ဆက်လက် ရှင်သန်နေဦးမယ့် သူ

မြန်မာ စစ်အာဏာရှင် တွေက နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲမှာ သူတို့ရဲ့လက်ကိုင်တုတ် ပြည်ထောင်စု  ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကို အတိုက်အခံလုပ် ယှဉ်ပြိုင်လာမယ့် အတိုက်အခံ နိုင်ငံရေးပါတီ ရှိမလာဖို့ စိတ်ချရအောင် လိုအပ်တာတွေ လုပ်ထားခဲ့ပါပြီ။ ဒါပေမယ့် မဲပေးပြီးတဲ့အချိန်မှာတော့ အစိုးရသစ်မှာ အဓိက ရာထူးနေရာတွေ ရယူကြမယ့် ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ရဲ့ အလိုတော်ရိတွေအဖို့ မြန်မာအသိုင်းအ၀ိုင်းက အစ်မ၊ အန်တီလို့ သိထားကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြိမ်းခြောက်မှုကို တခါပြန်ပြီး ခံကြရဦးမှာပါပဲ။ ဒါပေမယ့် အသက် ၆၅ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင်ရဲ့ ခြိမ်းခြောက်မှုဟာ ဘယ်လောက်အထိ အင်အားကြီးမား ကြောက်စရာကောင်းမယ် ဆိုတာကတော့ စောင့်ကြည့်ရပါလိမ့်မယ်။

အမည်မဖော်လိုတဲ့ အစိုးရ အရာရှိတဦးရဲ့အဆိုအရ ချမှတ်ထားတဲ့ နေအိမ်အကျယ်ချုပ်ကာလ သက်တမ်းကုန်ဆုံးမယ့် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိမ့်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စစ်အစိုးရက သူ့ကို အမှန်တကယ် လွှတ်ပေး မပေးဆိုတာကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆိုတဲ့ လူတယောက်ရဲ့ စိတ်အလိုဆန္ဒပေါ်မှာ မူတည်နေပါတယ်။

စစ်အစိုးရရဲ့ အရေးအပါဆုံး ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားလုံခြုံရေးကို တကယ်တမ်း ခြိမ်းခြောက်နေသူတဦးအဖြစ် မြင်ပါတယ်။ တကယ်လို့ သူက ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်မြာက်ပြီးတဲ့ အချိန်မှာလည်း အုပ်ချုပ်သူတွေကို ဆက်ပြီး စိန်ခေါ် အားပြိုင်နေဦးမယ်လို့ ယုံကြည်နေဦးမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို အကန့်အသတ်မရှိ ဆက်ပြီး ထိမ်းသိမ်းထားနိုင်အောင် ဟန်ဆောင်ဘန်းပြစရာတခုတော့ ရှာဖွေဦးမှာပဲဖြစ်ပါတယ်။

တကယ်လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာအာဏာကို ထိထိရောက်ရောက် အားပျော့သွားအောင် လုပ်ထားလိုက်နိုင်ပြီလို့ ယုံကြည်သွားရင်တော့ ရွေးကောက်ပွဲ ပြီးချိန်မှာ စွန့်စားပြီး လွှတ်ပေးကြည့်ပါလိမ့်မယ်။ မြန်မာပြည်သူတွေက ၀မ်းသာပျော်ရွှင်ကြပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ခြင်း သူတို့ရဲ့ မျှော်လင့်ချက်တွေကို မြှင့်တင်ပေးမယ်ဆိုတာထက် ပိုပြီးလည်း ပြည်သူတွေက  သိမှာ ဖြစ်သလို သတိရှိရှိနဲ့ အကောင်းမြင်ကြမှာပါ။

ပြည်သူလူထု စောင့်ကြည့်ကြရမယ့် အရေးအကြီးဆုံးအရာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ခရီးသွားခွင့် ပြု မပြု ဆိုတာပါပဲ။ ၁၉၉၅ ခုနှစ်မှာ လွှတ်ပေးလိုက်တုန်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က လုပ်ဖော်ကိုင်ဖက် ခေါင်းဆောင်တွေကို ရန်ကုန်နယ်နိမိတ်ပြင်ပသို့ ခရီးထွက်ခွင့် မပြုခဲ့ပါဘူး။ သူတို့က ရန်ကုန်ပြင်ပကို ခရီးထွက်ဖို့ ကြိုးစားတဲ့အခါတိုင်း ထောက်လှမ်းရေးတွေရဲ့ အနှောင့်အယှက်ပေးတာကို ခံခဲ့ရပါတယ်။

