ရွေးကောက်ပွဲအလွန် အသံများ

နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲအပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ကြိုတင်မဲများယူ၍ အနိုင်ရအောင်ပြုလုပ်သည့် မဲမသမာမှုများ၊ ရွေးကောက်ပွဲ ကော်မရှင်၏ ဘက်လိုက်မှုများနှင့် ယင်းတို့အပေါ် တုံ့ပြန်ချက်များကို စုစည်း ဖော်ပြလိုက်ပါသည်။

“မြန်မာပြည်ရွေးကောက်ပွဲဟာ တကယ်တော့ အရှုပ်ထုပ် အမှိုက်ထုပ်တခုပါပဲ။ စစ်အစိုးရက ဘယ်လိုမှ မှန်းလို့မရတဲ့ လူတွေဆိုတော့ နိုဝင်ဘာ ၁၃ ရက်နေ့ အမေ လွတ်မလွတ်ကတော့ စောင့်ကြည့်ရမှာပဲ။ အမေနဲ့ တွေ့ခွင့်ရမယ်ဆိုရင်တော့ မိသားစု အကြောင်းတွေပဲ ပြောဖြစ်မှာပါ”
ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်မ် အဲရစ်

“ကျနော်တို့က မဲ ၁၅၀၀၀ ရတဲ့အချိန်မှ ကြံ့ဖွံ့ပါတီကပြိုင်တဲ့ ဒေါ်လဲ့လဲ့ဝင်းဆွေက ၂၃၀၀၀ ရတော့ ရှုံးသွားတယ်။ ရှုံးတာ နိုင်တာ ဒါနိုင်ငံရေး သဘောပါပဲ။  ရှုံးသွားတာကိုလည်း လက်ခံပါတယ်။ ဒါပေမယ့် ဒီရွေးကောက်ပွဲကတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ခဲ့ဘူး။ ရွေးကောက်ပွဲ ကော်မရှင် ကိုယ်တိုင်က သူထုတ်တဲ့စည်းကမ်းကို ချိုးဖောက်ခဲ့တာတွေရှိတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင်တော့ လွှတ်တော် တနေရာကနေ၀င်ပြီး တရားဥပဒေအထက်မှာ ဘယ်သူမှ မရှိအောင် လုပ်သွားမှာ”
ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ရန်ကုန်တိုင်း တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းတင်အောင်

“ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး စစ်တွေမြို့ပေါ်မှာ နည်းနည်းအားရကျေနပ်တယ်။ ဒါပေမယ့် ကြံ့ဖွံ့ပါတီက အာဏာပိုင်တွေနဲ့ ပေါင်းပြီး ကြိုတင်မဲ ကောက်တာ၊ မဲပေးတဲ့နေ့မှာ ဥပဒေနဲ့မညီတဲ့ ကိစ္စတွေလုပ်ခဲ့တာတွေရှိတယ်။ ဒါတွေကို  ကော်မရှင်က အရေးယူတာ မရှိဘူး။ အဲဒီလို လုပ်ရပ်တွေကို စုပြီး အထောက်အထားစုံတာနဲ့ တရားဥပဒေအတိုင်း လုပ်သွားမယ်။ ဒီလိုကြားထဲက အနိုင်ရခဲ့ပေမယ့် ကော်မရှင်က နောက်ထပ် ဘယ်လိုကြေညာမယ်ဆိုတာ စောင့်ပါ့မယ်”
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၊ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း  ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်

“ရွေးကောက်ပွဲက တရားမျှတမှု လုံးဝမရှိဘူး။ မသမာမှုတွေကို မြို့တိုင်းမှာ အပြည့်ကျင့်သုံးသွားတယ်။ မမှန်မကန် လုပ်တယ် ဆိုတာကို ရွေးကောက်ပွဲရလဒ်တွေက ညွှန်ပြနေတယ်။ ရွေးကောက်ပွဲမှာ မသမာမှု ဘယ်လိုလုပ်တယ်။ ကြိုတင်မဲ ဘယ်လို ကောက်တယ်။ ရွေးကောက်ပွဲ ဥပဒေကို ဘယ်လိုဖောက်ဖျက်တယ်ဆိုတဲ့ မှတ်တမ်းတွေစုပြီး ပြည်ထောင်စု ကော်မရှင်ကို တင်မယ်။ မဲလိမ်တာတွေရှိတော့ ကြံ့ဖွံ့ပါတီနိုင်ဖို့ ၉၀ ရာခိုင်နှုန်း နိုင်တယ်ပြောနေကြတာတွေက ဖြစ်နိုင်ခြေရှိတယ်”
အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ

