နှစ် ၁၅၀ ပြည့် မန္တလေးကို ခမ်းခမ်းနားနား ကျင်းပမည်

E-mail Print
မန္တလေးမြို့ နှစ် ၁၅၀ ပြည့် အထိမ်းအမှတ် ပွဲတော်ကြီး ကျင်းပရန် မန္တလေးမြို့သူ မြို့သားများက အသင့်ဖြစ်နေကြသည်။ ပွဲတော်ကို ကြာသပတေးနေ့မှ စနေနေ့အထိ ပြုလုပ်မည် ဟု သိရသည်။

“မန္တလေး - ရတနာပုံ မြို့တည် နန်းတည် နှစ် ၁၅၀ပြည့် အခမ်းအနား” ဖွင့်ပွဲ ပြုလုပ်သည့်အခါ မြို့တော် စည်ပင်သာယာရေး ကော်မတီ ရုံး ရှေ့ရှိ မဟာမင်္ဂလာမဏ္ဍပ်မှ စတင်ပြီး  နန်းဝတ်၊ နန်းစားတို့ဖြင့် ဝင်းခင်းကာ မန္တလေး မြို့ တည်ခဲ့ပုံကို သရုပ်ဖော်သွားမည်ဟု သိရသည်။

မန္တလေးမြို့တော်ကြီးကို မြန်မာဘုရင် မင်းတုန်းမင်းက ၁၂၂၁ ခုနှစ် ကဆုန်လပြည့်ကျော် ၆ ရက် (၁၈၅၉၊ မေလ) တွင် တည်ခဲ့ခြင်း ဖြစ်သည်။ မင်းနေပြည်တော်ကို အမရပူရမှ မန္တလေးမြို့သို့  ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ပြီး ထိုအချိန့်က မန္တလေးကို ရတနာပုံ နေပြည်တော်ဟု ခေါ်ဝေါ်ခဲ့သည်။

မန္တလေးကို တည်ထောင်ခဲ့သူ မင်းတုန်းမင်း၏ ပုံတူ ကြေးရုပ်ကို သွန်းထုထားပြီး ရုပ်တု ဖွင့်ပွဲ နှင့် မော်ကွန်း ကဗ္ပည်း ကျောက်စာတော် ဖွင့်ပွဲ အခမ်းအနားကို ကြာသပတေးနေ့တွင် ကုသိုလ်တော် ဘုရား အနီး ပြုလုပ်မည် ဖြစ်ကြောင်းလည်း သိရသည်။

ကျောင်းသူ၊ ကျောင်းသားများ ပါဝင်သည့် ဖွင့်ပွဲ အခမ်းအနား အစမ်း လေ့ကျင့်ပွဲကို ယနေ့ ပြုလုပ်ခဲ့ကြောင်းလည်း မြို့ခံများက ပြောသည်။

မြန်မာ့ ယဉ်ကျေးမှု၊ ဂီတ၊ အနုပညာ ပြပွဲများ အဖြစ် ရွှေမန်းတောင် အားကစားကွင်းတွင် စင်တင် တေးဂီတ၊ မြန်မာ့ ရိုးရာ သိုင်းပညာ၊ ခြင်းလုံး စသည့် အလှပြပွဲ နှင့် ပြိုင်ပွဲများ၊ ဗထူး အားကစားကွင်းတွင်  ရိုးရာ လက်ဝှေ့ပြိုင်ပွဲ၊ အမျိုးသား ကဇာတ်ရုံတွင် ရိုးရာ ဝတ်စား ဆင်ယင်မှု ပြိုင်ပွဲ၊ ဗလမောင်ပြိုင်ပွဲတို့ ပြုလုပ်ကြမည် ဖြစ်သည်။

မြို့တော်ခန်းမတွင် ရွှေချည်ထိုး၊ ပန်းချီ၊ ပန်းပု၊ ဓာတ်ပုံ စသည့် ပြပွဲများ၊ မန္တလေး တောင်ခြေတွင်လည်း ဇာတ်ပွဲ၊ အငြိမ့်ပွဲ၊ ရုပ်သေး၊ ကြည့်ချင်ပွဲ စသည့် ဖျော်ဖြေပွဲများ ကျင်းပသွားမည် ဖြစ်သည်။

ရတနာပူရ ခန်းမတွင် “မန္တလေး စာပေပညာရှင်များ၏ မန္တလေးရပ်ဝန်း စာပေဖြစ်တည်မူ သင်္ကေတ အထောက်အထားများ ပြပွဲ နှင့် စာအုပ် ရောင်းချပွဲ” ကျင်းပမည်ဟု သိရသည်။

“ ဒီပွဲမှာ မန်းရာပြည့်က လှုပ်ရှားခဲ့တဲ့ ပစ္စည်းတွေ၊ ပို့စ်ကတ်တွေ ပြမယ်။ မန္တလေးက အမျိုးသား စာပေဆုရ စာအုပ်တွေ တင်မယ်။ ရှားပါးတဲ့ ပုရပိုဒ် တွေ ပြမယ်။ ကွယ်လွန်ပြီးဖြစ်တဲ့ မန္တလေးက ထင်ရှားတဲ့ စာရေးဆရာတွေရဲ့ အကြောင်းတွေ၊ မန္တလေး အကြောင်းရေးတဲ့ ရှေးက စာအုပ်၊ လက်ရှိ စာအုပ်တွေ၊ မြို့မစိန်ရတု၊ ရွှေရတု စတဲ့ မဂ္ဂဇင်း စာအုပ်တွေကိုလည်း လက်လှမ်း မီသလောက် ရှာဖွေ ပြသနိုင်ဖို့ ပြင်ဆင်နေပါတယ်” ဟု ထွန်းဦးစာပေတိုက်မှ ဦးထွန်းဦးက ပြောသည်။

မေလ ၁ ရက်မှ စတင်ပြီး အကြို ပွဲတော်အဖြစ် “မန္တလေး အနု ပညာ ပုံရိပ် ပွဲတော်” ကို မန္တလေးရှိ စာပေ၊ သဘင်၊ ဂီတ၊ အနုပညာရှင်များ ပူပေါင်းကာ အမျိုးသား ကဇာတ်ရုံ တွင် ၃ ရက်တိုင် ကျင်းပခဲ့သည်။

တနင်္ဂနွေနေ့ကလည်း မန္တလေးမြို့ဂုဏ်ဆောင် မြို့မ တေးဂီတ အဖွဲ့က “ရွှေမန္တလေးည” အမည်ရှိ တေးဂီတ ဖျော်ဖြေပွဲကြီးကို မန္တလေးရှိ အမျိုးသားဇာတ်ရုံတွင် တင်ဆက်ခဲ့သည်။ ထိုတင်ဆက်မှုတွင် နိုင်ငံကျော် မြန်မာသံ အဆိုတော်ကြီးများ ပါဝင်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်