၂၀၀၃ ခုနှစ် မေလမှာတော့ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာတဲ့ ယာဉ်တန်းကို စီးနင်းတိုက်ခိုက်ဖို့ မီးစိမ်းပြခဲ့သူတွေမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ စစ်အုပ်စုခေါင်းဆောင်တွေ ပါဝင်ပတ်သက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများစွာ သတ်ဖြတ်ခံရခဲ့ရပါတယ်။

ပြည်သူလူထုက တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမယ်ဆိုရင် NLD ခေါင်းဆောင်တွေရဲ့ မဟာဗျူဟာနဲ့ အနာဂတ် အခန်းကဏ္ဍဟာ ဘယ်လိုလဲဆိုတာကို စိတ်ဝင်တစား သိချင်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အခြေခံအရ နိုင်ငံရေးမြင်ကွင်းသစ်တခုကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အနီးဆုံး မဟာမိတ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေထဲက တချို့လူတွေ သူ့အနားမှာ ရှိတော့မှာ မဟုတ်ပါဘူး။ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် တော်တော်များများက နိုင်ငံရေးကအနားယူ ဒါမှမဟုတ် ကွယ်လွန်ကုန်ကြပါပြီ။ တချို့လည်း ထောင်တွေထဲမှာ ရှိနေကြဆဲပါ။ ဒေါက်တာသန်းငြိမ်းနဲ့ ဦးခင်မောင်ဆွေတို့လို တချို့လူတွေကလည်း သူရဲ့ပါတီကို စွန့်ခွာပြီး ရွေးကောက်ပွဲဝင်ဖို့ ပါတီသစ်ဖြစ်တဲ့ အမျိုးသားဒီမို ကရေစီ အင်အားစု (NDF) ကို ထူထောင်သွားကြပါပြီ။

NLD ကနေ သူတို့ခွဲထွက်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထက်မြက်မှုနဲ့ ရိုးသားဖြောင့်မတ်မှုတွေပေါ်မှာ တလေးတစား ရှိနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ မကြာသေးခင်က ဧရာဝတီနဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဦးခင်မောင်ဆွေက NDF အနေနဲ့ မြန်မာနိုင်ငံရဲ့ဘုံရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနောက်ကို လိုက်ပါဖို့ အဆင်သင့်ရှိပါတယ်လို့ ပြောခဲ့ပြီး NDF ရဲ့ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့နာမည် သုံးစွဲခဲ့တာကို ကန့်ကွက်ခဲ့ကြတဲ့ NLD အဖွဲ့ဝင်တွေကိုလည်း ဝေဖန်ခဲ့ပါတယ်။

“တကယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေက သူ့ရဲ့နာမည်ကို လက်ဝါးကြီးအုပ်ထားချင်တယ်၊
သူ့ရဲ့အခန်းကဏ္ဍကို NLD ရဲ့ ခေါင်းဆောင်အဖြစ်ပဲ ကျဉ်းကျဉ်းမြောင်းမြောင်း ကန့်သတ်ထားချင်တယ် ဆိုရင်တော့ သူတို့မှားတာပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့နာမည်က အများပိုင်ပါ။ သူဟာ မြန်မာပြည်သူလူထု သန်း ၅၀ ကို ကိုယ်စားပြုနေပါတယ်” လို့ ဦးခင်မောင်ဆွေက ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်တဲ့ တချို့သတင်းရပ်ကွက်တွေကတော့ သူနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေဟာ လူမှုရေးနဲ့ လူသားချင်းဆိုင်ရာ ကူညီပံ့ပိုးတဲ့လုပ်ငန်းတွေမှာ ပိုပါဝင်လာနိုင်တယ်။ အထူးသဖြင့် ပညာရေးနဲ့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ဆောင်ရွက်လာနိုင်တယ်လို့ ခန့်မှန်းပြောဆိုကြပါတယ်။ အကယ်လို့များ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလမ်းကြောင်းအတိုင်း ဆက်သွားမယ်ဆိုရင်တော့ သူ့ကိုနိုင်ငံရေးအရ တိုက်ရိုက် အန္တရာယ်ပေးလာနိုင်တယ်လို့ သတ်မှတ်ထားတဲ့ စစ်ခေါင်းဆောင်တွေအတွက် စိတ်သက်သာရစေမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီလမ်းကြောင်းကို ဒေါ်အောင်ဆန်းစုကြည် လျှောက်ရင်တောင်မှပဲ ထိုးနှက်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ ရေပန်းစားလာနေတဲ့ “လူသားချင်းဆိုင်ရာ အကူအညီပေးရေး ဈေးကွက်” ကို သိမ်းပိုက်ဖို့ စစ်အစိုးရနဲ့ နီးစပ်သူတွေက ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကြိုးစားလာခဲ့ကြလို့ပါပဲ။ တကယ်တော့ ဒီဈေးကွက် ဟာ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေချဲ့ထွင်လိုကြတဲ့ နိုင်ငံတကာ အကူအညီပေးရေးအုပ်စုတွေက ဖန်တီးပေးထားတဲ့ အရာပဲ ဖြစ်ပါတယ်။ တကယ်လို့ အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ Sanctions လို့ခေါ်တဲ့ ပိတ်ဆို့မှုတွေ အပေါ်မှာထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားဟာ စစ်အစိုးရနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်လိုတဲ့ သူတို့အတွက် အန္တရာယ်ရှိမယ်လို့ တွက်ဆမိတယ်ဆိုရင် သူတို့ထဲက အချို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပိုင်တွေထက် ဗွေဆော်ဦး ဝေဖန်တိုက်ခိုက်ကြမယ့် သူတွေဖြစ်လာကြပါလိမ့်မယ်။

