှိတယ်၊ လုပ်လို့ မရတာလည်း ရှိတယ်။ လုပ်လို့ မရတာကို ရိုးမယ်ဖွဲ့ မပြောတော့ဘူး။ လုပ်စရာတွေ အများကြီးရှိတယ်။ ဒီတော့ လုပ်နိုင်တာကို လုပ်နိုင်တဲ့ အ၀န်းဝိုင်းထဲကပဲ လုပ်မယ်ဆိုတဲ့ စိတ်နဲ့ပဲ ကျမတို့ ရှင်သန်ခဲ့တာ”လို့ သူက ဆိုတယ်။

အမျိုးသမီးတွေအနေနဲ့ လုပ်နိုင်တဲ့ အရည်အချင်းတွေရှိတယ်ဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရအောင်လုပ်ပြီး နိုင်ငံတကာ အဆင့် နဲ့ တကမ္ဘာလုံး အဆင့်အထိ သွားနိုင်အောင် လုပ်ဖို့ လိုတယ်လို့ ဒေါ်ဆွေဇင်ထိုက်က ဆက်ပြောပါသေးတယ်။

ဆရာမ နုနုရည်(အင်းဝ) ကတော့ အခုအခြေအနေမှာ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဘာတွေရှိတယ်ဆိုတာ မသိကြသေးတော့ ဒီကနေ ကဏ္ဍတခုအနေနဲ့ ခွဲထွက်လာတဲ့ အမျိုးသမီး အခွင့်အရေးနဲ့ ပတ်သက်တာကိုတော့ အသိမရှိသေး ဘူးလို့ ပြောပါတယ်။

“၀န်ကြီးဌာန တော်တော်များများရဲ့ ဌာနမှူး ၊ လက်ထောက်ညွှန်ကြားရေးမှူး လို နေရာတွေမှာ များသောအားဖြင့် အမျိုးသား တွေ ဖြစ်နေတာ။ ဥပမာ- စစ်ဘက်နဲ့ ပတ်သက်တဲ့ ၀န်ကြီးဌာန တွေ ၊ ရုံးတွေမှာဆို ပိုသိသာတယ်။ အစိုးရ အဖွဲ့အစည်းကိုယ် တိုင်မှာကို က ဒီလို ခွဲခြားမှုတွေ ရှိနေသေးတယ်ဆိုရင် ကုမ္ပဏီ ပြင်ပအသိုင်းအ၀န်းမှာ ပိုဆိုးတာပေါ့”လို့ လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ၀န်ထမ်း အမျိုးသမီး တဦးက ဆိုတယ်။

women-life-02အဖွဲ့အစည်းရဲ့ အရေးကြီး ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမှာ အမျိုးသားတွေရဲ့ဆုံးဖြတ်ချက်နဲ့ အကြံဉာဏ်တွေကိုပဲ အလေး ထားတာ ၊ အမျိုးသမီးတွေကို ထည့်သွင်းမဆွေးနွေးတာတွေ တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါပေမယ့် အမျိုးသမီးတွေ တန်းတူ အခွင့်အရေး ရလာဖို့ဆိုတာ ကိုယ့်ရဲ့အရည်အချင်း၊ စိတ်ဓာတ်နဲ့ ရပ်တည်မှုတွေပေါ်မူ တည် နေတယ်လို့ ရုပ်ရှင်ဒါရိုက်တာ ကြည်ဖြုသျှင်က အခုလို ပြောပါတယ်။

“ကိုယ့်ကိုယ်ကို မိန်းမတယောက်လို့ စိတ်ဖျောက်ပြီး ငါ့မှာ ယောယျာ်းတယောက်လို အရည်အချင်းရှိတယ် ဆိုပြီး တန်းတူ ရင်ပေါင်တန်း ရင်တော့ နေရာရပါတယ်။ ငါ မိန်းမပဲ မိန်းမဆိုတာ ငါယောကျာ်းတွေနောက်မှာပဲ နေရမယ်ဆိုပြီး သိမ်ငယ်စိတ်နဲ့ ရှေ့မတိုးရင်တော့ နေရာရမှာမဟုတ်ပါဘူး”လို့ ဒါရိုက်တာ ကြည်ဖြုသျှင်က ဆိုတယ်။

