ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ပုံမှန်စစ်ဆေးရန်လိုအပ်

E-mail Print
နေအိမ်အကျယ်ချုပ် ချခံထားရသော ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေ ပြန်ကောင်းမွန်လာ သော်လည်း ရေရှည်ကျန်းမာရေး အတွက် စစ်ဆေးရန် လိုအပ်နေသေး ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြောသည်။     

မိသားစု ဆရာဝန်ဒေါက်တာ တင်မျိုးဝင်း၏ လက်ထောက် ဒေါက်တာ ပြုံးမိုအိသည် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းမှစတင်၍ ၄ နာရီခန့်ကြာ သွားရောက်ဆေးကုသခွင့် ရခဲ့သည်ဟု NLD ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောဆိုသည်။      

“ဒေါ်စုရဲ့ကျန်းမာရေး အခြေအနေတိုးတက်ပါတယ်၊ အခုအချိန်ထိဘာမှ စိုးရိမ်စရာမရှိပါဘူး၊ နည်းနည်းတော့ သက်သာလာပါပြီ၊ ဒါပေမယ့် ရေရှည်တော့ ကျန်းမာရေး စစ်ဆေးဖို့လိုအပ်တယ်လို့ ဆရာဝန်က ပြောပါတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။  

အဆိုပါ ဒေါက်တာ ပြုံးမိုအိ ဆေးကုသခွင့်ရခဲ့သော မေလ ၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်သည် သွေးအား နည်းပြီး အားဆေး သွင်းရသည်ဟူသော အခြေအနေကိုသာ သိရှိရခြင်းဖြစ်၍ စိုးရိမ်မှုများလည်း ဖြစ်ပေါ်ခဲ့ပြီး (၂)  ရက်အကြာ အစိုးရအာဏာပိုင်များက ထပ်မံတွေ့ခွင့်ပေးခဲ့ခြင်းဖြစ်သည်။
 
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေအား လစဉ်စစ်ဆေး ကုသပေးနေရသည့် ဒေါက်တာတင်မျိုး ဝင်းသည် လွန်ခဲ့သည့် အပတ် ကြာသပတေးနေ့၌ အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရ၍ ယခုကဲ့သို့ ဒေါက်တာ ပြုံးမိုအိက ကိုယ်စားသွားရောက် ဆေးကုသမှုပြုလုပ်ရခြင်းဖြစ်သည်။

အဆိုပါ ဒေါက်တာတင်မျိုးဝင်း ဖမ်ဆီးမှုသည် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည့် ဒေါ်အောင်ဆန်းစု ကြည်၏ နေအိမ်သို့ တိတ်တဆိတ်ဝင်ရောက်သောကြောင့် ဖမ်းဆီးလိုက်သည်ဟူသော  အမေရိကန်နိုင်ငံသား John William Yeattaw ဖမ်းဆီးခံရသည့် ရက်နှင့် တရက်တည်းဖြစ်ပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည် ကိုမသိ ရှိရပေ။

ဒေါက်တာ တင်မျိုးဝင်းအား မည်သည့် နေရာတွင် ထိန်းသိမ်းထားသည်ကို အစိုးရအာဏာပိုင်များက အကြောင်း ကြားခြင်းမရှိသကဲ့သို့ ယခုအချိန်အထိအခြေအနေ တစုံတရာ မသိရှိရသေးကြောင်း မိသားစုဝင်တဦးက ပြော သည်။

ယင်း ဖမ်းဆီးမှုသည် အဆိုပါ အမေရိကန်နိုင်ငံသားနှင့် ဆက်စပ်ခြင်း ရှိမရှိ မသိရသေးသော်လည်း ယမန်နှစ်က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ နိုင်ငံခြားသားတဦးက လုံခြုံရေး တပ်ဖွဲ့ဝင်များကို လာဘ်ငွေပေးပြီး ဝင်ရောက်ရန် ကြိုးစားခဲ့သဖြင့် ဒေါက်တာတင်မျိုးဝင်းက အာဏာပိုင်များထံ တိုင်ကြားခဲ့ဖူးကြောင်း NLD ပါတီဝင် များ ပြောပြချက်အရ သိရသည်။

အေပီသတင်း တရပ်က John William Yeattaw သည် မနှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တိတ်တဆိတ် တွေ့ဆုံခဲ့ပုံရသည်ဟု ထင်ကြေးပေးရေးသားခဲ့သည်။ ထိုသို့ဖြစ်ခဲ့ပါက စစ်အစိုးရက ဒေါ်အောင်ဆန်း စုကြည် ကို တရားရုံးတင် အပြစ်ပေးနိုင်ကြောင်းလည်း ထင်ကြေးပေး ပြောဆိုမှုများ ရှိခဲ့ကြောင်း သိရသည်။  

ထိုအပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းအား ဖမ်းဆီးထိန်း သိမ်းလိုက်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် အလွန်စိုးရိမ် ပူပန်ကြောင်း၊ ဒေါက်တာ တင်မျိုးဝင်းအား အမြန်ဆုံးပြန်လည်လွှတ်ပေး၍ ဒေါ်အောင်ဆန်းစုကြည်ကို ဆေးကုသခံယူခွင့်ပေးရန် စစ်အစိုးရ ကို တောင်းဆို တိုက်တွန်းလိုက်ကြောင်း ယမန်နေ့က ထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် ကျခံနေရသည့်နှစ်ပတ်လည်ချိန်လည်း ဖြစ်သည့်အတွက် ၎င်း အား အမြန်ဆုံး ပြန်လည်လွှတ်ပေးရန်နှင့် နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ကိုပါပြန်လည်လွှတ်ပေးရန်အတွက် နိုင်ငံတကာ အသိုင်းအ၀န်းနှင့်အတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက စစ်အစိုးရသို့ တိုက်တွန်းတောင်း ဆို လိုက်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

လွန်ခဲ့သည့် မေလ ၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်နှင့်ပတ်သက်သည့် အယူခံလွှာ ကို စစ်အာဏာပိုင်များက ပယ်ချခဲ့ပြီးနောက် ယခုကဲ့သို့ အမေရိကန်နိုင်ငံသား ဖမ်းဆီးခံရမှု၊ ဒေါက်တာ တင်မျိုး ၀င်းအား ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပေါ်လာခြင်းတို့ဖြစ်သည်။

အဆိုပါ အယူခံလွှာကို လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၉ ရက် နေ့တွင် နေပြည်တော်သို့ တင်သွင်းခဲ့ သည်။  

အယူခံလွှာတွင် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပုဒ်မ ၁၀(ခ) အရ အရေးယူထားသည်မှာ ဥပဒေ နှင့် ညီမညီ၊ အရေးယူထားသည့်ကာလမှာ ဥပဒေနှင့် ညီမညီ၊ အတူနေ ဒေါ်ခင်ခင်ဝင်း သားအမိ အနေနှင့် တားဆီးမိန့် အကျုံး ၀င် မ၀င်၊ ကျန်းမာရေးနှင့် ပတ်သက်၍ မိသားစုဆရာဝန်နှင့် ပုံမှန်ဆေးစစ်ခွင့်၊ ရှေ့နေဦးကြည်ဝင်း အတွက်လက် ထောက်ရှေ့နေ ထပ်မံငှားရမ်းခြင်း စသည့် အချက်များပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ကျော်ပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေ အိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်