ဒါ့အပြင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့  မင်းကိုနိုင်၊ ကိုကိုကြီးတို့လို ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ မရှိတဲ့အချိန်မှာ အဓိက နိုင်ငံရေးလှုပ်ရှားသူ အတော်များများ မြန်မာနိုင်ငံမှာ ပေါ်ထွက်လာခဲ့ပါတယ်။ သူတို့ဟာ နိုင်ငံရပ်ခြားကို ခရီးသွားခဲ့ကြပြီး နိုင်ငံတကာအသင်းအဖွဲ့တွေနဲ့လည်း အဆက်အသွယ်ကောင်းကောင်း ရှိကြပါတယ်။ သူတို့က အရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးဖို့ ထပ်တလဲလဲ တောင်းဆိုခဲ့ကြပါတယ်။ တချို့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ သံတမန်တွေက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းကို ပြောင်းလဲဖို့ ကြိုးစားအားထုတ်မှု  တခုအနေနဲ့ တခြားမြန်မာ့နိုင်ငံရေး အင်အားစုတခု ဖြစ်ပေါ်လာစေရေးအတွက် အဲဒီသူတွေကို ကူညီပြုစုပျိုးထောင်ပေးကြပါတယ်။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးနယ်ပယ်ကို ပြန်လည်ရောက်ရှိလာခဲ့ရင် အဲဒီပုဂ္ဂိုလ်တွေဟာ ထိတ်လန့်ပြီး ဖျက်လိုဖျက်ဆီး လုပ်လာနိုင်ခြေ ရှိပါတယ်။

ဗိုလ်ချုပ်ကြီးတွေအထိ ထိုးဖောက်နိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အသွေးဟာ NLD ရဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှုမလုပ်ဖို့ ဆုံးဖြတ်ချက်ကြောင့် ဘယ်လိုသက်ရောက်မှု ရှိလာနိုင်မလဲဆိုတာကတော့ စောင့်ကြည့်ရပါဦးမယ်။ အဲဒီဆုံးဖြတ်ချက်ရဲ့ အကျိုးဆက်အဖြစ် NLD ပါတီဟာ ဖျက်သိမ်းခံရပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်တွင်းမှာရော ပြည်ပမှာပါ ကျယ်ကျယ်ပြန့်ပြန့် လူကြိုက်များတုန်းပါ။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်လိုက်မယ်ဆိုရင် အနောက် ဒီမိုကရေစီနိုင်ငံတွေ၊ ကုလသမဂ္ဂနဲ့ အာဆီယံနိုင်ငံတွေက သူတို့ရဲ့ ကြိုးပမ်းဆောင်ရွက်မှုလို့ ဆိုချင်ကြပါလိမ့်ဦးမယ်။

ဒါပေမယ့် တကယ်စစ်မှန်တဲ့ တိုးတက်မှုရဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည် တဦးတည်းကို လွှတ်ပေးရုံသာမက သံဃာတော်နဲ့ သီလရှင် အပါး ၂၀၀ ကျော် အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကိုပါ လွှတ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။

