ဒေါ်စု ဆေးကုသခွင့် မရသေး

E-mail Print
နေအိမ်အကျယ်ချုပ် ချခံထားရသော ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးသည် လွန်ခဲ့သည့် သောကြာနေ့ နောက်ပိုင်းမှ ယနေ့အထိ အခြေအနေ တစုံတရာမသိရှိရသေးကြောင်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မိသားစု ဆရာဝန်ဒေါက်တာ တင်မျိုးဝင်း၏ လက်ထောက် ဒေါက်တာ ပြုံးမိုအိ သွားရောက် ဆေးကုသခဲ့သည့် ဧပြီလ၈ရက် (သောကြာနေ့) အခြေအနေများကိုသာသိရှိရပြီး ဒေါ်အောင်ဆန်းစုကြည်၏ နောက်ဆက်တွဲ ကျန်းမာ ရေးအခြေအနေကို ယနေ့အထိ မသိရှိရသေးကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဧရာဝတီ သို့ပြောသည်။  

အဆိုပါ ဒေါက်တာ ပြုံးမိုအိ သွားရောက်ခဲ့သည့် နေ့က ဒေါ်အောင်ဆန်းစုကြည်သည် သွေးအားနည်းပြီး အားဆေး သွင်းရသည်ဟူသော အခြေအနေကိုသာ သိရှိရခြင်းဖြစ်၍ စိုးရိမ်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းသော်လည်း အာဏာပိုင်များ ဘက်က တုန့်ပြန်ပြောဆိုမှုမပြုဘဲ လျစ်လှူ ရှုထားသည်ဟုလည်း ဦးဉာဏ်ဝင်းက ဆိုသည်။

ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေနှင့် ပတ်သက်ပြီး NLD ရုံးချုပ်၌ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း၊ အသေးစိတ်ကိုမူထုတ်ဖော်ပြောဆိုခြင်းမပြုနိုင်သေးကြောင်းလည်း ၎င်းက ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး လစဉ်စစ်ဆေးကုသပေးနေရသည့် ဒေါက်တာတင်မျိုးဝင်း သည် လွန်ခဲ့သည့်အပတ် ကြာသပတေးနေ့၌ အာဏာပိုင်များ၏ဖမ်းဆီးထိန်းသိမ်းခြင်းခံရ၍ ယခုကဲ့သို့ ဒေါက်တာ ပြုံးမိုအိ က ကိုယ်စား သွားရောက် ဆေးကုသမှုပြုလုပ်ရခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ဒေါက်တာတင်မျိုးဝင်းအား ဖမ်ဆီးမှုသည် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည့် ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်သို့ တိတ်တဆိတ်ဝင်ရောက်သောကြောင့် ဖမ်းဆီးလိုက်သည်ဟူသော  အမေရိကန်နိုင်ငံသား John William Yeattaw ဖမ်းဆီးခံရသည့် ရက်နှင့် တရက်တည်းဖြစ်ပြီး မည်သည့်အတွက် ဖမ်းဆီးသည်ကို မသိ ရှိရပေ။

ယင်း ဖမ်းဆီးမှုသည် အဆိုပါ အမေရိကန်နိုင်ငံသားနှင့် ဆက်စပ်ခြင်း ရှိမရှိ မသိရသေးသော်လည်း ယမန်နှစ်က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ နိုင်ငံခြားသားတဦးက လုံခြုံရေး တပ်ဖွဲ့ဝင်များကို လာဘ်ငွေပေးပြီး ဝင်ရောက်ရန် ကြိုးစားခဲ့သဖြင့် ဒေါက်တာတင်မျိုးဝင်းက အာဏာပိုင်များထံ တိုင်ကြားခဲ့ဖူးကြောင်း NLD ပါတီဝင် များ၏ ပြောပြချက်အရသိရသည်။

ဒေါက်တာ တင်မျိုးဝင်းအား မည်သည့် နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း ယခုအချိန်အထိ မသိရှိရသေး ကြောင်း မိသားစုဝင်တဦးက ပြောသည်။

ဒေါက်တာ တင်မျိုးဝင်း၏ မိသားစုဝင်မမီးက“ လာခေါ်တုန်းကတော့ ပြည်ထဲရေးလို့ပြောတာပဲ၊ အခုဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရဘူး”ဟု ဧရာဝတီသို့ပြောသည်။

လွန်ခဲ့သည့် မေလ ၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်နှင့်ပတ်သက်သည့် အယူခံလွှာ ကို စစ်အာဏာပိုင်များက ပယ်ချခဲ့ပြီးနောက် ယခုကဲ့သို့ အမေရိကန်နိုင်ငံသား ဖမ်းဆီးခံရမှု၊ ဒေါက်တာ တင်မျိုး ၀င်းအား ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပေါ်လာခြင်းလည်းဖြစ်သည်။

အဆိုပါ အယူခံလွှာကို လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၉ ရက် နေ့တွင် နေပြည်တော်သို့ တင်သွင်းခဲ့ သည်။  

အယူခံလွှာတွင် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပုဒ်မ ၁၀(ခ)အရ အရေးယူထားသည်မှာ ဥပဒေနှင့် ညီမညီ၊ အရေးယူထားသည့်ကာလမှာ ဥပဒေနှင့် ညီမညီ၊ အတူနေ ဒေါ်ခင်ခင်ဝင်း သားအမိ အနေနှင့် တားဆီးမိန့် အကျုံး ၀င် မ၀င်၊ ကျန်းမာရေးနှင့် ပတ်သက်၍ မိသားစုဆရာဝန်နှင့် ပုံမှန်ဆေးစစ်ခွင့်၊ ရှေ့နေဦးကြည်ဝင်း အတွက်လက် ထောက်ရှေ့နေ ထပ်မံငှားရမ်းခြင်း စသည့် အချက်များပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ကျော်ပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍နေ အိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်