“ပြိုင်ဘက် NDF ပါတီကို ရှုံးသွားတာ။ တယောက်က ဒေါ်စုကို အသုံးချသွားတယ်။ တယောက်က ကြိုတင်မဲကို အသုံးချ သွားတယ်။ ပြည်သူလူထုကတော့ မီးပျက်နေတယ်”
ဒီမိုကရက်တစ်ပါတီ၊ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နရီဗဆွေ

“ပါတီတွေ ရွေးကောက်ပွဲဝင်တယ်။ အခု သူတို့ကိုယ်တိုင် မတရားလုပ်တာခံရတယ်။ ဒီပုဂ္ဂိုလ်များအနေနဲ့က အရွေးခံရရင်လည်း လွှတ်တော်ထဲ ကုပ်ကုပ်ကလေး ၀င်ထိုင်နေမယ်၊ အရွေးမခံရရင်လည်း နောက်ကျင်းပမယ့်  ရွေးကောက်ပွဲမှ ထ၀င်မယ်၊ အခုတော့ ပါတီဌာနချုပ်မှာ ခွေခွေလေး အိပ်နေလိုက်ဦးမယ် ဆိုတာမျိုး မဖြစ်သင့်ဘူး။ ဒီမတရားမှုတွေကို စာရင်းဇယား ပြုစုခြင်း၊ ခိုင်လုံတိကျတဲ့ အစီရင်ခံစာတွေ ပြုစုခြင်းတွေလုပ်ပြီး ကမ္ဘာကသိအောင် လုပ်ဖို့အထိ ရှိတယ်” 
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ

“နယ်မြေ ၄ ခုမှာ ၃ ခုက ကိုယ့်ကို ထောက်ခံခဲ့မဲ ရခဲ့တယ်။ ဒါပေမယ့် စာရင်းလည်း ပိတ်လိုက်ရော အမှတ်တွေက အရမ်းကို ကွာသွားတယ်။ ကိုယ့်ကိုဘယ်လို ထောက်ခံခဲ့တယ်ဆိုတာ သိပေမယ့် မဲရုံမှာ ကိုယ်စားလှယ်တွေ မထားနိုင်တာ၊ မဲ ရေတဲ့အချိန်မှာ ကိုယ့်ကို မခေါ်တာ ဒီလိုဆိုတော့ သူတို့ လုပ်ချင်တိုင်း လုပ်လို့ရသွားတာပေါ့။ မတရားဆုံး ရွေးကောက်ပွဲ တခုပဲ။ နိုင်သွားတဲ့ ပါတီအနေနဲ့ သိက္ခာရှိရှိဖြစ်ချင်တယ်ဆိုရင်တော့ အရပ်သားအစိုးရ ပီပီပြင်ပြင် လုပ်ပေးခဲ့မယ်ဆိုရင်တော့ ကောင်းမယ်”
ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ မန္တလေးတိုင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်သန်းသန်းနု

“ပေးလိုက်တာ ဒေါင်း၊ ထွက်လာတာ ခြင်္သေ့ ဘယ်လိုဖြစ်တာလဲလို့ မဲထည့်တဲ့ လူတွေကမေးကြတယ်။ ကြိုတင်မဲတွေ အန်တီ မကြောက်ဘူး။ ဘာလို့လဲဆို ကိုယ့်ကိုယ် ထောက်ခံတဲ့လူ ဘယ်လောက်ရှိနေလဲကို သိနေတယ်လေ။ ဒါပေမယ့် မဲရုံမှူးက မဲပုံးကို အိမ်သယ်သွားပြီး ပက်ပက်စက်စက်မဲ ခိုးတယ်။ တချို့မဲရုံတွေမှာ ဖွင့်တောင် မဖွင့်ရသေးဘူး မဲပုံးထဲမဲက ရောက်နေပြီ။ ဒီအတွက် နေပြည်တော်အထိတက်ပြီး တိုင်ဖို့လုပ်မယ်”
ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ပဲခူးတိုင်း သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချိုချိုကျော်ငြိမ်း

“မမျှတတဲ့ ရွေးကောက်ပွဲတခုပေမယ့် ရွေးကောက်ပွဲရလဒ်က  နိုင်ငံရေး စိတ်မ၀င်စားတဲ့လူတွေကို စိတ်ဝင်စားအောင် လုပ်လိုက်နိုင်တယ်။  အဲဒါက ဒီမိုကရေစီ အင်အားစုတွေရဲ့ အမြတ်ပေါ့။ ဒေါ်အောင်ဆန်းစုကြည် လွတ်မယ်ဆိုရင် ကျနော်တို့ သွားနေတဲ့ လမ်းကြောင်းနဲ့ ပူးပေါင်းလို့ရရင်တော့ တူတူသွားမယ်”
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင် ဦးနေမျိုးဝေ
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်