ရနောင်းရှိ မြန်မာလိင်အလုပ်သမများ ဖမ်းဆီးခံရ

E-mail Print
ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့၌ လိင်ဖျော်ဖြေရေး အလုပ်လုပ်နေသည့် မြန်မာ မိန်းကလေး ၃၉ ဦးကို ထိုင်း လူဝင်မှု ကြီးကြပ်ရေးနှင့် စစ်တပ်ပူးပေါင်း အာဏာပိုင်များက ယခုလ ၂၈ ရက်နေ့တွင် ဖမ်းဆီးလိုက် ကြောင်း သိရသည်။

အဆိုပါ မိန်းကလေးများအား ထိုင်းလူဝင်မှု ကြီးကြပ်ရေး (လ၀က)နှင့် နယ်မြေခံ စစ်တပ်အပါဝင် အင်အား ၄၀ ခန့်က ဒေသခံများ၏ သတင်းပေးမှုဖြင့် နေအိမ်များတွင် ၀င်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အမည် မဖော်လိုသော ရနောင်းဒေသခံ တဦးက“သူတို့က နေတော့ ရက်ကွက်ထဲမှာပဲ နေတယ်။ အိမ်ခန်းငှားပြီးတော့ နေကြတယ်။ အဲဒီလိုငှားပြီး နေတာကို ထိုင်းဘက်က မလိုလားဘူး ပေါ့နော်၊ အဲဒီအပိုင်းနဲ့ ပတ်သက်ပြီးတော့ ဖမ်းတာဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။   

ယခု ဖမ်းဆီးခံရသော မိန်းကလေးများသည် အသက်၂၀ မှ ၃၀ အရွယ်ရှိကြကြောင်း သိရသည်။  

ယင်းသို့ ဖမ်းဆီးမှုမျိုး ယခင်ကလည်း မကြာခဏ ဖြစ်ပွားခဲ့ပြီး ပြန်လွတ် လာသူများမှာ နဂိုအလုပ်ကိုပင် ဆက်လက် လုပ်ကိုင်နေကြသည် ဟုလည်း ရနောင်း ဒေသခံက ပြောဆိုသည်။

အဖမ်းခံရသူများကို လူဝင်မှုကြီးကြပ်ရေးက စစ်ဆေးခဲ့ရာ နယ်စပ်ဖြတ်ကျော်ခွင့် ယာယီ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူ ၂၂ ဦး ထဲမှ ၅ ဦးသည် သက်တမ်း ကုန်နေကြောင်း၊ တရားမ၀င် လာရောက် လုပ်ကိုင်နေသူ ၁၇ ဦးပါဝင်ကြောင်း ဧပြီ ၂၈ ရက်က Inn News ၀က်ဆိုက်တွင် ထိုင်းဘာသာဖြင့် ဖော်ပြထားသည်။  

အသက်၂၀ အရွယ်ရှိ လိင်ဖျော်ဖြေရေး အလုပ်လုပ်သူ မြန်မာ မိန်းကလေး တဦးက “ရန်ကုန်က လာတာပါ၊ ရနောင်းမြိ့ပေါ်မှာ လာရောက် နေထိုင်နေတာ ၆ နှစ်ရှိပြီး တစ်ညကို ဧည့်သည် ၈ ယောက်ကနေ ၁၀ ယောက် လောက်ရတယ်။ ၀င်ငွေကတော့ ခန့်မှန်းခြေ တစ်ညကို ဘတ်ငွေ ၂၀၀၀ – ၃၀၀၀ လောက်ရတယ်”ဟု ပြောဆို ကြောင်း အဆိုပါ Inn News ၌ ရေးသားထားသည်။

အဖမ်းမခံ ရစေရန် ဒေသခံ အာဏာပိုင်များအား တစ်ညလျှင် ဘတ် ၁၈၀ ပေးရကြောင်းလည်း ၎င်းသတင်း၌ ရေးသားထားသည်။

ယခုဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ရနောင်း (လ၀က) ရုံးသို့ ဧရာဝတီက စုံစမ်းမေးမြန်းခဲ့ရာ အမည်မဖော်လိုသည့် ရုံးတာဝန်ကျ ရဲတစ်ဦးက ဖမ်းဆီးထားသူများအား အမှုစစ်ဆေးရန် ဆောင်ရွက်နေကြောင်း ပြန်လည် ဖြေကြားသည်။

“သူတို့ကို ရဲစခန်းအချုပ်ကြီးမှာ ထားရှိပါတယ်။ အမှုစစ်ဆေးဖို့ အတွက် ဆောင်ရွက်နေတယ်”ဟု ၎င်းက ပြောသည်။

ယခုလ၂၅ ရက်နေ့ထုတ် စစ်အစိုးရ မြန်မာ့အလင်း သတင်းစာတွင် ထိုင်းနှင့် မြန်မာ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာကို နှစ်နိုင်ငံ တာဝန်ရှိသူများ လက်မှတ် ရေးထိုးကြကြောင်း ဖော်ပြထားသည်။

ယင်း လက်မှတ် ရေးထိုးပွဲသို့ မြန်မာဘက်က လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဌ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်မောင်ဦး တက်ရောက်၍ ထိုင်းနိုင်ငံ လူမှုဝန်ထမ်းနှင့် လူမှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး Mr. Issara Somchai တို့ တက်ရောက် ကြကြောင်းလည်း သတင်းစာတွင် ရေးသားထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်