သူက ဆက်ပြီး“ရိုက်ကွင်းမှာဆို စက်အဖွဲ့ကအစ အကုန် ယောကျာ်းတွေကို အစ်မ အုပ်ချုပ်ရတာ။ အဲဒီအချိန်မှာ အစ်မ ကိုယ့် ကိုယ်ကိုယ် မိန်းမဆိုတာလည်း မေ့သွားတယ်။ မိန်းမ မဟုတ်တော့ဘူး၊ ခေါင်းဆောင်တယောက်ဖြစ်သွားတယ်။ အဲဒီ ယောကျာ်း တွေကလည်း အစ်မကို မိန်းမလို့ မမြင်တော့ဘူး။ သူတို့ရဲ့ခေါင်းဆောင်လို့ပဲ မြင်သွားတယ်။ အဓိက အစ်မပြောချင်တာ ဘယ်နေရာမဆိုပါပဲ။ ကိုယ့်ရဲ့စိတ်ဓာတ်၊ ရပ်တည်မှုရယ်ပေါ်မူတည်ပြီး ကိုယ့်ကို နေရာပေးကြမှာပဲ”လို့လည်း ပြောပါတယ်။

ယဉ်ကျေးမှု ၊ ဓလေ့ ထုံးတမ်းတွေအရ ဘာသာရေးနဲ့ ပတ်သက်ပြီး“ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်လို့ ဘုန်းကြီးနားမှာ မိန်းမ တယောက် နီးနီးနားနား ထိုင်နေတာ ကိုတော့ မကြိုက်ဘူး။ ဒီနေရာမှာလည်း ယောကျာ်းတွေမို့လို ရှေ့ထားတယ် မမြင်ဘူး။ ဘုန်းကြီးနဲ့ အနီးဆုံးက ယောကျာ်းတွေပဲ ရှိသင့်တယ်။ ယောကျာ်းပဲ ဖြစ်သင့်တယ်ထင်တယ်”လို့ ဒါရိုက်တာ ကြည်ဖြူသျှင် က
ပြောပြပါသေးတယ်။

စီးပွားရေး တက္ကသိုလ် ပါမောက္ခဟောင်း တဦးကတော့ အမျိုးသားတွေ အပေါ် အားကိုးချင်စိတ်က အမျိုးသမီးတွေကို နောက် ရောက် သွားစေသလို ၊ အခုအချိန်အထိ အရိုးစွဲလာတဲ့ အမျိုးသမီး ၊ အမျိုးသား ခွဲခြားမှု ထုံးတမ်းတွေကို ကျော်လွန်နိုဖို့ အမျိုးသမီးတွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ ပတ်ဝန်းကျင် ကို ဖောက်ထွက်နိုင်ဖို့  ကြိုးစားသင့်တာတွေ အပြင် ၊ ဖောက်ထွက် လာတဲ့ အမျိုးသမီးတွေကို လက်ခံပေးတဲ့ အသိုင်းအ၀န်း တွေလည်း ပိုမို လိုအပ်နေသေးတယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ကဏ္ဍပေါင်းစုံမှာအမျိုးသမီးတွေက ပမာဏအနည်းငယ်လောက် နေရာရလာနေတယ်ဆိုပေမယ့် မြန်မာ နိုင်ငံ အကျဉ်းထောင်တွေအသီးသီးမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ထဲမှာ အမျိုးသမီး နိုင်ငံရေးအကျဉ်းသား ၁၇၀ ကျော်ရှိနေတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၏ အဆို အရ သိရပါတယ်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်