အမေရိကန်အပါအ၀င် အပြည်ပြည်ဆိုင်ရာက မြန်မာအစိုးရသစ်ကို ချဉ်းကပ်ဆက်ဆံဖို့ ပြင်ဆင်ထားကြပါပြီ။ ဒါပေမယ့် အဲဒီဆွေးနွေးပြောဆိုမှုတွေမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပါဦးမလား၊ ဒီလုပ်ငန်းစဉ်တွေကနေ ဘေးရောက်နေတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရမှာလားဆိုတာကတော့ မရှင်းလှသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးတဲ့နောက်မှာ ပထမဆုံးလှုပ်ရှားမှုဟာ အရေးကြီးပါတယ်။ တကယ်လို့ မြန်မာနိုင်ငံရေးရဲ့ ပင်မလမ်းကြောင်း ခေါင်းဆောင်အဖြစ်ပဲ ဆက်ပြီးလှုပ်ရှားဆောင်ရွက်ဖို့ ဆုံးဖြတ်မယ်ဆိုရင်တော့ ဒီမိုကရေစီ မျိုးဆက်သစ်ခေါင်းဆောင်တွေကို ပြုစုပျိုးထောင်ဖို့၊ သူ မရှိတဲ့အချိန်မှာ အတိုက်အခံ အလံတော်ကို မြဲမြဲမြံမြံကိုင်စွဲခဲ့ကြတဲ့ NLD အလုပ်အမှုဆောင်တွေကို ပြောင်းလဲပစ်ဖို့နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ် တင်ပေးဖို့၊ နိုင်ငံရေးဆန့်ကျင်ဘက်တွေ၊ သံသယဖြစ်သူတွေ၊ ဝေဖန်သူတွေနဲ့ ဆက်စပ်နိုင်ဖို့တွေ အပါအ၀င် အ၀န်းအ၀ိုင်းအတွင်း ပြုပြင်ပြောင်းလဲမှုတွေကို အလေးအနက်စီမံဖို့ လိုအပ်ပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်သုံးသပ်သူတွေကတော့ သူ့အနေနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် ထပ်ခါတလဲလဲ တောင်းဆိုခဲ့ပေမယ့် အခုအချိန်ထိ အရာမရောက်သေးတာဟာ တွေ့ဆုံဆွေးနွေရေးစကားဝိုင်းကို စစ်အစိုးရ ရောက်လာအောင် တွန်းအားပေးနိုင်ဖို့အတွက် သူ့မှာ အားမရှိလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

တချို့အတိုက်အခံတွေကတော့ အင်္ဂလိပ်နယ်ချဲ့ကို ထိထိရောက်ရောက် တော်လှန်တိုက်ထုတ်နိုင်ခဲ့တဲ့ သူ့ဖခင် လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းလို အစွမ်းအစမျိုး ဒေါ်အောင်ဆန်းစုကြည်မှာ မရှိဘူးလို့ ပြောကြပါတယ်။ တချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ပြတ်သားမှုမရှိဘူး၊ သူ့မှာ ဗိုလ်ချုပ်တွေကို အလဲထိုးနိုင်ဖို့ ကြွယ်ဝတဲ့ နိုင်ငံရေးပရိယာယ် မရှိဘူးလို့ ဆိုပြန်ပါတယ်။ သူဦးဆောင်တဲ့ အကြမ်းမဖက်လှုပ်ရှားမှုတွေ ၂၂ နှစ် ကြာလာပြီးတဲ့ အခါမှာတော့ မြန်မာပြည်ရဲ့ စစ်မှန်တဲ့ဒီမိုကရေစီ အသွင်းကူပြောင်းမှုဟာ သွေးထွက်သံယို အသွင်ကူးပြောင်းမှုမျိုးပဲ ဖြစ်လာတော့မယ်လို့ မြန်မာပြည်သူတွေ ပိုပြီး ယူဆလာကြပါတယ်။

ဒါပေမယ့် စစ်အစိုးရအား ဆက်လက်စိန်ခေါ်အံတုပြီး မတရားမှုတွေကို ဆန့်ကျင်တိုက်ဖျက်သူ၊ အမှန်တရားကို ဖော်ထုတ်ပြောဆိုသူ ဒီမိုကရေစီ သူရဲကောင်းတယောက်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို အမြဲတမ်း ရှုမြင်သွားကြလိမ့်မယ်လို့ စိတ်ချလက်ချ ပြောလို့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အစိုးရကို ဆန့်ကျင်တွန်းလှန်မှုရဲ့ အမှတ်သင်္ကေတနဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေရဲ့ မျက်နှာစာမှာ ဆက်ပြီးရှိနေဦးမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့အခြေအနေက တချို့တွန်းအားတွေကို ပေးနိုင်ခဲ့ပေမယ့် အတိတ်က အတွေ့အကြုံတွေအရ အကန့်အသတ်တော့ ရှိနေတယ်ဆိုတာကို ပြနေပါတယ်။ သူနဲ့ သူ့ရဲ့ ဒီမိုကရေစီ ဘက်တော်သားတွေအနေနဲ့ သမိုင်းအကန့်ရဲ့ အပြင်ဘက်ကို စပြီးစဉ်းစားကြရပါမယ်။ ရွေးကောက်ပွဲလွန်ကာလမှာ မြန်မာနိုင်ငံကို အပြောင်းအလဲဖြစ်လာအောင် မဟာဗျူဟာအသစ်အခုကို ဖန်တီးကြရပါလိမ့်မယ်။

အောင်ဇော်၏ 'The Lady' Lies in Wait ကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြပါသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်